ပေါင်းတော်ချုပ် ဆရာတော်
ပေါင်းတော်ချုပ်ဆရာတော် ပရ၀ုဏ်ရှိ စေတီတော်
ပေါင်းတော်ချုပ် ဆရာတော် တည်ထားခဲ့သော မဟာဗောဓိစေတီတော်
ပေါင်းတော်ချုပ် ဆရာတော် တည်ထားခဲ့သော မဟာဗောဓိစေတီတော်
ဂန္ဓကုဋီတိုက်
ပေါင်းတော်ချုပ်ဆရာတော်၏ ကိုယ်ရေးမှတ်တမ်းကျောက်စာ
ပေါင်းတော်ချုပ
်ဆရာတော်၏ ကိုယ်ရေးမှတ်တမ်း
ဆရာတော်သည် အဘ ဦးပန်းဖြူ ၊ ဒေါ်လှလေး တို့မှ
ဖွားမြင်ခဲ့ပါသည်။
မွေးချင်း ( ၃ ) ဦးအနက် ဒုတိယမြောက်
သားရတနာဖြစ်ပါသည်။ မွေးချင်း ( ၃ ) ဦးမှာ မောင်ချိတ်
၊ မောင်ထွန်းစိန် နှင့် မောင်ထွန်းလှ
တို့ ဖြစ်ပါသည်။ မောင်ထွန်းစိန်မှာ ပေါင်းတော်ချုပ်
ဆရာတော်ဘုရား ဖြစ်လာပါသည်။
ဆရာတော်ကို ( ၁၂၆၁ ) ခုနှစ် ၊ တပို့တွဲလဆန်း ( ၁၂ ) ရက်
၊
စနေနေ့ ၊ ခရစ်သက္ကရာဇ် ( ၁၉၀၀ ) ပြည့်နှစ် ဖေဖော်ဝါရီ ( ၁၀ ) ရက်
၊ ( ၁၀.၂.၁၉၀၀ )ပြည့်နှစ်တွင်
မွေးဖွားသန့်စင်လာပါသည်။
( ၁၂၈၆ ) ခုနှစ်တွင် ဆရာတော်သည် ညောင်တုန်းမြို့နယ်
ဂံကျောင်းဆရာတော်
ဦးဓမစာရိတ္တ၀ဏ္ဏဆရာတော်ကို ဥပဇ္ဈယ်ပြု၍
ရဟန်းဘ၀သို့ ရောက်ရှိတော်မူခဲ့ပါသည်။ ( ၁၅ )
ဝါ
ရရှိပြီးသည့်အချိန်တွင် ဆရာတော်သည် တောရဆောက်တည်ရန်
ကျိုက်ထီးရိုးဘုရားသို့ ထွက်ခွာတော်မူခဲ့ရာ
ကျိုက်ထီးရိုးသို့
မရောက်ရှိခဲ့ဘဲ ရန်ကုန်မှ
တွံတေး သို့ ပြေးဆွဲနေသော
သဘောင်္နှင့်စီးလာရာ တွံတေးမြို့မရောက်မှီ
တာဝသဘောင်္ဆိပ်သို့
ရောက်ရှိခဲ့ပြီး ထိုမှ တစ်ဆင့် မော်တော်ကားဖြင့်
ကွမ်းခြံကုန်းမြို့နယ် ကသစ်ကုန်းရွာသို့
ရောက်ရှိခဲ့ပါသည်။
၎င်းရွာသို့ ရောက်ရှိသည့်အခါတွင် ၀ါဆိုလပြည့်ကျော် ( ၁ ) ရက် ၊
ဝါဆိုချိန်ဖြစ်နေသည့်အတွက်ကြောင့်
ရဟန်းလူထွက်ဒကာကြီး ဦးပုည
ဥယျာဉ်ခြံတွင် ၀ါဆိုပြီး သီတင်းသုံးနေထိုင်ရန် တောင်းဆိုခဲ့ပြီး
၎င်းနေရာတွင် တစ်ဝါခဲ့ပါသည်။ ထိုအချိန်အခါတွင် ဆရာတော်သည်
သစ်သီးသစ်ဖုများကို ဘုဉ်းပေးပြီး
သုံးဆောင်ခဲ့ပါသည်။
ဝါကျွတ်ခဲ့ပြီးသည်နောက်တွင် ဆရာတော်သည် တွံတေးမြို့နယ်
တလုတ္တော်ကျေးရွာအနီးရှိ
ဘာလီကုန်းကျေးရွာတွင် နောက်ထပ်တစ်ဖန် ၀ါတပ်ခဲ့ပါသည်။
ထိုမှတစ်ဆင့်ယခုပေါင်းတော်ချုပ် စေတီတည်ထားရာ
ဒေါက်ရပ်ကုန်းတွင် ဒကာ ၊ ဒကာမ များကို
တစ်ဆုပ်ဆန်ဖယ်ထားစေခဲ့ပြီး
ပေါင်းတော်ချုပ်စေတီ
တည်ထားကိုးကွယ်စေရန် ဆက်လက်၍ ကြိုးစား အားထုတ်ခဲ့ပါသည်။
( ၁၃၀၀ )ပြည့်နှစ်တွင်
ယခုပေါင်းတော်ချုပ် စေတီတော်ကိုထီတော်တင်ဆက်လက်
တည်ထားကိုးကွယ်ခဲ့ပါသည်။
တွံတေးတောကြီးတန်း ပေါင်းတော်ချုပ်တွင် သီတင်းသုံးနေစဉ်
ကျိုက်ဖူး ၊ ကျိုက်ပါ ဘုရားဟောင်း
စေတီ ( ၂ ) ဆူကိုလည်း
ဆက်လက်ချွန်ခဲ့ပါသည်။
ထို့နောက်တွင် ပေါင်းတော်ချုပ် ကျောင်းဝင်းအတွင်း
အောင်စေတီတစ်ဆူကို
ပန္နက်ရိုက်၍
ဆက်လက်တည်ထားကိုးကွယ်ခဲ့ပါသည်။ ၎င်းစေတီနှင့်
တဆက်တည်းမှာပင် ကော့မှုးမြို့နယ်
ငှက်အော်စမ်းကျေးရွာ အနီးရှိ
ဘုရားသုံးဆူစေတီဟောင်းများကို လည်း ထမ်မံတည်ခဲ့ပါသည်။
၎င်းနောက်တွင်
တွံတေးမြို့နယ် ရွှေလက်ခုပ်ကျောင်းဝင်းအတွင်း စေတီတစ်ဆူကိုလည်း
ထပ်မံတည်ခဲ့ပါသည်။
တဆက်တည်း
သီလရှင်ကျောင်းတိုက်ရှိ ရှေးဟောင်း စေတီတစ်ဆူကိုလည်း
ထပ်မံတည်ခဲ့ပါသည်။
ထို့နောက်တွင်
သ၀န်းတောကျေးရွာရှိ နောင်တရစေတီဟောင်းကိုလည်း
တည်ခဲ့ပါသည်။တွံတေးမြို့နယ်ကန်ဘဲ့ကျေးရွာအနီးရှိ ရွှေနံ့သာ
စေတီဟောင်းကိုလည်းထပ်မံတည်ခဲ့ပါသည်။
မိတ္ထီလာမြို့ ၊
ရှမ်းတဲလေတပ်စခန်းအနီးရှိ စေတီဟောင်းအားလည်း
လေတပ်မှ
ဒါယကာ ၊ ဒါယကာမများ တို့၏
ပင့်ဆောက်ချက်အရ စေတီဟောင်းအား ထီးတော်တင်ခဲ့ပါသည်။
စေတီဟောင်းများတည်ပြီးသည့်နောက်
ယခုကန်ဘဲ့ကျေးရွာအနီးရှိ
ရွှေနံ့သာကုန်းတော်အနီးတွင် ဧက ( ၃၀ )
ခန့်ရှိ မဟာဗောဓိစေတီတော်ကို ( ၁၃၂၉ ) ခုနှစ်
၊
ဝါဆိုလပြည့်နေ့ ( ၂၁.၇.၆၇ ) နေ့တွင်
အုတ်မြစ်ချခဲ့ပြီး နောက်သတ္တဌာန
( ၇ )နေရာစေတီတော်များကိုလည်း
ဆက်လက်တည်ထားကိုးကွယ်တော်
မူခဲ့ပြီး၎င်းသတ္တဌာန စေတီတော်များ၏ မြောက်ဘက်တွင် မြတ်စွာဘုရား
ဝါဆိုလပြည့်နေ့ ဓမ္မစင်္ကြာတရား ဟောတော်မူခန်းနှင့်
သီတင်းသုံးတော်မူရာ ဂန္ဓကုဋီတိုက်တော်ကို
ဆက်လက်ပြီး
တည်ထားကိုးကွယ်တော်မူခဲ့ပါသည်။
သတ္တဌာနတွင် သီတင်းသုံးနေစဉ် မအူပင်မြို့နယ်
စိမ်းမြကန်သာ
စေတီတော်အား ဆရာတော်မှကြီးမှုး၍
တည်ထားကိုးကွယ်တော်မူခဲ့ပါသည်။၎င်းနောက် သတ္တဌာနဘုရား၏
အနောက်ဘက်
အနီးတွင် ( ၈) ဧကခန့်ရှိ မင်္ဂလာရေကန်တော်ကြီးကို
တူးဖော်ပြီး ( ၇ ) ရက် သားသမီးများ၏
လုပ်အားဖြင့်
မင်္ဂလာရေကန်တော် စေတီတော်ကို ဆက်လက်၍
တည်ထားကိုးကွယ်တော်မူခဲ့ပါသည်။
ပရောဂ ဝေဒနာရှင်များကို မေတ္တာရေစဉ်ဖြင့် ပျောက်ကင်းစေခဲ့ပါသည်။
စိတ္တဇဝေဒနာရှင်များကိုလည်း ဘုရားကူဖြင့် ကုသကယ်တင်ခဲ့ပါသည်။
( ၇ ) ရက် သားသမီးများကိုလည်း
လောကီ ၊ လောကုတ္တရာ
အကျိုးတရားဖြစ်ထါန်းစေ၇န် ဆရာတော်၏ မေတ္တာအစွမ်းသတ္တိဖြင့်
ကယ်တင်နိုင်ခဲ့ပါသည်။
၎င်းနောက် သတ္တဌာနဘုရားအနီးတွင် သိမ်တော်ကြီးနှင့်
ဆွမ်းစားဓမ္မာရုံများ
ဘုန်းကြီးကျောင်းများကို
ဆက်လက်တည်ဆောက်နေစဉ် ကျိုက်လတ်မြို့နယ် ဥယျာဉ်ဝကျေးရွာ
မဟာဗောဓိ
သတ္တဌာနဘုရားကို ဆရာတော်ကိုယ်တိုင်
ပန္နက်ရိုက်ပေးခဲ့ပြီး တပည့်ဒကာ ၊ ဒကာမများနှင့်
အတူဆက်လက်တည်ထားတော်မူခဲ့ပါသည်။
ချောင်းကြီးကျေးရွာရှိ မဟာဗောဓိကိုလည်း ဆရာတော်၏ ဩ၀ါဒဖြင့်
တပည့်ဒကာ ၊ ဒကာမများက ဆက်လက်တည်ထားခဲ့ပါသည်။
ထို့နောက်တွင် သက်တော် ( ၈၅ ) နှစ် သိက္ခာတော် ( ၆၀ )
အရောက်တွင်
( ၁၃၄၆ ) ခု ၊ တပို့တွဲလဆန်း ( ၂ ) ရက် ၊ အင်္ဂါနေ့
နံနက် ( ၃း၃၀ ) နာရီ ( ၂၂.၁.၁၉၈၅
) ၎င်းအချိန်တွင်
ဆရာတော်သည် ဘ၀နတ်ထံ ပျံလွန်တော်
မူခဲ့ပါသည်။
ပေါင်းတော်ချုပ်ဆရာတော်
သမိုင်း ကျောက်စာမှ ကောက်နှုတ် ရေးသားတင်ပြအပ်ပါသည်။
ဓမ္မမိတ်ဆွေများအားလုံး ကျန်းမာ ပျော်ရွှင်ကြပြီး… တရားထူး
တရားမြတ်များရရှိကြပြီး… သာသနာအကျိုး
ဆထက်တိုးပြီးထမ်းဆောင်နိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်…….
No comments:
Post a Comment