/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Tuesday, February 4, 2014

အနတ္တဝါဒ အပိုင်း(၇)


 Photo: အနတ္တဝါဒ
-----------
အပိုင်း(၇)

ကျွန်ုပ်တို့သည် စကြာဝဠာ၌ လူတို့၏ ကမ္ဘာတည်ရှိပုံနှင့် လူလောက၏ သဘာဝခြင်းရာ ရှေ့အလားအလာကို လေးနက်စွာ ဆင်ခြင်သုံးသပ်ပါက ဇာတိအတ္တ မာနနှင့် သက္ကာယဒိဋ္ဌိစွဲကပ်စရာ  အကြောင်းမရှိချေ။ စင်စစ် ဘီစီ ၆ ရာစုခေတ် အိန္ဒိယပြည်၌ အနတ္တဝါဒ ပေါ်လာခြင်းသည် စကြာဝဠာအကြောင်း လူ့လောကအကြောင်းကို အသိပညာရှင်တို့ ယထာဘူတကျကျ ဆင်ခြင်သုံးသပ်ရာမှ ပေါ်လာခြင်းဖြစ်ပေမည်။ ဤအချက်နှင့် စပ်လျဉ်း၍ ဒေါက်တာရိုင်းစ်ဒေးဗစ်၏ ရေးသားချက်မှာ မှတ်သားဖွယ်ကောင်း၏။   ။ အချိန်ကာလနှင့် ကောင်းကင်အာကာသ၏ အသင်္ချေယျအပ္ပမာဏ အဆုံးအစမရှိသော သဘော စကြာဝဠာနှင့်စာသော် ကျွန်ုပ်တို့ ကမ္ဘာ၏ ဘာမျှမထင်ရှားသော သဘော လူနှင့်တိရစ္ဆာန်တို့၏ အခြေခံတူညီသောသဘော ကမ္ဘာတစ်ခုပျက်ရန် သို့မဟုတ် ဖြစ်ပေါ်လာရန် လိုအပ်သော ကာလ၏ အလွန် အဓွန့်ရှည်သောသဘော လောကဓာတ် စကြာဝဠာအထဲရှိ အရာအားလုံး၏ အမြဲပြောင်းလဲနေသော သဘော ဤသဘော အယူအဆများသည် ထို ၆ရာစုခေတ်က အိန္ဒိယဘာသာရေး အတွေးအခေါ်များကို ပြုပြင်ဖန်တီးခဲ့ပေလိမ့်မည်။ ထိုသဘော အယူအဆများကြောင့် လူတို့သည် ဘဝသံသရာ ကျင်လည်ရခြင်း၏ အဖြစ်ကိုသော်လည်းကောင်း ဝဋ်ဆင်းရဲမှ လွတ်မြောက်မှုကို အခြားလောကဘုံဌာန၌ မျှော်လင့်ရန် မဖြစ်နိုင်ခြင်းကိုသော်လည်းကောင်း သီလသမာဓိတရား ပွားများခြင်းဖြင့် ယခုမျက်မှောက်ဘဝ၌ စိတ်ငြိမ်းချမ်းမှုရှိရန် အရေးကြီးပုံကိုသော်လည်းကောင်း သိမြင်ခဲ့ကြပေမည်။ ဥရောပ အလယ်ခေတ်ကလည်း လောကဓာတ် စကြာဝဠာနှင့် ပတ်သက်သော အယူအဆများသည် ခရစ်ယာန် ရယန်းဘုန်းကြီးတို့၏ သာသနာ၌ အလွန်အရေးပါခဲ့၏။ နောက်ကာလ၌ လူတို့၏ ကမ္ဘာတည်ရှိပုံနှင့် လူသတ္တဝါမျိုးစု အဆင့်ဆင့် ပြောင်းလဲလာပုံအကြောင်း အယူအဆသစ်များ ပေါ်လာသောအခါ ကျွန်ုပ်တို့၏ ဘာသာရေး အတွေးအမြင်များ အကြီးအကျယ် ပြောင်းလဲလာခဲ့၏။ ဗုဒ္ဓလက်ထက်က စကြာဝဠာအကြောင်း လူတို့၏ ခံယူချက်များသည် ပြည့်စုံတိကျခြင်းမရှိသော်လည်း ထိုခေတ်က အခြားတိုင်းပြည်ရှိ လူတို့၏ ခံယူချက်များထက် ပိုမိုမှန်ကန်လျက်ရှိ၏။ သို့ဖြစ်၍ ဗုဒ္ဓဝါဒ စတင်ပေါ်ထွန်းလာခြင်း အကြောင်းကို လေ့လာရာ၌ ထိုခေတ်လူတို့၏ စကြာဝဠာ အယူအဆများ၏ အရေးပါအရာရောက်မှုကို ကျွန်ုပ်တို့ မျက်ကွယ်ပြုထားပါက သမိုင်းအကြောင်းအရ မှားပေလိမ့်မည်။  ။ဤသို့ဖြင့် လူ၏သဘာဝကို စကြာဝဠာနောက်ခံထား၍ စေ့ငုသေချာစွာ လေ့လာဆန်းစစ်ပါက အမာခံ ထာဝရအတ္တကို လက်ခံယုံကြည်ရန် အကြောင်းမရှိချေ။ သို့ရာတွင် လူသည် ဆင်ခြင်တုံတရားရှိ၍ ထိုတရားသည်ပင် လူနှင့်တိရစ္ဆာန်၏ ဝိသေသကွာဟချက် (ဝါ) အတ္တ၏လက္ခဏာ ဖြစ်သည် မဟုတ်ပါလောဟု မေးဖွယ်ရှိ၏။ လူသည်စူးစမ်းဆင်ခြင်နိုင်စွမ်းရှိ၍ ထိုအစွမ်းသတ္တိဖြင့်ပင် သတ္တလောက၏ ထိပ်တန်းသို့ ရောက်ရှိနေခြင်း ဖြစ်သည်မှန်၏။ သို့ဖြစ်စေကာမူ လူ၏ ဆင်ခြင်တုံတရားကို အတိုင်းထက်အလွန် အထင်မကြီးသင့်ချေ။  လောက၌ စဉ်းစားဆင်ခြင်ဥာဏ် ရှိသောသူများကား နည်းပါးလှ၏။ စဉ်းစားဆင်ခြင်ဥာဏ်ရှိသည်ဆိုစေ ထိုအသိဥာဏ်ကို လက်ကိုင်ထားသောသူတို့မှာ မများလှချေ။ အများအားဖြင့် စဉ်းစားဥာဏ်မသုံးဘဲ လောဘ ဒေါသ မာနစသော ကိလေသာတရားများ ရှေ့ဆောင်၍ သွားလာလှုပ်ရှားနေကြ၏။ ထိုကြောင့်သာလျှင် လူ့လောကသည် မသိနားမလည် မိုက်မှားမှုများပြွမ်းလျက် ချမ်းသာသုခမှ ကင်းဝေးနေသည်မဟုတ်ပါလော။

လူသည် ကိုယ်ကျင့်တရားနယ်၌ အကောင်းအဆိုး အလိုလိုသိမြင်နိုင်သော အသိဥာဏ်ရှိသည်ဟု အချို့သူတို့ ယုံကြည်ကြ၏။ မစ္စက်ရိုင်းစ်ဒေးဗစ်က ဓမ္မံသရဏံ ပါဠိတော်မှ ဓမ္မပုဒ်သည် အကောင်းအဆိုး ခွဲခြားသိမြင်နိုင်သော လူ၏အသိဥာဏ်ကို ရည်ညွန်းသည်ဆို၍ ထိုအသိဥာဏ်မှာ အတ္တ၏ တန်ခိုးသတ္တိဖြစ်ကြောင်း ရေးသား၏။ ဤတွင် ဓမ္မကို အဓိပ္ပာယ်ပြန်ဆိုချက်မှာ အတ္တစွဲ ဆန္ဒစွဲ ပြန်ဆိုချက်ဖြစ်၍ လူတို့၌ ကိုယ်ကျင့်တရား အမှားအမှန် ခွဲခြားသိမြင်သော ဥာဏ်ရှိသည် ဆိုခြင်းမှာလည်း ယခုခေတ် ပညာရှင်တို့ လက်ခံမည့် အယူမဟုတ်ချေ။ ကိုယ်ကျင့်တရားအရာ၌ လူတို့၏ ရှုမြင်မှုသည် ဘဝအတွေ့ကြုံနှင့် ပတ်ဝန်းကျင်အခြေအနေပေါ်၌ တည်သောကြောင့် တစ်ခေတ်နှင့်တစ်ခေတ် လူမျိုးတစ်မျိုးနှင့်တစ်မျိုး မတူဘဲ ကာလဒေသကိုလိုက်၍ ခံယူချက်များ ကွဲပြားခြားနားကြောင်း မနုဿဗေဒ ကျမ်းများ၌ အထောက်အထား အမြောက်အမြား ပြဆိုထား၏။ ထိုသို့လူတို့သည် အသိပညာတိုးပွား၍ ဇာတိမာန တစ်စတစ်စ နည်းပါးလာသည်နှင့်အမျှ အတ္တဝါဒသည် တဖြည်းဖြည်း အခြေယိုင်လာတော့၏။ အတ္တဝါဒကို ခြေခြေမြစ်မြစ် ဝေဖန်ဆန်းစစ်သော ယခုခေတ် အနောက်တိုင်းပညာရှင်ကား အင်္ဂလိပ်ဒဿနိကဆရာ ဒေးဗစ်ဟုန်းဖြစ်၏။ ၁၈ ရာစုခေတ်က သူ၏ရေးသားချက်သည် ဗုဒ္ဓဒေသနာများနှင့် ထပ်တူနီးပါးဖြစ်နေခြင်းမှာ အံ့သြဖွယ်ရာဖြစ်၏။ သူ၏ ယူဆချက်ကို လိုရင်းအကျဉ်းမျှ ဖော်ပြပါအံ့။

အတ္တကိုအစွဲပြု၍ ဖြစ်ပေါ်သော စိတ်တစ်ခုသည် အကယ်၍ ရှိခဲ့ငြားအံ့။ ထိုစိတ်သည် ကျွန်ုပ်တို့၏ ဘဝတစ်လျှောက်လုံး၌ တည်မြဲနေရ၏။ အကြောင်းမူ အတ္တသည် ထိုသို့ တည်မြဲသောအရာဖြစ်၏။ သို့ရာတွင် တည်မြဲသောစိတ်ဟူ၍မရှိ။ အတ္တရှိသည်ဆိုသော အယူသည် ကျွန်ုပ်တို့၏ ကိုယ်တွေ့အသိနှင့် ဆန့်ကျင်လှ၏။ ကျွန်ုပ်သည် မိမိကိုယ်အကြောင်းကို နက်နက်နဲနဲ ဆင်ခြင်သုံးသပ်သောအခါ ပူခြင်း အေးခြင်း ချစ်ခြင်း မုန်းခြင်း ဝမ်းသာခြင်း ဝမ်းနည်းခြင်းစသော စိတ်စေတသိက်များကိုသာ တွေ့ရ၏။ စိတ်စေတသိက်ကင်းသော မိမိကိုယ် (အတ္တ)ကို ဘယ်အခါမျှ ရှာ၍မရအပ်ချေ။ အိပ်မောကျ၍ စိတ်ဖြစ်စဉ် ရပ်စဲနေသောအခါ ကျွန်ုပ်သည် မိမိကိုယ် ကိုယ်၏အကြောင်း ဘာမျှမသိရကား ကျွန်ုပ်မရှိတော့ပြီဟု ဆိုနိုင်၏။ ထိုကြောင့် လူသတ္တဝါသည် ကျွန်ုပ်တို့ဥာဏ်ဖြင့် မမီနိုင်အောင် လျင်မြန်စွာ ဆက်ကာဆက်ကာ ဖြစ်ပျက်၍ အမြဲပြောင်းလဲနေသော စိတ်တို့၏ အစုအပေါင်းမျှသာဖြစ်၏။ ယခုခေတ် စိတ္တဗေဒပညာသည်လူတို့၏ အပြုအမူ အကြံစည်နှင့် လိုအင်ဆန္ဒများကို စီမံဖန်တီးသော အတ္တဝိညာဉ်ရှိသည်ဆိုသော အယူကို လက်မခံချေ။ လူတို့သည် အတ္တစွဲရှိသောကြောင့် ငါပြုလုပ်သည် ငါကြံစည်သည်  ငါအလိုရှိသည်ဟု ထင်မြင်နေကြ၏။ အပြန်အလှန်အားဖြင့် ထိုသို့ ထင်မြင်နေသောကြောင့်လည်း သက္ကာယဒိဋ္ဌိကို မပယ်ခွာနိုင်ကြခြင်း ဖြစ်၏။ စိတ်ပညာရှင်တို့၏ အမြင်အားဖြင့် လူ၏အပြုအမူ အကြံစည်နှင့် ခံစားရချက်များသည် ယေဘုယျအားဖြင့် လိင်စိတ် ကြောက်စိတ် မိမိဘဝ တွယ်တာစိတ် အပေါင်းအဖော်နှင့် နေလိုစိတ်စသော သဘာဝစိတ် သဘာဝဆန္ဒများကြောင့် ဖြစ်ပေါ်လာကြ၏။ အချို့အပြုအမူများမှာ အလေ့အကျင့်ဖြစ်ကြောင့်ဖြစ်၏။ လူတို့သည် မိမိတို့၌ နှစ်ရှည်လများ စွဲမြဲနေသော အကျင့်ဝါသနာများ၏ ကျေးကျွန်ဖြစ်မှန်းမသိ ဖြစ်နေကြ၏။ ထို့အပြင် မနောဝိညာဏ်၏ အောက်ပိုင်း၌ ကျွန်ုပ်တို့ အစိုးမရသော မသိစိတ်များရှိ၍ ထိုမသိစိတ်တို့ စေ့ဆော်သည့်အတိုင်း ကျွန်ုပ်တို့ ကြံစည်ပြုမူ ခံစားနေကြရ၏။ သို့ဖြစ်၍ ယနေ့ သိပ္ပံနည်းကျ စိတ်ပညာနယ်၌ စိတ်စေတသိက်များကို လေ့လာမှုသည်သာ ထင်ရှား၍ အတ္တဝိညာဏ်၏ နေရာကဏ္ဍမရှိချေ။ ဤနေရာ၌ အနောက်နိုင်ငံ စိတ်ပညာရှင်တို့၏ ရေးသားချက်အချို့ကို ကောက်နုတ်ဖော်ပြအံ့။

စိတ္တဗေဒပညာရှင် လေ့လာရမည့်အရာသည် စိတ်အစဉ်သာလျှင်ဖြစ်၏။ အဘိရူပဗေဒကျမ်း သို့မဟုတ် ထာဝရဘုရားအကြောင်းကျမ်းများသည် အတ္တဝိညာဉ်ရှိကြောင်း ပြကောင်းပြနိုင်ပေမည်။ သို့ရာတွင် ထိုအတ္တဝါဒသည် စိတ္တဗေဒပညာ၌ အပိုသက်သက်ဖြစ်၏။ ကျွန်ုပ်တို့ စွဲမြဲစွာလက်ခံရမည့်အချက်မှာ စိတ်အစဉ်သည်ပင် စိတ်ကူးကြံစည်သော ပုဂ္ဂိုလ်ဖြစ်သည်ဟူသော အချက်ဖြစ်၏။ ကျွန်ုပ်တို့သည် စိတ်ကို စိတ်ဖြစ်စဉ်မှ တသီးတခြား ခွဲထုတ်၍ စဉ်းစားလေ့လာရန် မဖြစ်နိုင်ချေ။ ဝေဒနာ သညာ စေတနာ စသည်တို့ကို လျှူ့ဝှက်နက်နဲသော စိတ်ဝိညာဏ်၏ ဂုဏ်လက္ခဏာများအဖြစ် မထင်မှတ်သင့်။ စိတ်ဝိညာဏ်သည် စေတသိက်တို့၏ အစုအပေါင်းဖြစ်၍ ဝေဒနာ စေတနာစသည်တို့သည် ထိုအစုအပေါင်း (ဝါ) နာမ်ခန္ဓာ၌ ပါဝင်သော စေတသိက်များဖြစ်၏။ ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်သတ္တဝါနှင့် စိတ်ဖြစ်စဉ်များ ဆက်စပ်နေမှုကို လေ့လာရာ၌ ဝါဒနှစ်မျိုးကွဲနေသည်ကို တွေ့ရ၏။ တြိဂံတစ်ခု၏ ဂုဏ်ဒြပ်သည် ယင်း၏ အစိတ်အပိုင်းများ ထူးခြားစွာဆက်စပ်နေမှုအပေါ်၌ တည်သကဲ့သို့ ပုဂ္ဂိုလ်တစ်ဦး၏ အတ္တဘာဝသည် စိတ်ဖြစ်စဉ်များ ထူးခြားစွာ ဆက်စပ်နေမှုမျှသာ ဖြစ်သည်ဟု ပထမဝါဒကဆို၏။ဒုတိယဝါဒ အဆိုအားဖြင့်မူ ပုဂ္ဂိုလ်သတ္တဝါသည် စိတ်အစဉ်များ ပေါင်းစပ်ထားမှုသာမဟုတ် စိတ်အစဉ်တို့ကို စုစည်းသောအရာ စိတ်စေတသိက်တို့၏ နောက်ကွယ်၌ တည်မြဲနေသောအရာဖြစ်၏။ တနည်းဆိုသော် စိတ်စေတသိက်တို့သည် အတ္တနှင့်ဆက်သွယ်မှုဖြင့်သာလျှင် တစ်ပေါင်းတစ်စည်းတည်း ဖြစ်လာ၏။ ဤနေရာ၌ ကျွန်ုပ်၏အမြင်အားဖြင့် ပုဂ္ဂိုလ်သတ္တဝါကို စိတ်ဖြစ်စဉ်မှ ခွဲ၍ မရစကောင်းချေ။ (-----ဆက်ရန်)

(ဦးအေးမောင်)
 
အနတ္တဝါဒ  အပိုင်း(၇)
*****************
ကျွန်ုပ်တို့သည် စကြာဝဠာ၌ လူတို့၏ ကမ္ဘာတည်ရှိပုံနှင့် လူလောက၏ သဘာဝခြင်းရာ ရှေ့အလားအလာကို လေးနက်စွာ ဆင်ခြင်သုံးသပ်ပါက ဇာတိအတ္တ မာနနှင့် သက္ကာယဒိဋ္ဌိစွဲကပ်စရာ အကြောင်းမရှိချေ။ 
 
စင်စစ် ဘီစီ ၆ ရာစုခေတ် အိန္ဒိယပြည်၌ အနတ္တ ဝါဒ ပေါ်လာခြင်းသည် စကြာဝဠာအကြောင်း လူ့လောကအကြောင်းကို အသိပညာရှင်တို့ ယထာဘူတကျကျ ဆင်ခြင်သုံးသပ်ရာမှ ပေါ်လာခြင်းဖြစ်ပေမည်။ ဤအချက်နှင့် စပ်လျဉ်း၍ ဒေါက်တာရိုင်းစ်ဒေးဗစ်၏ ရေးသားချက်မှာ မှတ်သားဖွယ်ကောင်း၏။ ။ 
 
အချိန်ကာလနှင့် ကောင်းကင်အာကာသ၏ အသင်္ချေယျအပ္ပမာဏ အဆုံးအစမရှိသော သဘော စကြာဝဠာနှင့်စာသော် ကျွန်ုပ်တို့ ကမ္ဘာ၏ ဘာမျှမထင်ရှားသော သဘော လူနှင့်တိရစ္ဆာန်တို့၏ အခြေခံတူညီသောသဘော ကမ္ဘာတစ်ခုပျက်ရန် သို့မဟုတ် ဖြစ်ပေါ်လာရန် လိုအပ်သော ကာလ၏ အလွန် အဓွန့်ရှည်သောသဘော လောကဓာတ် စကြာဝဠာအထဲရှိ အရာအားလုံး၏ အမြဲပြောင်းလဲနေသော သဘော ဤသဘော အယူအဆများသည် ထို ၆ရာစုခေတ်က အိန္ဒိယဘာသာရေး အတွေးအခေါ်များကို ပြုပြင်ဖန်တီးခဲ့ပေလိမ့်မည်။ ထိုသဘော အယူအဆများကြောင့် လူတို့သည် ဘဝသံသရာ ကျင်လည်ရခြင်း၏။
 
အဖြစ်ကိုသော်လည်းကောင်း ဝဋ်ဆင်းရဲမှ လွတ်မြောက်မှုကို အခြားလောကဘုံဌာန၌ မျှော်လင့်ရန် မဖြစ်နိုင်ခြင်းကိုသော်လည်းကောင်း သီလသမာဓိတရား ပွားများခြင်းဖြင့် ယခုမျက်မှောက်ဘဝ၌ စိတ်ငြိမ်းချမ်းမှုရှိရန် အရေးကြီးပုံကိုသော်လည်းကောင်း သိမြင်ခဲ့ကြပေမည်။ ဥရောပ အလယ်ခေတ်ကလည်း လောကဓာတ် စကြာဝဠာနှင့် ပတ်သက်သော အယူအဆများသည် ခရစ်ယာန် ရယန်းဘုန်းကြီးတို့၏ သာသနာ၌ အလွန်အရေးပါခဲ့၏။
 
 နောက်ကာလ၌ လူတို့၏ ကမ္ဘာတည်ရှိပုံနှင့် လူသတ္တဝါမျိုးစု အဆင့်ဆင့် ပြောင်းလဲလာပုံအကြောင်း အယူအဆသစ်များ ပေါ်လာသောအခါ ကျွန်ုပ်တို့၏ ဘာသာရေး အတွေးအမြင်များ အကြီးအကျယ် ပြောင်းလဲလာခဲ့၏။ ဗုဒ္ဓလက်ထက်က စကြာဝဠာအကြောင်း လူတို့၏ ခံယူချက်များသည် ပြည့်စုံတိကျခြင်းမရှိသော်လည်း ထိုခေတ်က အခြားတိုင်းပြည်ရှိ လူတို့၏ ခံယူချက်များထက် ပိုမိုမှန်ကန်လျက်ရှိ၏။
 
 သို့ဖြစ်၍ ဗုဒ္ဓဝါဒ စတင်ပေါ်ထွန်းလာခြင်း အကြောင်းကို လေ့လာရာ၌ ထိုခေတ်လူတို့၏ စကြာဝဠာ အယူအဆများ၏ အရေးပါအရာရောက်မှုကို ကျွန်ုပ်တို့ မျက်ကွယ်ပြုထားပါက သမိုင်းအကြောင်းအရ မှားပေလိမ့်မည်။ ။ဤသို့ဖြင့် လူ၏သဘာဝကို စကြာဝဠာနောက်ခံထား၍ စေ့ငုသေချာစွာ လေ့လာဆန်းစစ်ပါက အမာခံ ထာဝရအတ္တကို လက်ခံယုံကြည်ရန် အကြောင်းမရှိချေ။ 
 
သို့ရာတွင် လူသည် ဆင်ခြင်တုံတရားရှိ၍ ထိုတရားသည်ပင် လူနှင့်တိရစ္ဆာန်၏ ဝိသေသကွာဟချက် (ဝါ) အတ္တ၏လက္ခဏာ ဖြစ်သည် မဟုတ်ပါလောဟု မေးဖွယ်ရှိ၏။ လူသည်စူးစမ်းဆင်ခြင်နိုင်စွမ်းရှိ၍ ထိုအစွမ်းသတ္တိဖြင့်ပင် သတ္တလောက၏ ထိပ်တန်းသို့ ရောက်ရှိနေခြင်း ဖြစ်သည်မှန်၏။ သို့ဖြစ်စေကာမူ လူ၏ ဆင်ခြင်တုံတရားကို အတိုင်းထက်အလွန် အထင်မကြီးသင့်ချေ။ လောက၌ စဉ်းစားဆင်ခြင်ဥာဏ် ရှိသောသူများကား နည်းပါးလှ၏။ 
 
 စဉ်းစားဆင်ခြင်ဥာဏ်ရှိသည်ဆိုစေ ထိုအသိဥာဏ်ကို လက်ကိုင်ထားသောသူတို့မှာ မများလှချေ။ အများအားဖြင့် စဉ်းစားဥာဏ်မသုံးဘဲ လောဘ ဒေါသ မာနစသော ကိလေသာတရားများ ရှေ့ဆောင်၍ သွားလာလှုပ်ရှားနေကြ၏။ ထိုကြောင့်သာလျှင် လူ့လောကသည် မသိနားမလည် မိုက်မှားမှုများပြွမ်းလျက် ချမ်းသာသုခမှ ကင်းဝေးနေသည်မဟုတ်ပါလော။

လူသည် ကိုယ်ကျင့်တရားနယ်၌ အကောင်းအဆိုး အလိုလိုသိမြင်နိုင်သော အသိဥာဏ်ရှိသည်ဟု အချို့သူတို့ ယုံကြည်ကြ၏။ မစ္စက်ရိုင်းစ်ဒေးဗစ်က ဓမ္မံသရဏံ ပါဠိတော်မှ ဓမ္မပုဒ်သည် အကောင်းအဆိုး ခွဲခြားသိမြင်နိုင်သော လူ၏အသိဥာဏ်ကို ရည်ညွန်းသည်ဆို၍ ထိုအသိဥာဏ်မှာ အတ္တ၏ တန်ခိုးသတ္တိဖြစ်ကြောင်း ရေးသား၏။ ဤတွင် ဓမ္မကို အဓိပ္ပာယ်ပြန်ဆိုချက်မှာ အတ္တစွဲ ဆန္ဒစွဲ ပြန်ဆိုချက်ဖြစ်၍ လူတို့၌ ကိုယ်ကျင့်တရား အမှားအမှန် ခွဲခြားသိမြင်သော ဥာဏ်ရှိသည် ဆိုခြင်းမှာလည်း ယခုခေတ် ပညာရှင်တို့ လက်ခံမည့် အယူမဟုတ်ချေ။
 
 ကိုယ်ကျင့်တရားအရာ၌ လူတို့၏ ရှုမြင်မှုသည် ဘဝအတွေ့ကြုံနှင့် ပတ်ဝန်းကျင်အခြေအနေပေါ်၌ တည်သောကြောင့် တစ်ခေတ်နှင့်တစ်ခေတ် လူမျိုးတစ်မျိုးနှင့်တစ်မျိုး မတူဘဲ ကာလဒေသကိုလိုက်၍ ခံယူချက်များ ကွဲပြားခြားနားကြောင်း မနုဿဗေဒ ကျမ်းများ၌ အထောက်အထား အမြောက်အမြား ပြဆိုထား၏။ ထိုသို့လူတို့သည် အသိပညာတိုးပွား၍ ဇာတိမာန တစ်စတစ်စ နည်းပါးလာသည်နှင့်အမျှ အတ္တဝါဒသည် တဖြည်းဖြည်း အခြေယိုင်လာတော့၏။ 
 
အတ္တဝါဒကို ခြေခြေမြစ်မြစ် ဝေဖန်ဆန်းစစ်သော ယခုခေတ် အနောက်တိုင်းပညာရှင်ကား အင်္ဂလိပ်ဒဿနိကဆရာ ဒေးဗစ်ဟုန်းဖြစ်၏။ ၁၈ ရာစုခေတ်က သူ၏ရေးသားချက်သည် ဗုဒ္ဓဒေသနာများနှင့် ထပ်တူနီးပါးဖြစ်နေခြင်းမှာ အံ့သြဖွယ်ရာဖြစ်၏။ သူ၏ ယူဆချက်ကို လိုရင်းအကျဉ်းမျှ ဖော်ပြပါအံ့။

အတ္တကိုအစွဲပြု၍ ဖြစ်ပေါ်သော စိတ်တစ်ခုသည် အကယ်၍ ရှိခဲ့ငြားအံ့။ ထိုစိတ်သည် ကျွန်ုပ်တို့၏ ဘဝတစ်လျှောက်လုံး၌ တည်မြဲနေရ၏။ အကြောင်းမူ အတ္တသည် ထိုသို့ တည်မြဲသောအရာဖြစ်၏။ သို့ရာတွင် တည်မြဲသောစိတ်ဟူ၍မရှိ။ အတ္တရှိသည်ဆိုသော အယူသည် ကျွန်ုပ်တို့၏ ကိုယ်တွေ့အသိနှင့် ဆန့်ကျင်လှ၏။
 
 ကျွန်ုပ်သည် မိမိကိုယ်အကြောင်းကို နက်နက်နဲနဲ ဆင်ခြင်သုံးသပ်သောအခါ ပူခြင်း အေးခြင်း ချစ်ခြင်း မုန်းခြင်း ဝမ်းသာခြင်း ဝမ်းနည်းခြင်းစသော စိတ်စေတသိက်များကိုသာ တွေ့ရ၏။ စိတ်စေတသိက်ကင်းသော မိမိကိုယ် (အတ္တ)ကို ဘယ်အခါမျှ ရှာ၍မရအပ်ချေ။
 
 အိပ်မောကျ၍ စိတ်ဖြစ်စဉ် ရပ်စဲနေသောအခါ ကျွန်ုပ်သည် မိမိကိုယ် ကိုယ်၏အကြောင်း ဘာမျှမသိရကား ကျွန်ုပ်မရှိတော့ပြီဟု ဆိုနိုင်၏။ ထိုကြောင့် လူသတ္တဝါသည် ကျွန်ုပ်တို့ဥာဏ်ဖြင့် မမီနိုင်အောင် လျင်မြန်စွာ ဆက်ကာဆက်ကာ ဖြစ်ပျက်၍ အမြဲပြောင်းလဲနေသော စိတ်တို့၏ အစုအပေါင်းမျှသာဖြစ်၏။
 
 ယခုခေတ် စိတ္တဗေဒပညာသည်လူတို့၏ အပြုအမူ အကြံစည်နှင့် လိုအင်ဆန္ဒများကို စီမံဖန်တီးသော အတ္တဝိညာဉ်ရှိသည်ဆိုသော အယူကို လက်မခံချေ။ လူတို့သည် အတ္တစွဲရှိသောကြောင့် ငါပြုလုပ်သည် ငါကြံစည်သည် ငါအလိုရှိသည်ဟု ထင်မြင်နေကြ၏။ အပြန်အလှန်အားဖြင့် ထိုသို့ ထင်မြင်နေသောကြောင့်လည်း သက္ကာယဒိဋ္ဌိကို မပယ်ခွာနိုင်ကြခြင်း ဖြစ်၏။ 
 
စိတ်ပညာရှင်တို့၏ အမြင်အားဖြင့် လူ၏အပြုအမူ အကြံစည်နှင့် ခံစားရချက်များသည် ယေဘုယျအားဖြင့် လိင်စိတ် ကြောက်စိတ် မိမိဘဝ တွယ်တာစိတ် အပေါင်းအဖော်နှင့် နေလိုစိတ်စသော သဘာဝစိတ် သဘာဝဆန္ဒများကြောင့် ဖြစ်ပေါ်လာကြ၏။ အချို့အပြုအမူများမှာ အလေ့အကျင့်ဖြစ်ကြောင့်ဖြစ်၏။ လူတို့သည် မိမိတို့၌ နှစ်ရှည်လများ စွဲမြဲနေသော အကျင့်ဝါသနာများ၏ ကျေးကျွန်ဖြစ်မှန်းမသိ ဖြစ်နေကြ၏။
 
 ထို့အပြင် မနောဝိညာဏ်၏ အောက်ပိုင်း၌ ကျွန်ုပ်တို့ အစိုးမရသော မသိစိတ်များရှိ၍ ထိုမသိစိတ်တို့ စေ့ဆော်သည့်အတိုင်း ကျွန်ုပ်တို့ ကြံစည်ပြုမူ ခံစားနေကြရ၏။ သို့ဖြစ်၍ ယနေ့ သိပ္ပံနည်းကျ စိတ်ပညာနယ်၌ စိတ်စေတသိက်များကို လေ့လာမှုသည်သာ ထင်ရှား၍ အတ္တဝိညာဏ်၏ နေရာကဏ္ဍမရှိချေ။ ဤနေရာ၌ အနောက်နိုင်ငံ စိတ်ပညာရှင်တို့၏ ရေးသားချက်အချို့ကို ကောက်နုတ်ဖော်ပြအံ့။

စိတ္တဗေဒပညာရှင် လေ့လာရမည့်အရာသည် စိတ်အစဉ်သာလျှင်ဖြစ်၏။ အဘိရူပဗေဒကျမ်း သို့မဟုတ် ထာဝရဘုရားအကြောင်းကျမ်းများသည် အတ္တဝိညာဉ်ရှိကြောင်း ပြကောင်းပြနိုင်ပေမည်။ သို့ရာတွင် ထိုအတ္တဝါဒသည် စိတ္တဗေဒပညာ၌ အပိုသက်သက်ဖြစ်၏။ ကျွန်ုပ်တို့ စွဲမြဲစွာလက်ခံရမည့်အချက်မှာ စိတ်အစဉ်သည်ပင် စိတ်ကူးကြံစည်သော ပုဂ္ဂိုလ်ဖြစ်သည်ဟူသော အချက်ဖြစ်၏။ 
 
ကျွန်ုပ်တို့သည် စိတ်ကို စိတ်ဖြစ်စဉ်မှ တသီးတခြား ခွဲထုတ်၍ စဉ်းစားလေ့လာရန် မဖြစ်နိုင်ချေ။ ဝေဒနာ သညာ စေတနာ စသည်တို့ကို လျှူ့ဝှက်နက်နဲသော စိတ်ဝိညာဏ်၏ ဂုဏ်လက္ခဏာများအဖြစ် မထင်မှတ်သင့်။ စိတ်ဝိညာဏ်သည် စေတသိက်တို့၏ အစုအပေါင်းဖြစ်၍ ဝေဒနာ စေတနာစသည်တို့သည် ထိုအစုအပေါင်း (ဝါ) နာမ်ခန္ဓာ၌ ပါဝင်သော စေတသိက်များဖြစ်၏။ 
 
ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်သတ္တဝါနှင့် စိတ်ဖြစ်စဉ်များ ဆက်စပ်နေမှုကို လေ့လာရာ၌ ဝါဒနှစ်မျိုးကွဲနေသည်ကို တွေ့ရ၏။ တြိဂံတစ်ခု၏ ဂုဏ်ဒြပ်သည် ယင်း၏ အစိတ်အပိုင်းများ ထူးခြားစွာဆက်စပ်နေမှုအပေါ်၌ တည်သကဲ့သို့ ပုဂ္ဂိုလ်တစ်ဦး၏ အတ္တဘာဝသည် စိတ်ဖြစ်စဉ်များ ထူးခြားစွာ ဆက်စပ်နေမှုမျှသာ ဖြစ်သည်ဟု ပထမဝါဒကဆို၏။
 
ဒုတိယဝါဒ အဆိုအားဖြင့်မူ ပုဂ္ဂိုလ်သတ္တဝါသည် စိတ်အစဉ်များ ပေါင်းစပ်ထားမှုသာမဟုတ် စိတ်အစဉ်တို့ကို စုစည်းသောအရာ စိတ်စေတသိက်တို့၏ နောက်ကွယ်၌ တည်မြဲနေသောအရာဖြစ်၏။ တနည်းဆိုသော် စိတ်စေတသိက်တို့သည် အတ္တနှင့်ဆက်သွယ်မှုဖြင့်သာလျှင် တစ်ပေါင်းတစ်စည်းတည်း ဖြစ်လာ၏။ ဤနေရာ၌ ကျွန်ုပ်၏အမြင်အားဖြင့် ပုဂ္ဂိုလ်သတ္တဝါကို စိတ်ဖြစ်စဉ်မှ ခွဲ၍ မရစကောင်းချေ။ 
 
 (-----ဆက်ရန်)(ဦးအေးမောင်)
 

No comments:

Post a Comment