Pages

Wednesday, February 19, 2014

***** ပါရမီများများရအောင်ယူ *****


ပါရမီများများရအောင်ယူ
°~°~°~°~°~°~°~°~

ယခုဘဝသည် ကုသိုလ်ပါရမီ များများရအောင်ယူဖို့ အလွန်အခွင့် ကောင်းသောဘွဖြစ်၏။


နောက်တစ်ကြိမ်လူပြန်ဖြစ်စေကာမူ ယခုအနေအထားထက် ပို၍ မတရားအကုသိုလ်တွေသာ၍ တိုးပွားသော မိကောင်းဖကောင်း ဆရာသမားကောင်းနှင့် တွေ့ဖို့ မလွယ်သော လူ့ဘဝဖြစ်လိမ့်မည်။ဒါကြောင့်နေ့တိုင်းကုသိုလ်ပါရမီတိုးပွားအောင် ကြိုးစားသင့်ကြသည်။လူမဖြစ်ဘဲ အထက်နတ်ပြည်၌ ဖြစ်ရပြန်လျှင် စည်းစိမ်သာကြီးမည် ဒါန သီလ ဘာဝနာ အထူးရဖို့ မဖြစ်နိုင်။ဒါကြောင့် ယခုဘဝသည် ကုသိုလ်ပါရမီတိုးပွားအောင် ကြိုးစားရမည့် ဘဝဆိုတာ အမြဲ တွေးသွားသင့်သည်။

လောက၌ သားအမိ သားအဖ မောင်နှမ ညီအစ်မဆိုသည့် သံယောဇဉ် သမီး ခင်ပွန်းဆိုသည့် သံယောဇဉ်၌ တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်ကြခြင်းသည် ပေမတဏှာ အကုသိုလ်သာများ၏။ တရားမသိသည့်လူများမှာ ထိုတဏှာ အကုသိုလ်ကြောင့် မတရားစီးပွားရှာမှုစသော အကုသိုလ်တွေ တစ်ယောက်နှင့်တစ်ယောက် မတဲ့မှု ဒေါသ အကုသိုလ်တွေ တစ်သက်လုံး တိုးပွားနေတတ်၏။ ခွဲရသည့်အချိန်မှာ တွယ်တာမှုကြောင့် နောက်ဘဝ၌ ပြိတ္တာလည်း ဖြစ်တတ်၏။

တရားသိတဲ့သူတွေကတော့ ချစ်ခင်မှု အကုသိုလ်ကို သတိထား၍ ကုသိုလ်အဆက်ဆက် တိုးပွားအောင် ဒါနပါရမီ သီလပါရမီ ကမ္မဋ္ဌာန်းဆိုတဲ့ ဘာဝနာပါရမီကို နိဗ္ဗာန်အထိမှန်း၍ ကိုယ်တိုင်လည်း ကြိုးစားတယ် သံယောဇဉ် ဖြစ်သူများကိုလည်း ကြိုးစားဖို့ တိုက်တွန်းတယ် တိုက်တွန်းတဲ့ အတိုင်းလည်း ကြိုးစားတယ် ဒီလိုသံယောဇဉ် ကတော့ အကုသိုလ်ကြောငိ့ ကုသိုလ်များများ ရတဲ့အဆွက် အကျိုးရှိတယ်လို့ ဆိုရပါတယ်။

ကုသိုလ်ကြောင့် အကုသိုလ်ဖြစ်တာလည်းရှိတယ် များစွာသောလူတွေသည် ကုသိုလ်ဒါနပြုတဲ့ အခါ ဂုဏ်လိုချင် သူများချီးမွမ်းခံချင် ဒီလို ကုသိုလ် ကြောင့် ဒီဘဝမှာပဲ စည်းစိမ်ဥစ္စာ တိုးပွားချင် မိမိဒါနပြုနိုင်သလ်ု သူများ မပြုနိုင်စေချငိ ဤကုသိုလ်ကြောင့် လူချမ်းသာ နတ်ချမ်းသာ ရချင် ဒီလိုစိတ်တွေဟာ နောကိထပ်အကုသိုလ်( လောဘ ဣဿာ မစ္ဆရိယ)တွေပဲ ဒီလိုအကုသိုလ်တွေဟာ ကုသိုလ်အရင်းခံပြီး ဖြစ်ကြတဲ့ အကုသိုလ်များဖြစ်တယ်။

လိမ္မာတဲ့ တရားသိတဲ့ သူများကတော့ ကုသိုလ်ကြောင့် ကုသိုလ်ပဲ ထပ်၍ ဖြစ်တယ် ဒါန ကုသိုလ်ပြုတဲ့အခါ ဂုဏ်ပကာသနလည်း မမျှော် လာဘ်လာဘနဲ့ နောက်ဘဝစည်းစိမ်လည်း မတောင့်တ လှူသင့်ပေးသင့်လို့အပြစ်ကင်းတဲ့နေရာမှာ လှူတာပေးတာပဲ။ဒီလိုကုသိုလ်ကြောင့် ဘုရားအစရှိတဲ့ သူတော်ကောင်းများ သိမြင်တဲ့ နိဗ္ဗာန်ကို မြင်ရဖို့သာရည်ရွယ်တယ် ဘဝစည်းစိမ်ရပြန်လည်း ထပ်၍ တိုး၍ ဒါနပြုဖို့ပဲလို့ ရည်ရွယ်တယ်။

ဒါနပြုတဲ့အခါ သီလလည်းစင်ကြယ်အောင် ရုပ်ခန္ဓာ နာမ်ခန္ဓာကိုစိုက်ပြီး"အနိစ္စ ဒုက္ခ အနတ္တ" လို့ရှုတဲ့ ဘာဝနလည်း ဖြစ်အောင်ကြိုးစားတယ်။သီလစောင့်တဲ့အခါလည်း ဒါနပါအောင် ဘာဝနာပါအောင် သတိထားတယ်။ဒီလိုအလိမ္မာများမှာတော့ ကုသိုလ်ကြောင့် ကုသိုလ်တွေ အများကြီးထပ်၍ ဖြစ်ခွင့်ရတယ်။နိဗ္ဗာန်အထိ ခရီးရှည်လှ၏။ပေါ့ပေါ့ဆဆနဲ့ သွားသွားနေတဲ့သူတွေ လမ်းဆုံး မရောက်နိုင်ပါ။
ဆရာတော်အရှင်ဇနကာဘိဝံသ

No comments:

Post a Comment