Pages
▼
**** ကာမဂုဏ်ချမ်းသာတကာတွေထဲမှာ ဘယ်ကာမဂုဏ်ဟာ အချမ်းသာဆုံးလဲ ****
“ကာမဂုဏ်ချမ်းသာတကာတွေထဲမှာ ဘယ်ကာမဂုဏ်ဟာ အချမ်းသာဆုံးလဲ”
ကုမာရ။ ။ တက္ကသိုလ်ကျောင်းသားလူရွယ်တစ်ယောက်
လာရောက်၍ ရင်းနှီးစွာ မေးသည်ကား… ကာမဘုံသားတို့ ခံစားနေကြတဲ့
ကာမဂုဏ်ချမ်းသာ များစွာတွေထဲမှာ ဘယ်ချမ်းသာမျိုးဟာ
အရသာအရှိဆုံး
အကောင်းဆုံး အကြီးကျယ်ဆုံးသော ချမ်းသာမျိုးဆိုတာ ပိဋကတ်တော်ကျမ်း စာပေမှာ
ပါရှိတာများ တွေ့ဖူးပါသ လား ဆရာတော်၊ သိပါရစေ ဘုရား။
ဆရာ။ ။ ကပ်သီးကပ်သပ်၊
ကာမဂုဏ် အပြတ်ဟောနေတဲ့ ဆရာကိုများ ကာမဂုဏ် တိုးပွားရေးတရား လာမေးတာ
အံ့ပါကွာ၊ အေး… အမေးရှိတော့လည်း အဖြေရှိရမှာပေါ့၊ တို့များ တွေ့ဖူးတာကတော့…
အခါတစ်ပါးက တာဝတိံသာ နတ်ပြည်မှာ နတ်သားသစ်တစ်ယောက်က (နတ်မြို့တော်
မရောက်ဖူးသေးတဲ့ မင်းတို့လို တက္ကသိုလ်ကျောင်းသားနတ်သား တစ်ယောက်ပေါ့ကွာ)
နန္ဒ၀န်ဥယျာဉ်ကြီးထဲမှာ နတ်သမီးပေါင်းများစွာနဲ့ ပျော်ပွဲခံအပျော်ကျူး
မူးယစ်နေရင်း သူ့ကိုယ်သူကြည့်လိုက် အခြားနတ်သမီး နတ်သားတွေကို
ကြည့်လိုက်နဲ့ အကြီးအကျယ် ကျေနပ်ရွှင်မြူးပြီး
ကြွေးကြော်အော်ဟစ်လိုက်ပုံက…..
န တေ သုခံ ပဇာနန္တိ၊
ယေ န ပဿန္တိ နန္ဒနံ လောကေ…တဲ့။
လောကမှာ နတ်တို့ ကြည်ကြည်နူးနူးအပျော်ကျူးရာ ဤနန္ဒ၀န်ဥယျာဉ်ကြီးထဲကို
မရောက်ဖူး မတွေ့မြင် ဖူးသေးတဲ့ သူတွေဟာ မွေ့လျော်ပျော်ဖွယ်ရာ အကောင်းဆုံး
အချမ်းသာဆုံး အကြီးအကျယ်ဆုံးဖြစ်တဲ့ ကာမဂုဏ် ချမ်းသာသုခကို အပြည့်အဝ
ကျေကျေနပ်နပ်နဲ့ မခံစားဖူး အရသာ မသိဖူးသေးတဲ့သူတွေပဲဟု ၀မ်းပန်းတသာ ဟစ်အော်
ဟစ်အော်ကာ နေတယ်တဲ့။
အေး.. ဒါကြောင့် ကာမဂုဏ်ချမ်းသာတွေထဲမှာဖြင့်
နတ်ချမ်းသာဟာ အကြီးကျယ်ဆုံး ပျော်စရာအကောင်းဆုံးလို့ မှတ်ချင်ရင်
မှတ်ပေါ့ကွာ၊ မြတ်ဗုဒ္ဓကတော့ ဒုက္ခသစ္စာ ဆင်းရတာ အမှန်ပဲတဲ့။
ကုမာရ။ ။ အများကြီးပဲ ကျေးဇူးတင် ၀မ်းသာပါတယ် ဆရာတော်။
***သုတေသနသမ္မမဂ္ဂင်္ဂပဥှာကျမ်း***
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:330401
No comments:
Post a Comment