Pages
▼
*** ဒေါ်ဦးဇွန်း( မြန်မာပြည်မှာ ဘိုးဘွားရိပ်သာကို တွင်ကျယ်အောင် လုပ်ဆောင်ခဲ့သူ) ***
မြန်မာပြည်မှာ ဘိုးဘွားရိပ်သာကို တွင်ကျယ်အောင် လုပ်ဆောင်ခဲ့သူကတော့
ဒေါ်ဦးဇွန်းဖြစ်ပါတယ်။ သူကို မန္တလေးမြို့ ကျောက်သွေးတန်းရပ်ကွက် သောကြာနေ့မှာ
မွေးဖွားပါတယ်။ မင်းတုန်းမင်း အုပ်စိုးစဉ်က မွေးတာပါ။
ဒါပေမယ့် အသက် ၁၇ မှာ
သီပေါမင်း ပါတော်မူပါတယ်။ မိသားစုကတော့ အလွန်ချမ်း သာကြပါတယ်။
ဒေါ်ဦးဇွန်းက တစ်ဦးတည်းသော သမီးပါ။
မာနထောင်လွှား ခြင်းလည်းမရှိပါဘူး၊ စိတ်ထားလည်းမွန်မြတ်သူပါ၊
အိမ်ထောင်လည်းမပြုဘဲ မိဘဆီမှာ အလုပ်ကူရင်း၊ ပြုစုရင်းနဲ့ သူအသက် ၄၀ မှာ
မိဘနှစ်ပါးလုံး ကွယ်လွန်သွားတော့ အမွေအားလုံး သူရပါတယ်။ ဒါပေမယ့်
မိဘနှစ်ပါးလုံး ဆုံးပါးသွားတော့ စိတ်ကမပျော်ပိုက် တာနဲ့ ရန်ကုန်ကို
ဆင်းလာခဲ့ပါတယ်။ အဲမှာ ရန်ကုန်မှာ အနောက်နိုင်ငံ ခရစ်ယာန် ဘုန်ကြီးနဲ့
သီလရှင်တွေ တည်ထောင်ထားတဲ့ လူအိုရုံ တခုကို တွေ့ပြီး၊မြန်မာလူမျိုး
ဗုဒ္ဒဘာသာမှာလည်း ထိုသို့ မွန်မြတ်သော လုပ်ငန်းရှိသင့်တယ်လို ယူဆပြီး
မိမိကိုယ်တိုင် ဦးဆောင်ပြီး စလုပ်ပါတယ်။
ပထမတော့ မင်းကွန်းပုထိုးတော် နဲ့
မင်းကွန်း ခေါင်းလောင်း အနီးမှာ ကမ္မဌာန်းကျောင်း ၃ ကျောင်းဖွင့်ပြီး
ခိုကိုးရာမဲ့ အဘိုး၊အဘွားများကို သူကိုယ်တိုင် ပြုစုစောင့်ရှောင်ခဲ့ပါတယ်။
ဒေါ်ဦးဇွန်း တည်ခဲ့တဲ့ ဘိုးဘွားရိပ်သာများကတော့
မင်းကွန်း ဘိုးဘွားရိပ်သာ ၊
သထုံမြို့ ဘိုးဘွားရိပ်သာ၊
ပေါင်းတည်မြို့ ဘိုးဘွားရိပ်သာ၊
နှင်းဆီကုန်း ဘိုးဘွားရိပ်သာ၊
ပခုက္ကူ ဘိုးဘွားရိပ်သာ၊
များကို တည်ထောင်ခဲ့ပါတယ်။ သူပိုင်ဆိုင်တဲ့ ငွေအားလုံးကိုလည်း
ဘိုးဘွားရိပ်သာတွေ အတွက်ပဲ အကုန်လှူဒါန်းခဲ့ပါတယ်။ အဘိုး၊အဘွား တွေကို
ကူရင်း အသက် ၆၀ မှာ ပေါင်းတည် ဘိုးဘွားရိပ်သာ မှာ သီလရှင် အဖြစ်
ကူးပြောင်းခဲ့ပါတယ်။ သီလရှင်ဘ၀ နဲ့ ဘိုးဘွားရိပ်သာ လုပ်ငန်းတွေကို
လုပ်ကိုင်ရင်း အသက် ၇၆၊ ၁၉၄၄ မေလ ၁ ရက်နေ့ မှာ ကွယ်လွန်ခဲ့ပါတယ်။
ဘ၀တစ်ခုလုံးကို မွန်မြတ်သော အလုပ်ဖြင့် အဓိပ္ပာယ်ရှိ စေခဲ့သူပါ။
(
ဆရာမင်းယုဝေ ရဲ့ ပထမမြန်မာများစာအုပ်မှကောက် နုတ်ချက်ဖြစ်ပါသည်။)
https://www.facebook.com/photo.php?fbid=474509635988951&set=gm.
No comments:
Post a Comment