Pages

Friday, February 21, 2014

**** နှမြောစရာကောင်းသောအချိန် ****


နှမြောစရာကောင်းသောအချိန်
***********************

အချိန်တွေမကုန်စေနှင့်။

ဝတ်လို့အချိန်ကုန်၊ စားလို့အချိန်ကုန်၊ ပျင်းလို့အချိန်ကုန်

အဲဒီလို မဖြစ်စေနဲ့။



ကံကောင်းထောက်မလို့ လူ့ပြည်ရောက်တာ။

ကုသိုလ်မဖြစ်ဘဲ အချိန်ကုန်သွားရင် ပြီးပါရောဗျာ။

အချိန်ဆိုတာ စိစစ်ယူရတယ်။

ယနေ့ ငါ့မှာ ဘာကုသိုလ်ဖြစ်သလဲ။

မဖြစ်သေးရင် ဖြစ်အောင်လုပ်။

အရှုံးမခံနှင့်။

ကနေ့ နက်ဖြန် ပြန်မဖြစ်တော့ဘူး။

နင်တို့မသိလို့ အင်မတန်မှ နှမြောစရာကောင်းတယ်။

(ဝေဘူဆရာတော်ကြီး)
~~~~~~~~~~~~~
မင်းနန် (မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၁၃၉) မှ
ကောက်နုတ်ပူဇော်ပါသည်။

No comments:

Post a Comment