"မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ပြောတဲ့ ကမ္ဘာဖျက်လက်နက်ကြီး နှစ်ခု"
ရှက်ကြောက်မဲ့ပြန် အမည်းခံ ပူဒဏ်ကိလေစုပ်ယူသည်။ ကိလေသာဆယ်မျိုးတို့၏ ခေါင်းဆောင်ကား အဟိရိက(အကုသိုလ်ဒုစရိုက်တရားတို့အပေါ် မရှက်ခြင်း)၊ အနောတပ္ဗ(အကုသိုလ်ဒုစရိုက်တို့အပေါ် မကြောက်ခြင်း) နှစ်ပါးတည်း။ ၄င်းတရားနှစ်ပါးသည် ကိလေသာဆယ်ပါး၏ ပဲခူးဆားပင်ဖြစ်၏။

အကြိုက်နောက်လိုက် နှိုက်လိုသော် မရှက်တတ် မကြောက်တတ်မှသာ၊ အမုန်းနောက်လိုက် ပိုက်လိုသော် မရှက်တတ် မကြောက်တတ်မှသာ၊
အမိုက်နောက်လိုက် ပိုက်လိုသော် မရှက်တတ် မကြောက်တတ်မှသာ။
မည်သည့်ကိလေသာဖြင့် မည်သည့်ကိစ္စဆောင်ရွတ် ဆောင်ရွတ် ၄င်းနှစ်ပါးကမှ လိုက်ပါဆောင်ကြဉ်းမပေးသော် လွဲချော်မည်ချည်းသာဖြစ်ချေသည်။ လောကအတွင်းရှိ ဖြစ်ပွားပြီး
ဖြစ်ပွားဆဲ ဖြစ်ပွားအံ့ ဒုစရိုက်အကုသိုလ်မှန်သမျှ
၎င်းနှစ်ပါး၏ လက်ချက်ချည်း ပင်တည်း။
လူသားအချင်းချင်း တစ်ဦးကိုတစ်ဦးက ဖျက်ဆီးပစ်ရာ၌ ၄င်းတို့လက်ချက်။
လူသားအချင်းချင်း တစ်ဦးကိုတစ်ဦးက ဖျက်ဆီးပစ်ရာ၌ ၄င်းတို့လက်ချက်။
လူသားအချင်းချင်း တစ်မျိုးကိုတစ်မျိုးက ဖျက်ဆီးပစ်ရာ၌ ၄င်းတို့လက်ချက်။
သည့်အတူ ဘာသာအချင်းချင်း တိုင်းပြည်အချင်းချင်း သတ္တဝါအချင်းချင်း နိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ၊ ပျော်ပါးလို၍ဖြစ်စေ၊ တိုက်ခိုက် သတ်ဖြတ် စော်ကားလို၍ဖြစ်စေ ထိုအရေးအားလုံးကျူးကျော်ဖျက်ဆီးသူ တရားခံကား ၄င်းနှစ်ပါးမှလွဲ၍ အခြားမရှိပြီ။ ဂျပန်ပြည် အနုမြူဗုံးချသည်မှာ အမေရိကန်မဟုတ်ပါ။
အစ္စရေးလူမျိုးများ သတ်ဖြတ်ပစ်သည်မှာ ဂျာမန်မဟုတ်ပါ။
ထိုဂျာမန် အမေရိကန်တို့သည် လက်ပါးစေမျှသာ ဖြစ်ပြီး ၄င်းတို့သဏ္ဍာန်ရှိ
မကောင်းမှုကျူးလွန်ရမည်ကို မရှက်ခြင်း အဟိရိက၊ တုံ့လှည့်တစ်ဖန်
နောင်ပြန်လည်ခံရမည်ကို မလန့်ခြင်း၊ အနောတ္တပ္ဗ ထိုတရားနှစ်ပါးတို့ သည်သာ
တကယ့်လက်သည်တည်း။
ထိုတရားနှစ်ပါးသည် လိုချင်လှ၍ ဘာမှမမြင်ရတော့သူကို အကြိုက်ပြလျှက်က အဖျက်ချခိုင်းစေမည်။
မလိုချင်လှ၍ ဘာမှမမြင်ရတော့သူကို အမုန်းပြလျက်က အဖျက်ချခိုင်းစေမည်။
ဘာမှမသိ၍ ဘာမှမမြင်ရလေသူကို စကားလုံးအသုံးပြလျက်က အဖျက်ချခိုင်းစေမည်။
သည့်အတူ မာန်ယှနေသဖြင့် ဘာမှမမြင်ရလေသူ အစွဲကျနေသဖြင့် ဘာမှ မမြင်ရလေသူ စသည်များကိုလည်း
မြွေရှေ့ဖားချ နွားရှေ့မြက်ပုံပမာ သူ့ခုံမင်ရာ အာရုံများဖြင့် တိုက်လျက်က တစ်ဖက် အဖျက်ချခိုင်းစေတော့သည်သာ။ အရက်သောက်ကျူး၍ မူးမူးမေ့မေ့ ဖြစ်နေသူ မိမိသေရမည်ကိုလည်း မကြောက် သူတစ်ပါး သတ်ဖြတ်ရမည်ကိုလည်း မကြောက်ချေ။
လက်ငင်းအမှု ပေါ်မည်ကိုလည်း မကြောက်၊ နောင်ခံရဦးမည်ကိုလည်း မလန့်ချေ။

ထိုအဟိရိက အနောတ္တပ္ဗ တရားနှစ်ပါးထွန်းကားနေသူသည်လည်း ရှက်စရာကိုလည်းရှက်စရာမထင်၊ ကြောက်စရာကိုလည်း
ကြောက်စရာမထင်ပြီ။
ကြောင်တကြောင်
ကျားတကျားနှင့် ဘာမျှ မခြားနားတော့ပြီတည်း။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
No comments:
Post a Comment