Pages
▼
**** တန်ဖိုးရှိသည်မို့  တန်ဖိုးသိစေချင် ****
တန်ဖိုးရှိသည်မို့  တန်ဖိုးသိစေချင်
*************************
မြတ်ဗုဒ္ဓ၏ အဆုံးအမများသည်
ဒို့ လူမျိုးအတွက်သာမဟုတ်
သတ္တဝါတိုင်းအတွက်သာဖြစ်သည် ။
ကိုးကွယ်ရသည်မှာ
မြတ်ဗုဒ္ဓ၏ ပုံတော်မဟုတ်
အတုမရှိသော အဆုံးအမများသာဖြစ်သည်။
အတုမရှိသောအဆုံးအမများသည်
ထူးထူးဆန်းဆန်းများမဟုတ် ။
စစ်မှန်၍ ရိုးရှင်းသော သဘောတရား
တစ်ခုသာဖြစ်သည် ။
စစ်မှန်သောသဘောတရားသည်
အလွယ်တကူ နှလုံးသွင်းနိုင်မည်မဟုတ်။
အကြောင်း / အကျိုး၏သဘောကို
နားလည်နိုင်သည့် { ဥာဏ် } ရှိမှသာလျှင်
သိနိုင်မည် ။
မြတ်ဗုဒ္ဓ၏ ဓမ္မသဘောတရားတို့ သည်
ထာဝရတည်မြဲခြင်းဟု
ဆိုလိုခြင်းမဟုတ်။
ဖြစ်ပျက် ဟူသောလွတ်မြောက်မှု
သတိ တရားသာဖြစ်သည် ။
မြတ်ဗုဒ္ဓ၏ ကျေးဇူးတရားတို့ သည်
စာဖတ်ရုံမျှဖြင့် အမှန်တကယ် သိနိုင်
မည်မဟုတ် ။
ကိုယ်တိုင် နှလုံးသွင်းအားထုတ်မှသာ
ကျေးဇူးသိ၍ ကျေးဇူးရှိ
( တန်ဖိုးသိ၍ တန်ဖိုးရှိ ) မည်ဖြစ်သည် ။
မြတ်ဗုဒ္ဓ၏ ကျေးဇူးတရားများ အမှန်တ
ကယ်သိမူကား သာသနာကွယ်ခြင်း
ရှိမည်မဟုတ် ။
ကျေးဇူးတရားမသိခြင်းကြောင့်သာ
( တန်ဖိုးရှိသည်ကို တန်ဖိုးမသိခြင်းကြောင့်သာ )
ကျွန်ုပ်တို့ ၏ သတိတရားများ
ကွယ်ခြင်းဟုသာ
( သာသနာကွယ်ခြင်း ) ဟုသာ
ယုံကြည်ထားပေသည် ။
ဓမ္မမိတ်ဆွေများအားလုံးကိုယ်၏ကျန်းမာ
ခြင်းစိတ်၏ချမ်းသာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေ ။
U Dhammar Nan Da ဖေ့ဘုတ်မှ ကူးယူမျှဝေသည်။
No comments:
Post a Comment