Pages

Sunday, February 9, 2014

**** အနတ္တဝါဒ အပိုင်း(၁၀) ****

 Photo: အနတ္တဝါဒ
-----------
အပိုင်း(၁၀)

အတ္တစွဲရှိသောသူသည် အတွေးအခေါ်နယ်ပယ်၌ တစ်ဖက်စွန်းရောက်ပုဂ္ဂိုလ် ဖြစ်၏။ သူ၏အမြင်အားဖြင့် လူသားသည် စကြာဝဠာ၏ ထာဝရအရှင်သခင် သို့မဟုတ် နိစ္စဓူဝ အသင်္ခတဓာတ်ကြီးကို ကိုယ်စားပြု၍ ကြီးမားသော ဂုဏ်သတ္တိပိုင်ရှင်  ဖြစ်၏။ အခွင့်ထူးခံ သတ္တဝါဖြစ်၍ နောက်ဆုံးတစ်နေ့၌ ထာဝရအရှင်သခင် သို့မဟုတ် ထာဝရဓာတ်ကြီးနှင့် ပြန်လည်ပူးပေါင်းမှုသို့ ဦးတည်ချက်ရှိ၏။ ထိုအတ္တစွဲပုဂ္ဂိုလ်သည် မိမိ၏ ခံယူချက်ကို ဝေဖန်ဆန်းစစ်သော သူတို့အား လူသား၏ဂုဏ်ကို ဖျက်ဆီးသည် လူ့ဘဝသည် မျှော်လင့်ချက်ကင်း၍ အချည်းအနှီးဖြစ်အောင် ပြုလုပ်သည်ဟူသော တစ်ဖက်စွန်းရောက် စကားများဖြင့် စွပ်စွဲ၏။ သူအဖို့ လူ့ဘဝ လူ့လောကကို မျှမျှတတ ယထာဘူတကျကျ အလယ်ရှုထောင့်ဟူ၍ မရှိချေ။ ဤလူ့ဘုံသည် ဒုက္ခဘုံဖြစ်ကြောင်း ဒုက္ခဘုံဖြစ်၍ လူသား၏တိုးတက်မှုသည် ဆင်းရဲဒုက္ခနှင့် ဒွန်တွဲနေ၏။ လူသတ္တဝါတစ်ဦး သို့မဟုတ် လူသတ္တဝါမျိုးစု တိုးတက်မှုအတွက် ဆင်းရဲဒုက္ခ ခံစားရစမြဲဖြစ်၏။ တိုးတက်မှုရရှိသောအခါ အများအားဖြင့် ထိုတိုးတက်မှုကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ပြဿနာများ အခက်အခဲများကို ရင်ဆိုင်ကြရ၏။ 

ထို့ကြောင့် ဗုဒ္ဓဝါဒ၏ သြဝါဒနှင့်အညီ ပစ္စုပ္ပာန်(ဝါ) မျက်မှောက်ဘဝကို အလေးထားသော ပုဂ္ဂိုလ်အဖို့ လူ့ဘဝသည် စိတ်ပျက်ဖွယ်ရာ မျှော်လင့်ချက်ကင်းသော ဘဝမဟုတ်ချေ။ စင်စစ် ကြီးပွားတိုးတက်ရန် အလားအလာရှိခြင်းသည် လူသား၏ ဂုဏ်သတ္တိဖြစ်၏။ လူလောက၏ တိုးတက်မှုကို အကျိုးပြုရာ၌ လူတို့သည် တစ်ဦးနှင့်တစ်ဦး စွမ်းရည်သတ္တိ ကွာခြားသော်လည်း အနတ္တသဘောတရားအရ မည်သူမျှ မမှီမကင်းဘဲ တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဖြစ်ကြခြင်းကို မမေ့သင့်ချေ။ ဥပမာ သိပ္ပံပညာ၏ အသီးအပွင့်များဖြင့် လူ့လောက တိုးတက်မှု၌ လက်ဦးစူးစမ်းလေ့လာသော သိပ္ပံပညာရှင်များကိုသာမက စူးစမ်းမှုကိုကူညီပံ့ပိုးသော သူများနှင့် အခြားတစ်နည်းနည်း ပါဝင်ပတ်သက်သော သူများကိုလည်း  ကျေးဇူးတင်ရပေမည်။ အနတ္တဝါဒကို သိမြင်မှုကြောင့် သတ္တလောက၌ လူ၏ဂုဏ်သိက္ခာနှင့် နေရာကဏ္ဍကြီးမြင့်လာကြောင်း အမေရိကန်ပညာရှင်တစ်ဦးက။  ။ 

ဗုဒ္ဓဝါဒသည် စိတ်ပျက်ဖွယ်ရာ နိတ္ထိကဝါဒမဟုတ်။ ဗုဒ္ဓအလိုအားဖြင့် သီးခြားအတ္တမရှိသော်လည်း လူသည် အတ္တထက်ပို၍ ကြီးကျယ်နက်နဲ၏။ အတ္တအယူကို ပယ်လိုက်ခြင်းဖြင့် လူသည် အဆုံးအစ မထင်သော အနာဂတ်ကာလ အတိတ်ကာလနှင့် ဆက်စပ်နေကြောင်း ထင်ရှားလာ၏။ အနတ္တတရားသည် သတ္တလောက ဖြစ်စဉ်တစ်ရပ်လုံးနှင့် ကျွန်ုပ်တို့ ဆက်စပ်နေပုံကိုဖော်ညွန်း၏။ ပုဂ္ဂိုလ်တစ်ဦး ကွယ်လွန်သောအခါ၌ သူ၏အမှုများသည် နှောင်းလူတို့အဖို့ ကောင်းမွေဆိုးမွေအဖြစ် ဆက်လက်ကျန်ရှိမည့် အကြောင်းကိုလည်း ထင်ရှားစေ၏။ ဗုဒ္ဓသည် ရဟန်းတို့အား မိမိကိုယ်သာလျှင် မှီခိုအားထားရာဖြစ်ကြောင်း ဟောကြားသောအခါ ရဟန်းတို့က မည်သည့်အရာကို အားကိုးရပါမည်နည်းဟု ပြန်လည်မေးလျှောက်ခြင်း မရှိချေ။ အတ္တစွဲကင်းသော ရဟန်းတို့သည် အချို့သော အနောက်တိုင်း ဗုဒ္ဓဝါဒီ ဗုဒ္ဓစာပေ လေ့လာသူများကဲ့သို့ စိတ်ဇဝေဇဝါ ဖြစ်မနေဘဲ သဒ္ဓါ သီလ စာဂ သတိ သမာဓိ ဝီရိယ ပညာစသော တရားများကိုသာလျှင် အားကိုးရမည်ဖြစ်ကြောင်း ကောင်းစွာသိရှိနားလည်ကြ၏။ ထိုတရားများမှာ ပိဋကတ်စာပေ၌ အလေးအနက် ဗုဒ္ဓဟောကြားခဲ့သော တရားများဖြစ်၍ အနတ္တဝါဒ၏ ဦးတည်ချက်မှာ ထိုတရားများပွားများ အားထုတ်မှုကို ပိတ်ပင်တားဆီးသော တဏှာ မာန ဒိဋ္ဌိကို ပယ်သတ်ရန်ဖြစ်၏။ ဤသည်မှာ အနတ္တတရားကို ဗုဒ္ဓသိမြင်မှုနှင့် အနောက်တိုင်းပညာရှင်တို့၏ သိမြင်မှုအကြား ထင်ရှားသော ကွာဟချက်ဖြစ်၏။ ဥရောပပညာရှင်တစ်ဦး၏ အဆိုအားဖြင့် အနောက်တိုင်း ဒဿနိကဆရာတို့၏ အနတ္တအကြောင်း ရေးသားချက်များမှာ ဗုဒ္ဓ၏ အနတ္တဒေသနာများထက် ပိုမိုစိတ်ဝင်စားဖွယ်ကောင်း၏။ မတူညီသော အချက်မှာ ဒဿနိကဆရာသည် အတ္တမရှိကြောင်းအခိုင်အမာ ပြဆိုပြီးနောက် အတ္တထင်ရှားရှိဘိသကဲ့သို့ ပြုမှုနေထိုင်၏။ သူ၏ အသိအမြင်သည် သူ၏ လောဘ ဒေါသနှင့် သံယောဇဉ်တရားများ အပေါ်သို့ လုံးဝအကျိုးသက်ရောက်မှု  မရှိချေ။ သူ၏ ပညာ အဆင့်အတန်းကို ဆုံးဖြတ်ရာ၌ လူတို့သည် သူ၏ သည်းမခံမှု မာနကြီးမှု အဘိဇ္ဈာဗျာပါဒရှိမှု ပတ်ဝန်းကျင်လူများနှင့် ဆက်ဆံရေးအဆင်မပြေမှု စသည်တို့ကို ဂရုမပြုဘဲ  သူ၏ အယူအဆများအကြောင်း ယုတ္တိခိုင်လုံမှု ရှေ့နောက်ညီညွတ်မှု စသည်တို့ကိုသာ စဉ်းစား၍ ဆုံးဖြတ်ကြ၏။ ဗုဒ္ဓဝါဒ အလိုအားဖြင့် အနတ္တတရားကို သိမြင်မှုသက်သက်သည် အချည်းအနှီးဖြစ်၍ ကိုယ်ကျင့်တရားအား အကျိုးပြုမှု ကိုက်တံဖြင့်သာလျှင် သမ္မာဒိဋ္ဌိ ဟုတ် မဟုတ် ဆုံးဖြတ်ရ၏။ ထေရဝါဒဗုဒ္ဓဘာသာ နိုင်ငံများ၌လည်း အနတ္တတရားကို မကြာခဏ ဟောပြော ကြားနာနေပါလျက် တဏှာ မာန လောဘ ဒေါသ ဖုံးလွှမ်းနေသော သူတို့မှာ မနည်းလှချေ။ သို့ရာတွင် များစွာသောဗုဒ္ဓဝါဒီတို့အဖို့ အနတ္တတရားသည် မိမိကိုယ်မိမိ ဆုံးမမှုအား အကျိုးပြုပုံကို တစ်ခါက အမေရိကန်ပညာရှင်တစ်ဦးက ထောာက်ပြခဲ့၏။ ထိုပညာရှင်သည် ဗုဒ္ဓဘာသာဝင် အာရှနိုင်ငံများသို့ သွားရောက်လှည့်လည်၍ ဗုဒ္ဓဝါဒနှင့် ဗုဒ္ဓဝါဒီအကြောင်းကို စေ့စေ့စပ်စပ် လေ့လာပြီးနောက် အနတ္တတရားအကြောင့် ဗုဒ္ဓဝါဒီတို့ စိတ်နှလုံး ယဉ်ကျေးသိမ်မွေ့ပုံကို ချီးကျူးရေးသားခဲ့ပေသည်။

အာရှတိုက်ရှိ ဗုဒ္ဓဘာသာနိုင်ငံများ၌ ဗုဒ္ဓတရားကြောင့် လူတို့သည် လောဘ ဒေါသနှင့် တစ်ကိုယ်ကောင်းစိတ်တို့ကို ကြိုးစား၍ ချိုးနှိမ်ကြကြောင်း ယုံမှားစရာမရှိချေ။ ဤအချက်သည် ဗုဒ္ဓဝါဒီတို့၏ အနတ္တတရား၌ လည်းကောင်း အတ္တစိတ်ကို ပယ်ရန် ကြိုးပမ်းမှု၌လည်းကောင်း ထင်ရှား၏။ ဗုဒ္ဓဝါဒီတို့သည် ငါစွဲ မာန်မာနကင်းကြောင်း သူတို့နှင့် ဆက်ဆံဖူးသော သူတို့ သတိပြုမိကြပေလိမ့်မည်။ ဤစိတ်ဓာတ်မျိုးသည် မာနတက်ကြွ၍ ဝင့်ဝါလိုသော အနောက်တိုင်းသားတို့၏ စိတ်ဓာတ်မျိုးနှင့် ကွာခြားလှပေ၏။ ဤစိတ်ဓာတ်မျိုး ရှိသောကြောင့် ဗုဒ္ဓဝါဒီသည် ငြိမ်းချမ်းမှုကို လိုလား၏။ မိမိ၏ အခွင့်အရေးအတွက် တိုက်ပွဲမဝင်နေဘဲ အနစ်နာခံကာ ငြိမ်းချမ်းစွာနေလို၏။ ငါ တကောကော၍ သူတစ်ပါးနှင့် ဖက်ပြိုင်ကာ အနိုင်ယူလိုသောစိတ် မရှိချေ။ တိုက်ခိုက်၍ရရှိသော အကျိုးတရားသည် မည်မျှကြီးမားစေကာမူ စိတ်ငြိမ်းချမ်းမှုလောက် တန်ဖိုးမရှိကြောင်း သိမြင်နားလည်၏။ 

ဤသို့သော မာန်မာနကင်းမှုသည် စိတ်ဓာတ်ပျော့ညံ့သော သို့မဟုတ် သတ္တမရှိသော သဘောလက္ခဏာမဟုတ်။ ယင်း၏ နောက်ကွယ်တွင် မာနတံခွန် အမြဲလွင့်ထူနေသော အနောက်နိုင်ငံသားများ အံ့သြရမည်ဖြစ်သော စိတ်ဓာတ်ရင့်ကျက်မှုသည် ရှိ၏။ သန်မာတောင့်တင်းသော ယောက်ျားသည် မိမိ၏ခွန်အားကို ယုံကြည်သော်လည်း လူအုပ်ထဲသို့ တိုးခွေ့ မသွားလိုသကဲ့သို့ ဗုဒ္ဓဝါဒီသည် စိတ်နှလုံးယဉ်ကျေး သိမ်မွေ့သောကြောင့် မာန်မာနကင်း၍  ငြိမ်းချမ်းစွာနေလိုသော ဆန္ဒရှိခြင်းဖြစ်ပေသည်။  ။ လူတို့သည် အတ္တစိတ် အတ္တစွဲကင်းသော မွန်မြတ်သော လုပ်ငန်းကိစ္စများ၌ ပျော်မွေ့ခြင်းမရှိပါက ကမ္ဘာပေါ်၌ ငြိမ်းချမ်းမှု မှန်ကန်မှု ခေါင်းဆောင်ကောင်း စစ်မှန်မှုရှိတော့ မည်မဟုတ်ချေ။လူသားသည် မိမိ၏ အတ္တဘာဝကို အစွဲမရှိအပ်။ ထိုအစွဲမရှိခြင်းသည် အနှောင်ဖွဲ့မှ လွတ်မြောက်ခြင်း ဖြစ်၏။
(ဦးအေးမောင်)

အနတ္တဝါဒ အပိုင်း(1)မှ(10)အထိ ပြီးဆုံးပါပြီ။ မိတ်ဆွေများ၏ အတ္တအမှောင်ထုကို တစ်လုံးတစ်ပါဒသော စာစုများမှ အနည်းငယ်မျှသော အလင်းရောင်ရယူနိုင်ကြပါစေ။
အနတ္တဝါဒ အပိုင်း(၁၀)
******************
အတ္တစွဲရှိသောသူသည် အတွေးအခေါ်နယ်ပယ်၌ တစ်ဖက်စွန်းရောက်ပုဂ္ဂိုလ် ဖြစ်၏။ သူ၏အမြင်အားဖြင့် လူသားသည် စကြာဝဠာ၏ ထာဝရအရှင်သခင် သို့မဟုတ် နိစ္စဓူဝ အသင်္ခတဓာတ်ကြီးကို ကိုယ်စားပြု၍ ကြီးမားသော ဂုဏ်သတ္တိပိုင်ရှင် ဖြစ်၏။ အခွင့်ထူးခံ သတ္တဝါဖြစ်၍ နောက်ဆုံးတစ်နေ့၌ ထာဝရအရှင်သခင် သို့မဟုတ် ထာဝရဓာတ်ကြီးနှင့် ပြန်လည်ပူးပေါင်းမှုသို့ ဦးတည်ချက်ရှိ၏။ 
 
ထိုအတ္တစွဲပုဂ္ဂိုလ်သည် မိမိ၏ ခံယူချက်ကို ဝေဖန်ဆန်းစစ်သော သူတို့အား လူသား၏ဂုဏ်ကို ဖျက်ဆီးသည် လူ့ဘဝသည် မျှော်လင့်ချက်ကင်း၍ အချည်းအနှီးဖြစ်အောင် ပြုလုပ်သည်ဟူသော တစ်ဖက်စွန်းရောက် စကားများဖြင့် စွပ်စွဲ၏။ သူအဖို့ လူ့ဘဝ လူ့လောကကို မျှမျှတတ ယထာဘူတကျကျ အလယ်ရှုထောင့်ဟူ၍ မရှိချေ။ 
 
ဤလူ့ဘုံသည် ဒုက္ခဘုံဖြစ်ကြောင်း ဒုက္ခဘုံဖြစ်၍ လူသား၏တိုးတက်မှုသည် ဆင်းရဲဒုက္ခနှင့် ဒွန်တွဲနေ၏။ လူသတ္တဝါတစ်ဦး သို့မဟုတ် လူသတ္တဝါမျိုးစု တိုးတက်မှုအတွက် ဆင်းရဲဒုက္ခ ခံစားရစမြဲဖြစ်၏။ တိုးတက်မှုရရှိသောအခါ အများအားဖြင့် ထိုတိုးတက်မှုကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ပြဿနာများ အခက်အခဲများကို ရင်ဆိုင်ကြရ၏။

ထို့ကြောင့် ဗုဒ္ဓဝါဒ၏ သြဝါဒနှင့်အညီ ပစ္စုပ္ပာန်(ဝါ) မျက်မှောက်ဘဝကို အလေးထားသော ပုဂ္ဂိုလ်အဖို့ လူ့ဘဝသည် စိတ်ပျက်ဖွယ်ရာ မျှော်လင့်ချက်ကင်းသော ဘဝမဟုတ်ချေ။ စင်စစ် ကြီးပွားတိုးတက်ရန် အလားအလာရှိခြင်းသည် လူသား၏ ဂုဏ်သတ္တိဖြစ်၏။ လူလောက၏ တိုးတက်မှုကို အကျိုးပြုရာ၌ လူတို့သည် တစ်ဦးနှင့်တစ်ဦး စွမ်းရည်သတ္တိ ကွာခြားသော်လည်း အနတ္တသဘောတရားအရ မည်သူမျှ မမှီမကင်းဘဲ တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဖြစ်ကြခြင်းကို မမေ့သင့်ချေ။
 
 ဥပမာ သိပ္ပံပညာ၏ အသီးအပွင့်များဖြင့် လူ့လောက တိုးတက်မှု၌ လက်ဦးစူးစမ်းလေ့လာသော သိပ္ပံပညာရှင်များကိုသာမက စူးစမ်းမှုကိုကူညီပံ့ပိုးသော သူများနှင့် အခြားတစ်နည်းနည်း ပါဝင်ပတ်သက်သော သူများကိုလည်း ကျေးဇူးတင်ရပေမည်။ အနတ္တဝါဒကို သိမြင်မှုကြောင့် သတ္တလောက၌ လူ၏ဂုဏ်သိက္ခာနှင့် နေရာကဏ္ဍကြီးမြင့်လာကြောင်း အမေရိကန်ပညာရှင်တစ်ဦးက။ ။

ဗုဒ္ဓဝါဒသည် စိတ်ပျက်ဖွယ်ရာ နိတ္ထိကဝါဒမဟုတ်။ ဗုဒ္ဓအလိုအားဖြင့် သီးခြားအတ္တမရှိသော်လည်း လူသည် အတ္တထက်ပို၍ ကြီးကျယ်နက်နဲ၏။ အတ္တအယူကို ပယ်လိုက်ခြင်းဖြင့် လူသည် အဆုံးအစ မထင်သော အနာဂတ်ကာလ အတိတ်ကာလနှင့် ဆက်စပ်နေကြောင်း ထင်ရှားလာ၏။ 
 
အနတ္တတရားသည် သတ္တလောက ဖြစ်စဉ်တစ်ရပ်လုံးနှင့် ကျွန်ုပ်တို့ ဆက်စပ်နေပုံကိုဖော်ညွန်း၏။ ပုဂ္ဂိုလ်တစ်ဦး ကွယ်လွန်သောအခါ၌ သူ၏အမှုများသည် နှောင်းလူတို့အဖို့ ကောင်းမွေဆိုးမွေအဖြစ် ဆက်လက်ကျန်ရှိမည့် အကြောင်းကိုလည်း ထင်ရှားစေ၏။
 
 ဗုဒ္ဓသည် ရဟန်းတို့အား မိမိကိုယ်သာလျှင် မှီခိုအားထားရာဖြစ်ကြောင်း ဟောကြားသောအခါ ရဟန်းတို့က မည်သည့်အရာကို အားကိုးရပါမည်နည်းဟု ပြန်လည်မေးလျှောက်ခြင်း မရှိချေ။ အတ္တစွဲကင်းသော ရဟန်းတို့သည် အချို့သော အနောက်တိုင်း ဗုဒ္ဓဝါဒီ ဗုဒ္ဓစာပေ လေ့လာသူများကဲ့သို့ စိတ်ဇဝေဇဝါ ဖြစ်မနေဘဲ သဒ္ဓါ သီလ စာဂ သတိ သမာဓိ ဝီရိယ ပညာစသော တရားများကိုသာလျှင် အားကိုးရမည်ဖြစ်ကြောင်း ကောင်းစွာသိရှိနားလည်ကြ၏။
 
 ထိုတရားများမှာ ပိဋကတ်စာပေ၌ အလေးအနက် ဗုဒ္ဓဟောကြားခဲ့သော တရားများဖြစ်၍ အနတ္တဝါဒ၏ ဦးတည်ချက်မှာ ထိုတရားများပွားများ အားထုတ်မှုကို ပိတ်ပင်တားဆီးသော တဏှာ မာန ဒိဋ္ဌိကို ပယ်သတ်ရန်ဖြစ်၏။ ဤသည်မှာ အနတ္တတရားကို ဗုဒ္ဓသိမြင်မှုနှင့် အနောက်တိုင်းပညာရှင်တို့၏ သိမြင်မှုအကြား ထင်ရှားသော ကွာဟချက်ဖြစ်၏။ 
 
 ဥရောပပညာရှင်တစ်ဦး၏ အဆိုအားဖြင့် အနောက်တိုင်း ဒဿနိကဆရာတို့၏ အနတ္တအကြောင်း ရေးသားချက်များမှာ ဗုဒ္ဓ၏ အနတ္တဒေသနာများထက် ပိုမိုစိတ်ဝင်စားဖွယ်ကောင်း၏။ မတူညီသော အချက်မှာ ဒဿနိကဆရာသည် အတ္တမရှိကြောင်းအခိုင်အမာ ပြဆိုပြီးနောက် အတ္တထင်ရှားရှိဘိသကဲ့သို့ ပြုမှုနေထိုင်၏။ သူ၏ အသိအမြင်သည် သူ၏ လောဘ ဒေါသနှင့် သံယောဇဉ်တရားများ အပေါ်သို့ လုံးဝအကျိုးသက်ရောက်မှု မရှိချေ။ 
 
သူ၏ ပညာ အဆင့်အတန်းကို ဆုံးဖြတ်ရာ၌ လူတို့သည် သူ၏ သည်းမခံမှု မာနကြီးမှု အဘိဇ္ဈာဗျာပါဒရှိမှု ပတ်ဝန်းကျင်လူများနှင့် ဆက်ဆံရေးအဆင်မပြေမှု စသည်တို့ကို ဂရုမပြုဘဲ သူ၏ အယူအဆများအကြောင်း ယုတ္တိခိုင်လုံမှု ရှေ့နောက်ညီညွတ်မှု စသည်တို့ကိုသာ စဉ်းစား၍ ဆုံးဖြတ်ကြ၏။ 
 
ဗုဒ္ဓဝါဒ အလိုအားဖြင့် အနတ္တတရားကို သိမြင်မှုသက်သက်သည် အချည်းအနှီးဖြစ်၍ ကိုယ်ကျင့်တရားအား အကျိုးပြုမှု ကိုက်တံဖြင့်သာလျှင် သမ္မာဒိဋ္ဌိ ဟုတ် မဟုတ် ဆုံးဖြတ်ရ၏။ ထေရဝါဒဗုဒ္ဓဘာသာ နိုင်ငံများ၌လည်း အနတ္တတရားကို မကြာခဏ ဟောပြော ကြားနာနေပါလျက် တဏှာ မာန လောဘ ဒေါသ ဖုံးလွှမ်းနေသော သူတို့မှာ မနည်းလှချေ။ 
 
သို့ရာတွင် များစွာသောဗုဒ္ဓဝါဒီတို့အဖို့ အနတ္တတရားသည် မိမိကိုယ်မိမိ ဆုံးမမှုအား အကျိုးပြုပုံကို တစ်ခါက အမေရိကန်ပညာရှင်တစ်ဦးက ထောာက်ပြခဲ့၏။ ထိုပညာရှင်သည် ဗုဒ္ဓဘာသာဝင် အာရှနိုင်ငံများသို့ သွားရောက်လှည့်လည်၍ ဗုဒ္ဓဝါဒနှင့် ဗုဒ္ဓဝါဒီအကြောင်းကို စေ့စေ့စပ်စပ် လေ့လာပြီးနောက် အနတ္တတရားအကြောင့် ဗုဒ္ဓဝါဒီတို့ စိတ်နှလုံး ယဉ်ကျေးသိမ်မွေ့ပုံကို ချီးကျူးရေးသားခဲ့ပေသည်။

အာရှတိုက်ရှိ ဗုဒ္ဓဘာသာနိုင်ငံများ၌ ဗုဒ္ဓတရားကြောင့် လူတို့သည် လောဘ ဒေါသနှင့် တစ်ကိုယ်ကောင်းစိတ်တို့ကို ကြိုးစား၍ ချိုးနှိမ်ကြကြောင်း ယုံမှားစရာမရှိချေ။ ဤအချက်သည် ဗုဒ္ဓဝါဒီတို့၏ အနတ္တတရား၌ လည်းကောင်း အတ္တစိတ်ကို ပယ်ရန် ကြိုးပမ်းမှု၌လည်းကောင်း ထင်ရှား၏။
 
 ဗုဒ္ဓဝါဒီတို့သည် ငါစွဲ မာန်မာနကင်းကြောင်း သူတို့နှင့် ဆက်ဆံဖူးသော သူတို့ သတိပြုမိကြပေလိမ့်မည်။ ဤစိတ်ဓာတ်မျိုးသည် မာနတက်ကြွ၍ ဝင့်ဝါလိုသော အနောက်တိုင်းသားတို့၏ စိတ်ဓာတ်မျိုးနှင့် ကွာခြားလှပေ၏။ ဤစိတ်ဓာတ်မျိုး ရှိသောကြောင့် ဗုဒ္ဓဝါဒီသည် ငြိမ်းချမ်းမှုကို လိုလား၏။ 
 
မိမိ၏ အခွင့်အရေးအတွက် တိုက်ပွဲမဝင်နေဘဲ အနစ်နာခံကာ ငြိမ်းချမ်းစွာနေလို၏။ ငါ တကောကော၍ သူတစ်ပါးနှင့် ဖက်ပြိုင်ကာ အနိုင်ယူလိုသောစိတ် မရှိချေ။ တိုက်ခိုက်၍ရရှိသော အကျိုးတရားသည် မည်မျှကြီးမားစေကာမူ စိတ်ငြိမ်းချမ်းမှုလောက် တန်ဖိုးမရှိကြောင်း သိမြင်နားလည်၏။

ဤသို့သော မာန်မာနကင်းမှုသည် စိတ်ဓာတ်ပျော့ညံ့သော သို့မဟုတ် သတ္တမရှိသော သဘောလက္ခဏာမဟုတ်။ ယင်း၏ နောက်ကွယ်တွင် မာနတံခွန် အမြဲလွင့်ထူနေသော အနောက်နိုင်ငံသားများ အံ့သြရမည်ဖြစ်သော စိတ်ဓာတ်ရင့်ကျက်မှုသည် ရှိ၏။
 
 သန်မာတောင့်တင်းသော ယောက်ျားသည် မိမိ၏ခွန်အားကို ယုံကြည်သော်လည်း လူအုပ်ထဲသို့ တိုးခွေ့ မသွားလိုသကဲ့သို့ ဗုဒ္ဓဝါဒီသည် စိတ်နှလုံးယဉ်ကျေး သိမ်မွေ့သောကြောင့် မာန်မာနကင်း၍ ငြိမ်းချမ်းစွာနေလိုသော ဆန္ဒရှိခြင်းဖြစ်ပေသည်။ ။
 
 လူတို့သည် အတ္တစိတ် အတ္တစွဲကင်းသော မွန်မြတ်သော လုပ်ငန်းကိစ္စများ၌ ပျော်မွေ့ခြင်းမရှိပါက ကမ္ဘာပေါ်၌ ငြိမ်းချမ်းမှု မှန်ကန်မှု ခေါင်းဆောင်ကောင်း စစ်မှန်မှုရှိတော့ မည်မဟုတ်ချေ။လူသားသည် မိမိ၏ အတ္တဘာဝကို အစွဲမရှိအပ်။ ထိုအစွဲမရှိခြင်းသည် အနှောင်ဖွဲ့မှ လွတ်မြောက်ခြင်း ဖြစ်၏။

(ဦးအေးမောင်)

အနတ္တဝါဒ အပိုင်း(1)မှ(10)အထိ ပြီးဆုံးပါပြီ။ မိတ်ဆွေများ၏ အတ္တအမှောင်ထုကို တစ်လုံးတစ်ပါဒသော စာစုများမှ အနည်းငယ်မျှသော အလင်းရောင်ရယူနိုင်ကြပါစေ။
 

No comments:

Post a Comment