Pages

Tuesday, February 11, 2014

**** မိသားစုစုံလင်တဲ့ထမင်းဝိုင်းလေး *****

" အမေ....ဒီဟင်းနဲ့စားရမှာလား
သားမှ မကြိုတ်တာ/ သမီးမှ မကြိုက်တာ မစားချင်ဘူး "

ဆိုးနွဲ့ကာစိတ်ကောက်တက်တဲ့သား / သမီးအခုတော့ နောင်တရနေပါပီ

ဘယ်လောက်ပဲအကောင်းစားဆီပျံဟင်း
တွေဆုံတဲ့ထမင်းဝိုင်းကြီးဖြစ်နေပါစေ
အမေချက်တဲ့ထမင်းဟင်းနဲ့မိသားစု
စုံစုံလင်လင်စားရတဲ့ထမင်းဝိုင်းလေး
ကို သားနဲ့ သမီး မက်မောနေတက်ပီ

ဘ၀ပေးမလှလို့ မိသားစုနဲ့ခွဲကာ
အဝေးရောက်နေတဲ့သားနဲ့သမီး အားလုံးအဆင်ပြေတယ်ဆိုပေမယ့်
အမေချက်တဲ့ဟင်းတစ်ခွက်ကိုတော့
ထမင်းစားတိုင်းတောင်းတနေမိတယ်

မျှော်မှန်းကာအားတင်းရင်းနဲ့အံကြိတ်ခါ
စားနေရတဲ့ထမင်းတစ်လုပ်တိုင်းက
သားနဲ့ သမီးတို့အတွက်မျိုချဖို့ဝန်လေးနေမိတယ်

အမေ… အမေ… အမေ…
မိသားစုစုံလင်တဲ့ထမင်းဝိုင်းလေးမှာ
ပြန်ဆုံနိုင်ဖို့ အားတင်းရင်းနဲ့
သတိရလွမ်းနေဆဲပါအမေ………

သံယောဇဉ်မုန်းကျောင်းသားလေး

No comments:

Post a Comment