Pages

Tuesday, February 11, 2014

**** “ ပါးစပ်မုန်တိုင်း ” ****

 Photo: “ ပါးစပ်မုန်တိုင်း ”
••••••••••••••
ပါးစပ်မုန်တိုင်း
တိုက်ခတ်တိုင်းလည်း
ဒူးထောက်လက်မြှောက်
မင်းမကြောက်နဲ့
ကိုယ့်လမ်းကိုယ်လျှောက်
ပန်းတိုင်ရောက်အောင်
ဆက်လျှောက်လိုက်စမ်း
သူငယ်ချင်း။

အရှင်ဝိစိတ္တသာရ(မြစေတီ)

လေထဲကစကားလေထဲမှာပဲထား သူတစ်ပါးပြောတဲ့ 
မကောင်းစကားတွေကို မိမိနှလုံးသားထဲရောက်အောင်
ဘယ်သူကများပို့နိုင်မှာလဲ။

ပြောတဲ့လူကမပို့နိုင်ပါဘူး။မိမိကိုယ်တိုင်က သူတစ်ပါး
ပြောတဲ့မကောင်းစကားတွေကို မိမိနှလုံးထဲရောက်အောင်
ပို့နိုင်တာပါ။

ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းဆိုတာ..ပြောတဲ့လူက ခဏလေးစိတ်ထဲ
ရောက်တုန်းပြောလိုက်တာပါ။ပြောတဲ့လူကပြောပြီးမေ့သွားပြီ။
နားထောင်တဲ့လူကတော့ အဲဒီစကားတွေရင်ထဲက မထွက်
နိုင်အောင်ဖြစ်ပြီးခံစားနေကြတယ်။ကျေနပ်ခြင်းကြောင့်ရော၊ 
မကျေနပ်ခြင်းကြောင့်ရော စိတ်ကလှုပ်ရှားရပြီပင်ပန်းရပြီ။

လောကမှာအဆင်မပြေမှုအများဆုံးဟာ စကားလုံးတွေ
ကြောင့်ပဲ။ လူတွေအချင်းချင်းအမုန်းပွားနေကြတာလည်း 
ဒီစကားလုံးတွေကြောင့်ပဲ။လူတွေအချင်းချင်းချစ်ခင်နေ
ကြတာလည်း ဒီစကားလုံးတွေပါပဲ။

အကျိုးမရှိတဲ့စကားလုံးတွေဆိုရင်တော့ လေထဲကစကား
လေထဲမှာပဲထားတာကောင်းမယ်။အကျိုးရှိတဲ့စကားလုံး
ဆိုရင်တော့ သုံးသပ်ပြီးလက်ခံစဉ်းစားရမှာပေါ့။ စကား
တွေကြောင့်တော့ ဘဝတစ်ခုဟာ အတိမ်းအစောင်းမဖြစ်သင့်ဘူး။

- အရှင်ဝိလာသဂ္ဂ(ဗောဓိမြိုင်သစ္စာရွေပြည်ဓမ္မရိပ်သာဆရာတော်)
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
“ ပါးစပ်မုန်တိုင်း ”

No comments:

Post a Comment