Pages

Monday, February 17, 2014

*** ဉာဏစာဂီ ( တေဇစက္ကီ) ဆရာတော်ဘုရားကြီး၏ ဆုံးမသြ၀ါသစကား ***


၁။ နေဝင်ခါနီး ခရီးသည်တွေ၊ ဘယ်ဆီဌာန နေကြမှာလေ အချိန်ရှိခိုက် ရှာလိုက်ပါလေ နေဝင်က ဒုက္ခ ပင်လယ်ဝေ။


၂။ သေမှာမုချ ဖြစ်ကြလေပြီ၊ မသေခင်လေး သင်တွေးချိန်မီ သေမည့်ဆဲဆ
ဲ မလွဲကိုယ်စီ မြတ်တရား ပွားချိန်တန်ပြီ။

၃။ နေ့စဉ်အားထုတ် ပြုလုပ်တွင်တွင်၊ အားလပ်သည့်နေ့ တစ်နေ့မမြင်၊ စားဝတ်နေရေး ရှုပ်ထွေးစုံလင် သည်ဒုက္ခကြီးလှ လူတို့တွင်။

၎။ သားသမီးအတွက် နေ့ရက်ချိန်ကုန် မအားနိုင်ပဲ ငါ့ရဲ့ဖြစ်ပုံ ရှေးရှေးဘဝ ပြုကြဖုံဖုံ ခုတွင်လဲ အားရက် ဘယ်မကြုံ။

၅။ ကမ္ဘာမီးထက် ပူချက်ပြင်းထန်၊ ဘယ်မီးတွေလဲ ဉာဏ်နဲ့ဝေဖန်၊ ကိလေသာမီး ထိန်ငြီးဝေလျှံ ဘဝတိုင်း မဆိုင်းလောင်နေပြန်။

၆။ ဒုက္ခ ဒုက္ခ၊ နှုတ်ကဆိုတာ မျက်ရည်သုတ်ရ ရုပ်ကလွန်နာ ခွေယိုင်ပျော့လို့ အားလျော့နေတာ ဘယ်သူလဲ မှတ်စွဲ ကိလေသာ။

၇။ ဆယ်ခွေ ဆယ်ထပ် တင်းကြပ်ချည်ပြန် ထုတ်ထားချုပ်ထား လုပ်အားမသန် သံယောဇဉ်တဲ့ သိကွယ့်အမှန် ဘဝပေါင်း ကြာညောင်းဝေလို့ဖန်။

၈။ အဲဒီလိုနဲ့ သေခဲ့တာတွေ တွက်လို့မရ ဘဝသင်္ချေ ဘယ်လိုပ သေကြမည်လေ ဆုံးဖြတ်စမ်း သင်လမ်း ဖြောင့်အောင်လေ။

၉။ ရီးတီးယားတား သေသွားရင်လေ အထုတ်ငယ်လေး ပူရေးအထွေထွေ သွားရာစခန်း ပင်ပန်းမယ်လေ ယခုကပြုကြ ကုသိုလ်တွေ။

၁၀။ ကုသိုလ်ပြုလုပ် အုပ်ချုပ်ဉာဏ်နော်၊ ပေါ့ပေါ့ဆဆ ပြုကြမတော်၊ လည်၍မဆုံး၊ ကြည့်အုံးဉာဏ်မျှော် ပေါ့ဆရေး မသေးအပြစ်ပေါ်။

၁၁။ ကုသိုလ်ပြုက ပေါ့ဆတာဟာ ဟိုသံသာက လက်စပါလာ၊ အဲဒီလက်စ ဖြတ်မှတော်မှာ ဉာဏ်အုပ်ချုပ် ပြုလုပ်ကြစမ်းပါ။

၁၂။ သာသနာလဲ ကြုံခဲ့ပြန်တယ်၊ ကြုံပြန်သော်လည်း သိခဲပြန်တယ်၊ သိပြန်သော်လည်း ကျင့်သွားဖို့ရယ် မလွယ်ဘူး၊ အထူးကြိုးစားကွယ်။ ဝိဇ္ဇာမျိုးကွယ့် မရှိလို့ပင်ဂင်္ဂါဝါဠု လွဲမှုသိမြင် သာသနာကြုံဆဲ မရှိဘဲနေလျှင် နောင်ကိုလဲ သင်လွဲဖို့သာပင်။

၁၃။ ခန္ဓာကိုယ်၌ ဉာဏ်စိုက်ကြည့်လျှင် အိုးကင်းလှော်သည့်နှမ်း၏အသွင် တဖျောက်ဖျောက်နဲ့ ပျက်ကြရာတွင် ရုပ်,နာမ်က အနိစ္စသည်လိုမြင်။

၁၄။ အရေးတကာ့အရေး သည်အရေးကိုသာ အကြီးကျယ်ဆုံး တစ်သက်လုံးမှတ်ပါ သည်ထွက်ရာလမ်း မှတ်စမ်းသေချာ၊ သည်အသိ မရှိ၍ လည်နေတာ။

၁၅။ ခန္ဓာငါးဝ ဓမ္မကိုရှာ၊ ဉာဏ်မှာတွေးတော သဘောကိုသာ အပိုင်သိက လေးဝအပါယ်ရွာ သံသာစက် ထွက်ပေါ့ ဧကန်သာ။

၁၆။ သမာသီလ ညီမျှအစုံ၊ ပညာဦးစီး ခရီးဆက်ပုံ သိက္ခာသုံးချက် အကွက်လည်ပုံ ဝဲဂယက် လွဲဆက် သန္တိဘုံ။

၁၇။ လူဖြစ်လာကြ လောကလူ့ဘုံ ကံကောင်းထောက်လို့ ဗုဒ္ဓတွေ့ကြုံ ကြိုးစားလိုက်ကြ စွမ်းအားအကုန် သံသာစက် ထွက်ရနိဗ္ဗာန်ဘုံ။

မြတ်စွာဘုရား တရားသံဃာမိဘနှစ်ပါး သင်ကြားဆရာ
ဂုဏ်တော်ကျေးဇူး ဆံဦးတင်ကာလက်စုံမိုး ရှိခိုး ဝန္ဒနာ

ဉာဏစာဂီ ( တေဇစက္ကီ) ဆရာတော်ဘုရားကြီး


 https://www.facebook.com/bwar99

No comments:

Post a Comment