Pages

Monday, February 17, 2014

" ဘဝသမိုင်း မရိုင်းစေနှင့် "




" ဘဝသမိုင်း မရိုင်းစေနှင့် "
==============

သံသရာဆိုတာ မမြဲဘူး။ သံသရာဆိုတာ ဆင်းရဲတယ် ။ အပိုင်မဟုတ်ဘူး။ သံသရာခရီးတစ်လျှောက် အပ်တစ်ထောက်စာ ပိုင်တာမရှိဘူး။



စွမ်းသမျှ စွန့်ရမည် စွမ်းသမျှကို စွန့်ထား၍ မာနမရှိ၊ စွန့်လေစွမ်းလေ၊ စွမ်းလေစွန့်လေ မာနကင်းပြတ်လေဖြစ်သည်။

ရသမျှ မျှရမည်၊ ရသမျှကို မျှပေး၍ လောဘမရှိ၊ မျှလေ ရလေ ၊ ရလေ မျှလေ လောဘကုန်ဆုံးလေဖြစ်သည်။

ငြိမ်းသမျှ ငြိမ်ရမည်၊ ငြိမ်းသမျှ ငြိမ်နေ၍ မောဟမရှိ၊ ငြိမ်လေ ငြိမ်းလေ၊ ငြိမ်းလေ ငြိမ်လေ မောဟချုပ်ဆုံးလေဖြစ်သည်။

မပူရ မကြောက်ရ မလွန်ရ မနုရ မယုတ်ရ မကောက်ရ မေတ္တာ မပျက်ရ ကရုဏာ မပျက်ရ ဒေါသမဖြစ်ရ မာနမဖြစ်ရ မလျော့ရ မတင်းရ မခင်ရ မမုန်းရ စည်းစိမ်မခံရ အပင်ပန်းမခံရ အမှတ်မမှားရ အသိမမှားရ။

မေတ္တာဖြစ်လျှင် ကရုဏာဖြစ်သည်၊ ဒေါသမဖြစ်လျှင် မာနမဖြစ်၊ မလျော့လျှင် မတင်း၊ မခင်လျှင် မမုန်း၊ စည်းစိမ်မခံလျှင် မပင်ပန်း၊ အမှတ်မမှားလျှင် အသိမမှား၊ အစွန်းလွတ်အောင်သတိထား။

ခင်လျှင်အသေ၊ မုန်းလျှင်သင်္ချိုင်း၊
ဘဝသမိုင်း မရိုင်းစေနှင့်.. .။

( ကျောက်ထီးတန္တုသာသနာပြုနဝဓုတင်္ဂါစာရ မဟာထေရ် )

အားလုံးပဲ စိတ်၏ချမ်းသာခြင်းနဲ့ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံနိုင်ကြပါစေလို့.....

No comments:

Post a Comment