Pages

Tuesday, February 11, 2014

***** ~ဒါန၏အကျိုးငါးပါး~ *****

 ~ဒါန၏အကျိုးငါးပါး~
(သုမနမင်းသမီး) " မြတ်စွာဘုရား...
သာသနာတော်မှာပုဂ္ဂိုလ်နှစ်ဦးရှိပါတယ်...



သဒ္ဒါတရားခြင်းလည်းတူကြပါတယ်...
သီလတရားချင်းလည်းတူကြပါတယ် ...
ပညာတရားခြင်းလည်း တူကြပါတယ်...

ဒါပေမယ့်တစ်ဦးသောပုဂ္ဂိုလ်ကအလှုဒါနတွေ ပြုပါတယ် ဘုရား...တစ်ဦးသောပုဂ္ဂိုလ်ကအလှုဒါန မပြုပါဘုရား...ထို ပုဂ္ဂိုလ်နှစ်ဦးရဲ့ အကျိုးပေးခြင်းတူကြပါသလားဘုရား"

( မြတ်စွာဘုရား) "မတူကြဘူး...သုမနမင်းသမီး...

ဒါနကောင်းမှု ပြုထားတဲ့ပုဂ္ဂိုလ်က ဒါနကောင်းမှု မပြုထားတဲ့ ပုဂ္ဂိုလ်ကို အကျိုးငါးမျိုး သာလွန်လွှမ်းမိုးနေတယ်...

"အသက်ရှည်ခြင်းအကျိုး ၊အဆင်းသဏ္ဍန်နှင့် ပြည့်စုံခြင်းအကျိုး ၊ကိုယ်၏ ချမ်းသာခြင်း ၊စိတ်၏ ချမ်းသာခြင်းအကျိုး ၊ကိုယ့်ကို စောင့်ရှောက်မည့် အခြံအရံ ပရိသတ်များ ပြည့်စုံခြင်းအကျိုး ၊ အရာရာမှာ ကိုယ်ကအစိုးရခြင်း ဆိုတဲ့ အကျိုး ငါးမျိုး သာလွန်လွှမ်းမိုးနေတယ်"

ဒါန၏အကျိုးငါးပါးမှာ...
ယခုဘ၀ကစပြီး နောင်ဖြစ်လေရာဘ၀တိုင်းဘ၀တိုင်းနိဗ္ဗာန်ရောက်တဲ့ဘ၀တိုင်အောင် ...
၁ ။အသက်ရှည်ခြင်းအကျိုး...
၂ ။ အဆင်းသဏ္ဍန်နှင့်ပြည့်စုံခြင်းအကျိုး....
၃။ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ချမ်းသာခြင်း နှင့် ပြည့်စုံခြင်း အကျိုး...
၎။ကိုယ့်ကိုကူညီစောင့်ရှောက်မည့်အခြံအရံပရိသတ်တွေ ပေါများခြင်း အကျိုး...
၅ ။ အရာရာမှာမိမိက အစိုးရခြင်းအကျိုး...
စသည့် အကျိုးများဖြစ်ပါတယ်...

post by နှင်းဆီဖူးလေးများ-Love BUDS

No comments:

Post a Comment