/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg
Thursday, February 13, 2014
*** အပြန်အလှန် အညှိုး ***
  အပြန်အလှန် အညှိုး
တစ်ဦးတည်းသောသားကို မိန်းမပေးစားပြီးကာမှမိန်းမမြုံ ဖြစ်နေလို့
 တခြားမိန်းမ တစ်ယောက်နဲ့ ပေးစားပြန်သတဲ့..။
အဲ့ဒီတော့ မယားကြီးနေရာကနေတဲ့သူကမယားငယ်သာ ကလေးမွေး
နိုင်ခဲ့ရင်တော့ သူပဲမျက်နှာသာရလို့ စည်းစိမ်တွေ 
ပိုင်ဆိုင်တော့မှာပဲဆိုပြီးမနာလိုစိတ် နဲ့ မယားငယ်ကိုကြံစည်တယ်..။ 
ကိုယ်ဝန်ဆောင်ရင်သူ့ ကိုအကြောင်းကြားဖို့ ပေါ့..။မယားငယ်ကလည်း
 ကောင်းတဲ့စိတ်နဲ့ပြောတယ်ထင်လို့တကယ်ပဲ 
ကိုယ်ဝန်ဆောင်တော့ ပြောပြတာပေါ့လေ..။ အဲ့ဒီမှာ
မယားကြီးလုပ်သူ က ဂရုစိုက်သလိုလိုနဲ့ ယာဂုလို့ခေါ်တဲ့ အဟာရ ကို
ကိုယ်တိုင်ချက်ကျွေးတာပေါ့..။တကယ်တော့ အဲ့ဒီယာဂု ထဲမှာ က
ကိုယ်ဝန်ပျက်ကျစေတဲ့ဆေးတွေ နဲ့ရောထားတာ..။ အဲ့တော့ 
ကိုယ်ဝန်ပျက်ကျတာပေါ့..။  ဒုတိယ အကြိမ်
 ကိုယ်ဝန်ရှိရင်လည်းပြောဖို့ မှာထားတော့
မယားငယ် ခမျာ အကောင်းထင်ပြီး ပြောပြပြန်တယ်..။ 
ဒါ နဲ့ ကိုယ်ဝန် ကိုဖျက်ချခံလိုက်ရပြန်ရောလေ..။ဒီတော့ 
ရင်းနှီးတဲ့သူတွေ က နောက်တခါ 
မပြောပြဖို့ မှာတာပေါ့..။သုံးကြိမ်မြောက်ကိုယ်ဝန်ရှိတော့
 မပြောပဲထားလိုက်တာကိုယ်ဝန်ရင့်လာမှ မယားကြီး ကတွေ့ တော့ သူ
 ကိုမပြောရကောင်းလားဆိုပြီး  အလစ်ချောင်းပြီး ဆေး 
ခပ်တိုက်လိုက်တာ မယားငယ်မှာ ကိုယ်ဝန်
အရင့်အမာ နဲ့ဆိုတော့ လျှော လည်းမကျ ပဲ ၀မ်းထဲမှာကန့် လန့် 
ခံနေလို့ သေရမယ့် အခြေအနေဆိုးနဲ့ရင်ဆိုင်ရတော့ တာပေါ့..။
သေခါနီးမှာ မယားငယ်က  ဒီဘ၀ ကလွတ်ရင် ဘီလူးမ ဘ၀ နဲ့ 
နင့်သားတွေကိုစားရတဲ့ကိုယ်ဖြစ်ရပါစေလို့
 ဆုတောင်းသတဲ့..။သေလည်းသေရော..အဲ့ဒီ
အိမ်မှာ ကြောင်မကြီးသွားဖြစ်သတဲ့..။မယား ကြီး ကတော့
 လင်ယောက်ျား က သူ့အမျိုးအနွယ်ကို
 ဖျက်ဆီးရကောင်းလားဆိုပြီးထောင်းထု ပုတ်ခတ်လို့ 
ဝေဒနာခံစားပြီး သေရှာသတဲ့..။သေလွန်တော့  အဲ့ဒီအိမ်မှာပဲ
 ကြက်မ ဖြစ်သတဲ့.။
ကြက်မ ဥ ဥတော့  မယားငယ်ဘ၀ က လာတဲ့ ကြောင်မ
ကဥတွေကိုစားသတဲ့ ..။
အဲ့ဒီလိုနဲ့ ကြက်မ က ငါ့ဥတွေ ကိုတော့စားပြီးပြီ ခု
 ငါ့ကိုပါစားတော့မှာပါလား
ဆိုပြီး ``ငါသည်  ဤ ကိုယ်အဖြစ်မှ သေလွန်ရင်တော့ 
သားသမီးနှင့်တကွ
ဒီကြောင်မ ကို စားရပါလို၏ ``လို့  ဆုတောင်းသတဲ့..။
မယားကြီးဘ၀ ကလာတဲ့ကြက်မ သေသွားတော့ သစ်မ 
သွားဖြစ်သတဲ့..။
မယားငယ် ဘ၀ က လာတဲ့ ကြောင်မ က သမင်မ သွားဖြစ်သတဲ့..။
သမင်မ သားဖွားတော့ သစ်မ  လာပြီးသားတွေ ကိုစားသတဲ့..။
အဲ့ဒီတော့ သမင်မ လည်း သိတာပေါ့..ဒီသစ်မ  ဟာ သားတွေကိုစားပြီး
ငါ့ကိုစားတော့မှာပါလား လို့ တွေးမိတာနဲ့   ဒီဘ၀ က သေရင် သစ်မ
 ကိုသားသမီးတွေပါမကျန် စားရပါလို၏  လို့ဆုတောင်းပြန်သတဲ့…။
+++++++++++++++
မယားငယ်ဘ၀ ကလာတဲ့ သမင်မလေး သေတော့ 
ဘီလူးမ ဖြစ်သတဲ့..။
သစ်မ ကတော့သေပြီး နောက်မှာ လူမိန်းမ ဖြစ်သတဲ့…။
မိန်းမသား သဘာဝ အရွယ်ရောက်လာတော့
 အိမ်ထောင်ရက်သားကျပြီး
သား တစ်ယောက်ဖွားမြင်တယ်။ အဲ့ဒီအခါ ဘီလူးမ က
 မိတ်ဆွေယောင်ဆောင်ပြီး
အိမ်ကိုအလည်လာတယ်။ဘာလေးမွေးတာလဲလို့ လာမေးသလိုနဲ့ 
အိမ်ခန်းထဲဝင်ပြီး
ကလေးကို စားပစ်လိုက်တယ်။ ဒုတိယ အကြိမ်မြောက်
 သားကိုဖွားတော့လည်း
အဲ့ဒီလိုပဲ ဘာလေးမွေးတာလဲလို့  လာမေးသလိုလိုနဲ့ 
ကလေးကိုစားပြန်တယ်။
တတိယမြောက်ကလေးကိုမွေးမယ့်အချိန်ရောက်တော့ အမျိုးသမီး က
သူ့ ယောက်ျားကိုပြောတော့တာပေါ့..။ 
``ယောက်ျားရေ …ကျမ တို့   ကလေး နှစ်ယောက်မွေးတာ ဘီလူးမ 
က လာလာပြီးစားသောက်ပစ်တယ်  ဒီတခါတော့ မိဘ
 အိမ်ကိုသွားပြီးမီးဖွားတော့မယ် လို့  
လင်ယောက်ျားကိုခွင့်တောင်းပြီး မိဘ အိမ်ကိုသွားတယ်။ 
+++++++++++++++++++++++++++++++
ဘီလူးမ ရောက်လာတော့  အမျိုးသမီးကိုမတွေ့တာနဲ့
ဘယ်မှာလဲဆိုတာစုံစမ်းပြီး 
 အမျိုးသမီးရှိတဲ့နေရာကို ရောက်အောင်သွားတာပေါ့…။
မီးဖွားပြီး ပြီဆိုတာသိလို့ ကလေးငယ်ကိုစားမယ် 
ကြံတဲ့အချိန်မှာပဲမိခင်ဖြစ်တဲ့
အမျိုးသမီးက ဘီလူးမ မှန်းသိတာနဲ့ အသံကျယ်ကျယ် အော်ဟစ်ပြီး 
ဘုရားရှင်ရှိတဲ့  ကျောင်းဝင်းထဲကို ပြေးဝင်သွားတယ်။ ပြီးတော့
 ဘုရားရှင်ရဲ့ ခြေတော်ပေါ်တင်
ကလေးကိုအိပ်စေလိုက်တယ်။ပြီးတာနဲ့
``တပည့်တော် အရှင်ဘုရားကို  ဒီကလေးကိုပေးလှူပါတယ်ဘုရား 
``လို့ လျှောက်ထားလိုက်တယ်။ကျောင်းတခါးကိုစောင့်နေတဲ့
နတ်သားက ဘီလူးမ  ကိုဝင်ခွင့်မပေးဘူး။
ဒါကိုသိတော်မူတဲ့ မြတ်စွာဘုရားက  အရှင်အာနန္ဒာကို ဘီလူးမ
 ကိုသွားခေါ်ခိုင်းလိုက်တယ်။ ကလေး မိခင် အမျိုးသမီးကဘီလူးမ
 ကိုမြင်တာနဲ့ ဘုရားရှင်ကိုလျှောက်ထား
တာပေါ့…တပည့်တော်ရဲ့ ကလေးကိုစားတာ ဒီဘီလူးမ ပါဘုရား 
လို့လျှောက်ထားတော့မြတ်ဘုရားက..``လာပါစေ  အသံမပေး နဲ့``
 မိန့် တော်မူတယ်။ဘီလူးမ လည်းရောက်လာရော မြတ်ဘုရားက
  ဘာလို့  ဒီလိုလုပ်သလဲ့ လို့  မေးပြီး သင်တို့ နှစ်ယောက်လုံး သာ
 ငါဘုရားရှေ့ ကိုမရောက်ခဲ့ရင်တော့ မြွေ နဲ့ မြွေပါ။ ကျီးနဲ့
ခင်ပုတ်တို့  လို ၁  ကမ္ဘာ ပတ် လုံး ရန်သူတွေ ဖြစ်တော့မယ် 
လို့ မိန့် တော်မူတယ်။
ဘာဖြစ်လို့ များရန်ကိုရန်ချင်းတုန့် နှင်းတာလဲ ။ ရန်ကို ရန် ချင်း
မတုန်ပြန် မှ အေးငြိမ်းပေမယ် ။ ရန်တုန့် ပြန်နေမယ်ဆိုရင်
 တရံတဆစ်တောင်မှမငြိမ်းအေးနိုင်ဘူးလို့  ဆုံးမတော်မူပြီး
 ဂါထာတစ်ပုဒ်ကို  ဟောတော်မူလိုက်တယ်။
 အဲ့ဒီဂါထာရဲ့အဆုံးမှာ ဘီလူးမ
 က သောတာပတ္တိဖိုလ်မှာတည်ပါတော့တယ်။
ဘုရားရှင် က တရားတော်ဆုံးတာနဲ့  ကလေးမိခင်ဖြစ်တဲ့အမျိုးသမီးကို
မူလိုက်တယ်။
အမျိုးသမီး ကကြောက်နေတဲ့အတွက် မြတ်ဘုရားက
 မကြောက်နဲ့ ဘေးရန်မရှိတော့ပြီ လို့ မိန့် တော်မူမှ သားငယ်ကိုဘီလူးမ
 လက်ထဲ ပေးလိုက်တယ်။
ဘီလူးမ  ကသားငယ်ကို နမ်းရှုပ်ပွေ့ ပိုက်ပြီး  မိခင်ကိုပြန်ပေး ပြီး 
ငိုတယ်။
အဲ့တော့ မြတ်စွာဘုရားက ဘာကြောင့်ငိုသလဲလို့ မေးတာပေါ့..။
ဘုန်းတော်ကြီးသောမြတ်စွာဘုရားတပည့်တော် ကအစားအစာကို
ရွေးချယ်ခြင်းမရှိ စားသောက်ပြီး အသက်ကိုမွေးခဲ့တာ ခုတော့ ဘယ်လို
အသက်မွေးရမယ် မသိတော့ပါဘူးဘုရားလို့ လျှောက်ထားလိုက်တယ်။
ဘုရားရှင် က မစိုးရိမ် နဲ့  လို့  မိန့် တော်မူပြီး ကလေးမိခင်ကို  ဘီလူးမ 
ကိုအိမ်ခေါ်သွားဖို့   အဟာရ တွေ 
နဲ့ပြုစုလုပ်ကျွေးဖို့မှာလိုက်တယ်။ကလေမိခင် က ဘုရားရှင်မှာတဲ့
အတိုင်းဘီလူးမ ကိုအိမ်ကိုခေါ်သွားတာပေါ့။ဒါပေမယ့် ဘီလူးမ က
 အိမ်မှာမနေနိုင်ဘူးဖြစ်နေတယ်။စပါးထောင်းတဲ့အခါ ကျည်ပွေ့ နဲ့ 
ဦးခေါင်းကို ထုခွဲသလို ခံစားရသတဲ့ ။
အိမ် ရဲ့ဘယ်နေရာမှာမှ နေလို့ အဆင်မပြေဖြစ်တာနဲ့  ရွာ ရဲ့အပြင်ဖက် 
မှာ နေစရာလေးပေးပြီး နေ့ စဉ် အဟာရပို့ ဆောင် ပြီး
 ထားတာပေါ့။ဘီလူးမ ကလဲ ငါ့ အပေါ် 
ကျေးဇူးရှိတဲ့သူကိုတော့ ကျေးဇူးတုံ့ ပြန်မှပဲလို့ ကြံစည်ပြီး  မိုးကောင်း 
မယ့် နှစ်မှာကုန်းပေါ်မှာ စပါးစိုက်ဖို့ ။မိုးခေါင်မယ့်နှစ်မှာ 
ချိုင့်ဝှမ်းမှာစပါးစိုက်ဖို့  ပြောတယ် ။ 
ဘီလူး မ ပြောသလိုလိုက်ပြီးစိုက်ပျိုးတဲ့ အတွက် နှစ်တိုင်းနှစ်တိုင်း 
စိုက်ပျိုးတွေကအောင်မြင်သတဲ့ …။တခြားသူတွေ ကတော့  
မိုးခေါင်မယ် မိုးကောင်းမယ် ဆိုတာ
မသိရတဲ့အတွက် ရာသီဥတု နဲ့မလျော်ညီ တဲ့အခါ..စိုက်ပျိုးတဲ့ စပါး 
သီးပင် တွေပျက်စီးဆုံးရှုံး တာပေါ့..။ဒီအခါ မှာ ဘီလူးမ ကြောင့်
ဒီလို ကောင်းကျိုးချမ်းသာရတယ် ဆိုတာသိသွားတာနဲ့ တရွာလုံးက 
လူတွေ ကလဲ ဘီလူးမ ကိုပူဇော်ပသ ပြီး
စိုက်ကြပျိုးကြတာ အားလုံးပဲ အောင်မြင်ဖြစ်ထွန်း ကြသတဲ့လေ။
ဘီလူးမ လည်း အသက်ထက်ဆုံး လာဘ်သပကာပြည့်ပြည့်စုံစုံ
 နဲ့နေသွားရတာပေါ့။
ရန်ကိုရန်ခြင်း တုံ့ နှင်းမိလို့ 
 သံသရာမှာကြောက်စရာကောင်းလှပါတယ်။
(ကျမ်းကိုး။   ။ဓမ္မပဒ  ကာဠယက္ခိနီ ၀တ္ထု)
No comments:
Post a Comment