/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Wednesday, February 5, 2014

*** စေ့စေ့တွေးလို့ ရေးရေးမြင်ပါစေ ***

 “စေ့စေ့တွေးလို့ ရေးရေးမြင်ပါစေ”

- ရဟန်းတော်တွေကို နိုင်ငံရေး မလုပ်ရ၊ မလုပ်ရဆိုပြီး ဖေ့ဘုတ်ပေါ်မှာကော၊
အချို့ အချို့သော စာစောင်တွေမှာပါ ရေးသားတာ တွေ့ရတယ်။ မပြောချင်
ပေမဲ့ မျက်စိပိတ်၊ နားပိတ်နေတာလေး ဖွင့်ပေးကြည့်မယ်။

- ဒီပဲရင်းအရေးအခင်းမှာ အစိုးရက ထောင်ထွက်၊ သခိုးကျပိုးတွေကို ခေါ်ယူ
တယ်။ ပြီးတော့ ကတုံးတုန်း၊ သင်္ကန်းပတ်ပေးတယ်။ ပြီးတော့ သိပြီးသားဖြစ်
တဲ့အတိုင်း၊ လူပုံစံကော၊ ရဟန်းပုံစံပါ အတိုက်အခံပါတီကို ရိုက်နှက်၊ သတ်
ဖြတ်စေခဲ့တယ်။ ဒါက ဒီပဲရင်း။

- နောက်တစ်ချက် ဒေါ်စုအတွက် ရဟန်းတော်တွေ အများအပြား အားပေးခဲ့
ကြတယ်။ ဖေ့ဘုတ်မှာ ဒေါင်းအလံကို နဖူးစည်းတဲ့အထိ ဖြစ်ခဲ့လို့ အမုန်းခံပြီး
ပြောခဲ့ကြတဲ့ သူတွေရှိတယ်။ ဒီလိုပြောလို့ နဖူးဒေါင်းအလံစည်းတဲ့ ရဟန်းအ
ချို့နဲ့ ဒကာ၊ ဒကာမအချို့ လိုင်းပေါ်မှာ ပြဿနာသောက်သောက်လဲ တက်ခဲ့
တာလဲ ကိုယ့်မျက်မြင်ပါပဲ။

- နောက်တော့ ရခိုင်ကုလားအရေးအခင်းဖြစ်ချိန်မှာ ဒေါ်စုကို အမေလို့ ခေါ်
တဲ့ ရဟန်းတော်တွေ ကိုယ်တိုင်က မကြည့်၊ မမြင်ချင် လောက်အောင် မုန်း
တာတွေ ရှိခဲ့ကြတယ်။ ရဟန်းတော် ၈၅% ဟာ အမျိုးသားရေးစိတ်ဓာတ်အ
ပြည့်ရှိတယ်ဆိုတာ အရင်ကလည်း တွေ့ခဲ့ရတယ်။ ယခုလည်းတွေ့နေရဆဲ၊
နောင်လည်းတွေ့နေအုံးမယ်ဆိုတာ မလွဲပါပဲ။

- ဒါဆိုရင် ရဟန်းတော်တွေက ဘာအကျိုးကို မျှော်ကိုးလို့ ဒီအလုပ်တွေ လုပ်
နေရသလဲ မေးရင် သူတို့ရင်ထဲမှာ အများကောင်းကျိုးအတွက်ဆိုတာ မလွဲ
မသွေ လက်ကိုင်ထားကြတယ်။ ကိုယ်ကျိုးအတွက် အသုံးချတာလည်း ရှိပါ
တယ်။ များသောအားဖြင့်တော့ ဘာကြောင့်လဲ မေးရင် ငါတို့ ဒကာ၊ ဒကာမ
တွေ ဆင်းရဲခြင်း၊ အနိုင် ကျင့်ခံရခြင်းမှ ကင်းလွတ်ပါစေဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့
ကြတာများတယ်။

- ဟိုးယခင် ကုလားအရေးအခင်းကစလို့ ဖြစ်လာခဲ့တဲ့ ပြဿနာပေါင်းသောင်း
ခြောက်ထောင်ကို လေ့လာကြည့်ရင် ရဟန်းတော်တွေ ပြဿနာရှာလို့ အရေး
အခင်းဖြစ်ရတာက နည်းတာတွေ့ရတယ်။ ဒကာ၊ ဒကာမတွေရဲ့ အပူတွေ၊ ပြ
ဿနာ ပေါင်းသောင်းခြောက်ထောင် လာလာပြော၊ ထိုးထိုးအပ်ကြလို့ မခံရပ်နိုင်ဖြစ်ခဲ့ကြတာ များတယ်။

- ထင်ရှားတဲ့သာဓကတွေ ထုတ်ကြည့်ရင် မန္တလေးသံဃာအရေးအခင်းနဲ့၊ ရွှေ
ဝါရောင်တော်လှန်ရေး တွေက သက်သေတွေပါပဲ။ ဘာမှ မလုပ်ချင်၊ ပျင်းရင်၊
အကုသိုလ်မကြောက်ရင် သင်္ကန်းချုံ၊ ဗိုက်မှောက်အိပ်နေကြရုံပါပဲ။ သာသနာ
ဘာမှ မ လုပ်၊ အမုန်း မခံချင်တဲ့၊ ၀န်စီးတဲ့ ရဟန်းသံဃာ၊ ရဟန်းတု၊ ရ ဟန်း
ယောင်တွေလည်း အများအပြားရှိကြပါတယ်။

- ပြောချင်တာက ရဟန်းတွေက သေချာတွေးကြည့်ရင် ကြားထဲ မြေစာပင် သဘောမျိုး ဖြစ်နေတာတွေ့ရတယ်။ စစ်အာဏာရှင်တစ်စုက မကြိုက်ရင် ရိုက်လိုက်၊ နှက်လိုက်၊ ထောင်ချလိုက်။ ဒီလိုလုပ်လို့ မိမိတို့ အသိထဲက ရဟန်း သံဃာအချို့ဆိုရင် အစအနတောင် ရှာမရတာ အများကြီးပါ။

- ဟော နောက်ပါတီကိုအားကိုးရမလား မှတ်တယ်။ အာဏာပါတီက မရသေး
ဘူး။ ပါတီကို ဝေဖန်လို့ မကြိုက်ရင် ဆဲလိုက်ကြတာလဲ သောက် သောက် လဲ။
ဘယ်မလဲ ဒီမိုကရေစီ။ ဘယ်သူကို ပြည်သူတွေ ယုံကြည်အားကိုးမလဲ။

- ရဟန်းပဲ ဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် သူမဟုတ်တာလုပ်ရင် သူ့ကံအတိုင်း သူသွား
လိမ့်မယ်။ ကိုယ်က သူတော်ကောင်းလို့ အမည်ခံပြီး ငါလှူနေတာ လယ် ယာ
မြေကောင်းသဖွယ် မဖြစ်ဘူး။ ဘာညာလျှောက် ဝေဖန်နေရင် ကိုယ်တိုင်ပဲ အ
ကုသိုလ် ၀ယ်ယူနေတာပဲ အဖတ်တင်မယ်။

- ကောင်းစေချင်လို့လို့ ပြောပြောပြီး သဘောမကျလို့ ပုတ်ခတ်ဝေဖန်ချင်တာ
ကများနေတာ တွေ့ရတယ်။ ရဟန်းတော်တွေ နိုင်ငံရေးလုပ်တာ၊ မလုပ် တာ
ကို မိမိ မဝေဖန်ချင်သလို၊ အားပေး အားမြှောက်လည်း မပြုပါဘူး။ စစ်မှန်တဲ့
လမ်းကြောင်းပေါ်မှာ အမျိုး၊ ဘာသာ၊ သာသနာ အတွက် ဘယ်သူ့ကိုမှ မထိ
ခိုက်၊ မနစ်နာဘူးဆိုရင် ဒါဟာ လုပ်သင့် ၊ လုပ်ထိုက်တဲ့ အလုပ်ပါပဲ။

- လောကတ္ထစရိယ၊ ဥာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယဆိုပြီး စရိယသုံးမျိုးမှာ ခုရဟန်းတော်တွေ၊ ဆရာတော်ကြီးတွေ လုပ်နေတဲ့ အလုပ်ဟာ လော ကတ္ထစရိယ၊ ဥာတတ္ထစရိယလို့ ဆိုချင်တယ်။

- ကိုယ်တိုင်လည်း ဘာမှ မလုပ်၊ သူတစ်ပါး လုပ်နေတာကိုလည်း အပြစ်မြင်တဲ့
မျက်လုံးနဲ့ ကြည့်နေရင်တော့ အပြစ်ဆိုတာ ရှာတွေ့မှာပါပဲ။ ပိယစက္ခုနဲ့ ကြည့် မှသာ အပြစ်ဆိုတာ မမြင်နိုင်တာပါ။ ဒါကြောင့် တစ်ခါတစ်လေ ကိုယ့်စိတ်ကို ပြန်လည် ဆန်းစစ်ကြည့်ပါ။ ငါပြောနေတာတွေ၊ ငါလုပ်နေတာတွေဟာ တကယ်စေတနာ မှန်ရဲ့လား၊ မမှန်ဘူးလားဆိုတာ ကိုယ်တိုင်အသိဆုံးပါ။

- မြေစာပင်လည်း မဖြစ်စေပဲ၊ ဝေဖန်ပုတ်ခတ်တဲ့နေရာမှာ ကိုယ့်အတွက်လည်းအပြစ် မဖြစ်စေ ပဲ “ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာ”မျိုးသာ လျှောက်လှမ်းကြမယ်ဆိုရင်တော့ ဘာသာ၊ သာသနာ၊ လူမျိုးအတွက်အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်စေမှာ အမှန်ပဲဆိုတာတော့ ပြောပါရစေ။

- ကိုယ် - စိတ် - နှလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

- “ဌေး”သာမဏေကျော်ဆရာတော်
“စေ့စေ့တွေးလို့ ရေးရေးမြင်ပါစေ”
- ရဟန်းတော်တွေကို နိုင်ငံရေး မလုပ်ရ၊ မလုပ်ရဆိုပြီး ဖေ့ဘုတ်ပေါ်မှာကော၊
အချို့ အချို့သော စာစောင်တွေမှာပါ ရေးသားတာ တွေ့ရတယ်။

မပြောချင်

 ထေရဝါဒ တို့တိုင်းပြည် ဖေ့ဘုတ်မှ တစ်ဆင့်မျှဝေသည်။

No comments:

Post a Comment