တရားမနာပဲ နိဗ္ဗာန်ရောက်သွားကြတာဆိုလို့ မြတ်စွာဘုရား နဲ့ ပစ္စေကဗုဓ္ဒါ သာရှိပါတယ် .. ကျန်အရိယာသူတော်ကောင်းများမှာ တရားနာခြင်းကစလို့ နိဗ္ဗာန်နန်းကို တက်လှမ်းသွားကြတာပါ။
သို့ပါ၍ တရားဓမ္မနာယူခြင်းသည် မည်မျှအရေးကြီးသည်ကို သိရှိရန်လို၏။
တရားနာကြားပါသော်လည်း လွဲသောတရားများနှင့် လိုသောတရားများကို နားကြားမိပြန်လဲ လိုရာခရီးရောက်လိမ့်မည်မဟုတ်။ ပါရမီပြည့်စုံပြီးသား ပုဂ္ဂိုလ်ပင်ဖြစ်သော်ငြားလဲ လိုသောတရားများ နာကြားမိပါကလဲ မဂ်ဥာဏ်၊ဖိုလ်ဥာဏ် မရနိုင်ပုံကို ၀တ္ထုတစ်ပုဒ် ထုတ်ပြပါအံ့….။
အခါတစ်ပါး၌ ရှင်သာရိပုတ္တရာက ရာဇဂြိုဟ်ပြည် ဝေဋုဝန်ကျောင်းမှာ သီတင်းသုံးနေတော်မူခိုက်...ဓနဉ္စ
ဒါနဲ့…ရှင်သာရိပုတ္တရာလဲ သင်းပိုင်ကလေး ဘာကလေး ပြင်ဝတ်ပြီးသကာလ ဓနဉ္စာနီ ပုဏ္ဏားကြီးဆီကို လိုက်သွားခဲ့တယ်...။ဟိုရောက်တော
ဒါနဲ့ ရှင်သာရိပုတ္တရာက အကဲခတ်လိုက်တယ်..။အင်း…….ဒီဝေဒန
ကဲ…….တရားဟောမယ်……..ဒကာကြီးနားေ
တိရစ္ဆာန်နဲ့ ပြိတ္တာကော ဘယ်ဟာမြတ်သတုံး၊ ဟာ……..ပြိတ္တာကတော်သေးတာပေါ့ဘုရာ
စတုမဟာရာဇ်နဲ့ တာဝတိံသာကော..။ တာဝတိံသာပါဘုရား။ ပရနိမ္မိတ ၀သ၀တီပြည်နဲ့ ပထမဈာန် ဗြဟ္မာ့ပြည်ကော ဘယ်ဟာကမြတ်သတုံး၊ ဟာ…ပထမဈာန် ဗြဟ္မာ့ပြည်က မြတ်တာပေါ့ဘုရား..။ ဒါဆို ဒကာကြီး ဗြဟ္မာ့ပြည်ကော မကြိုက်ဘူးလား၊ ကြိုက်ပါတယ်ဘုရားတဲ့။ ကောင်းပြီ တကာကြီး ဗြဟ္မာ့ပြည်ကြိုက်ရင် မေတ္တာပို့ပါ…။ အရှေ့ ၊ အနောက်၊ တောင်၊မြောက်၊ အထက် နှင့် အောက်ပါမကျန် အားလုံးတစ်တန်းတည်ဖြစ်အောင် မေတ္တာပို့ပါ။
မေတ္တာပို့ပြီးနောက်…အာလုံးအပေါ်မ
နောက်မကြာခင်…ရှင်သာရိပုတ္တရာလဲ ဘုရားအနားရောက်လာရော….ဘုရားက ဟေ့…..သာရိပုတ္တရာ မင်း ဘယ်ကလာခဲ့သတုံး။ဒီလိုပဲ ဘုရား ဓနဉ္စာနီပုဏ္ဏာကြီး မမာတာနဲ့ တရားဟောသွားခဲ့တာပါ ဘုရား။ ဘယ်နှယ်များ ဟောခဲ့သတုံးကွာ….မြတ်တာ မြတ်တာ အဆင့်ဆင့်တက်ပြီး သူကြိုက်တဲ့ ဗြဟ္မာ့ပြည်ကို ပို့ပေးခဲ့ပါတယ် ဘုရား။
ထိုအခါမြတ်စွာဘုရား…သြော်..မင်း
အဲဒီတွင်မှ ရှင်သာရိပုတ္တရာက သတိရတယ်၊ သြော်…ငါဟောတာ သစ္စာမပါ-ပါလား… သစ္စာတရားအထိ မရောက်ခဲ့ပါလား ။ဒါဖြင့် တပည့်တော် ပြန်ဟောဦးမယ်ဆိုတော့ မင်းမဟောနေပါနဲ့၊ ဟောမယ်ဆိုလည်း လူ့ပြည်မှာ မရှိတော့ဘူး ။ ဗြဟ္မာ့ပြည် ရောက်သွားပြီလို့ ပြောလိုက်တယ်..။
ဒါနဲ့ အရှင်သာရိပုတ္တရာလဲ ဗြဟ္မာ့ပြည်ကိုလိုက်ပြီး သစ္စာတရားများ သွားဟောရလေတယ်။လူပြည်မှာ တခါတည်းနဲ့ ပြည့်ပြည့်စုံစုံ မဟောမိလို့ ဗြဟ္မာ့ပြည် လိုက်ဟောရတာနော်...။ ဒီအခါကျမှ ဓနဉ္စာနီ ပုဏ္ဏာကြီးလည်း သောတာပန်ကစပြီး ၊သကဒါဂါမ်၊ အနာဂါမ်၊ ရဟန်းတာ ဖြစ်သွားရတယ်…။
သို့ပါ၍ ပါရမီပြည့်စုံနေသူ ဖြစ်သော်ငြားလဲ တရားကို အစ၊ အလယ်၊ အဆုံး မနာယူလို့ မဂ်ဥာဏ်၊ဖိုလ်ဥာဏ် မရနိုင်သလို့ ။ တရားဟောတဲ့ ပုဂ္ဂိုလ်အပိုင်းကလဲ လိုသောတရားများဟောနေရင် မဂ်၊ဖိုလ် မဆိုက်နိုင်ကြောင့် သတိချက်စေရန် စိတ်ရည်သန်လျှက်….. တင်ပြအပ်ပါသည်။
( မိုးကုတ်ဆရာတော်ဘုရားကြီး တရားတော်မှ)
http://buddhismworld.ning.com/
No comments:
Post a Comment