Pages

Saturday, February 8, 2014

****** မြောက်ဦးဆရာတော်ကြီး၏ မေတ္တာပို့။ ****


 
လူနတ်ဗြဟ္မာ၊ သတ္တ၀ါ၊
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ။


အန္တရာယ်ကင်း၊ ဘေးတွေရှင်း၊
လက်ငြင်းချမ်းသာ ကြပါစေ။ ။
သုံးဆယ့်တစ်ရွာ၊ သတ္တ၀ါ၊
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ။
အန္တရာယ်ကင်း၊ ဘေးတွေရှင်း၊
လက်ငြင်းချမ်းသာ ကြပါစေ။ ။
ဗုဒ္ဓမြတ်စွာ၊ သာသနာ၊
ရောင်ဝါနေသို့ လင်းပါစေ။ ။
ရဟန်းသံဃာ၊ အားလုံးမှာ၊
သာသနာတော်မြတ်ကြီး စောင့်ပါစေ။ ။
သာသနာလမင်း၊ တံခါးပင်း၊
အလင်းတရား လှူပါစေ။ ။
အလင်းရောင်ကို၊ လက်ခံကြို၊
ကြည်ညိုလေးမြတ် ကြပါစေ။ ။
ကမ္ဘာငြိမ်းချမ်း၊ နိဗ္ဗာန်နန်း၊
ဆင်မြန်းနိုင်ကြ ပါကုန်စေ။ ။
ကမ္ဘာငြိမ်းချမ်း၊ နိဗ္ဗာန်နန်း၊
ဆင်မြန်းနိုင်ကြ ပါကုန်စေ။ ။
ကမ္ဘာငြိမ်းချမ်း၊ နိဗ္ဗာန်နန်း၊
ဆင်မြန်းနိုင်ကြ ပါကုန်စေ။ ။...........


{ ၃၁.၁၂.၁၂ နေ့ ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့သစ်၌ မြောက်ဦးဆရာတော်ဝန၀ါသီ
အရှင်ဝါယာမိန္ဒ ဟောကြားသော“နေမ၀င်ခင် ခရီးနှင်” တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }


(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)


“ဆုတောင်းပတ္တနာ”


ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။


ဦးသိန်းဝေ။


http://www.facebook.com/damanadi.tk

http://www.damanady.tk/
(ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment