Pages

Saturday, February 8, 2014

*** ဓမ္မအသိဖြင့် ဘ၀မှာ အကျိုးရှိရှိ နေဖို့ဆိုရင်။ ***


ဗုဒ္ဓဘာသာဝင်တွေအတွက် “ ဓမ္မ ” ဆိုတာ အမှန်အမှားကို ခွဲခြားသိနိုင်သော ဟောပြောထားတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဆုံးမသွန်သင်ချက်တွေကို ခေါ်ပါတယ်။
အကျိုးအကြောင်း၊ အကောင်းအ
ဆိုးတွေကို သိတာကိုလည်း ဓမ္မကိုသိတယ်လို့ ပြောလို့ရပါတယ်။
ဓမ္မအသိနဲ့ ဘ၀မှာ အကျိုးရှိရှိနေဖို့ ဆိုရင် အသိဉာဏ် ရှိရပါမယ်။


 လောကမှာ ဘ၀တစ်
ခု ရလာတဲ့အခါမှာ နေပုံထိုင်ပုံက အမျိုးမျိုးရှိပါတယ်။ အကျိုးရှိတဲ့နေနည်း ရှိသလို အကျိုးမဲ့စေ
တတ်တဲ့ နေနည်းလည်း ရှိကြပါတယ်။ ပစ္စုပ္ပန် သံသရာ နှစ်ဖြာလုံး အကျိုးရှိစေမယ့် နေနည်းမျိုး
ကို ဗုဒ္ဓမြတ်စွာက ဆုံးမသြ၀ါဒ ပေးထားပါတယ်။


ဗုဒ္ဓမြတ်စွာက “အန္ဓသုတ္တန်” မှာ “ ဒွိစက္ခု ” မျက်စိနှစ်လုံးရှိတဲ့ ပုဂ္ဂိုလ်ကို အကောင်းဆုံးပုဂ္ဂိုလ်လို့ ဟောကြားထားပါတယ်။ မျက်စိနှစ်လုံးဆိုတာ လူတိုင်းလူတိုင်းမှာ ရှိကြပါတယ်။ နှစ်
ဘက်မြင်နိုင်ရတဲ့ အသိဉာဏ်ကို ဆိုလိုတာပါ။ ပကတိမျက်စိကတော့ ရှေ့တည့်တည့် တစ်ဘက်
တည်းကိုပဲ မြင်နိုင်ပါတယ်။ 


အသိဉာဏ်ရှိမှ နှစ်ဘက်စလုံးကို မြင်ရပါမယ်။
လူ့လောကမှာ လူရယ်လို့ ဖြစ်လာတဲ့အခါ မရသေးတဲ့ စည်းစိမ်ဥစ္စာတွေကို ရဖို့၊ ရလာတဲ့ စည်းစိမ်ဥစ္စာတွေ တည်မြဲဖို့၊ တည်မြဲပြီးသား စည်းစိမ်ဥစ္စာတွေ တိုးတက်ပွားများဖို့ သိမြင်
တတ်တဲ့ အသိဉာဏ်ဆိုတဲ့ မျက်လုံးလည်းရှိဖို့ လိုပါတယ်။ အဲဒါက ဒီဘ၀ ကောင်းကျိုးအတွက်ဖြစ်ပါတယ်။ နောင်ဘ၀ ကောင်းကျိုးအတွက်

လည်းပဲ ကုသိုလ်၊ အကုသိုလ်၊ အပြစ်ရှိတယ်၊ အပြစ်မရှိဘူးဆိုတဲ့ ဓမ္မအရေးနဲ့ ပတ်သက်ပြီး သိတဲ့ မျက်စိမျိုးဟာလည်း လိုအပ်ပါတယ်။လောကအကျိုးချည်းပဲ ကြိုးစားမယ်ဆိုရင် သံသရာအကျိုးက လွတ်သွားပါမယ်။

 လူတွေမှာ ပစ္စည်းဥစ္စာတွေ တိုးတက်လာသော်လည်း ကိုယ်ကျင့်တရားက ဆုတ်ယုတိပျက်ပြား သွားလို့
ရှိရင် ကောင်းကျိုးချမ်းသာတွေဟာလည်း တဖြည်းဖြည်း ဆုတ်ယုတ်သွားနိုင်ပါတယ်။ ဒါကြောင့်မို့ စီးပွားရေးဘက်ကလည်း တိုးတက်အောင် လုပ်ရပါမယ်။ ကိုယ်ကျင့်တရား ဘက်ကလည်း တိုး
တက်အောင် လုပ်ရပါမယ်။
စီးပွားရေး မျက်စိတော့ ရှိပါရဲ့ ဓမ္မရေးရာ မျက်စိက မရှိဘူးဆိုရင် ပိုက်ဆံရရင်ပြီးရောဘာအဆိုလုပ်မယ် ဆိုတဲ့ အတွေးအခေါ် ၀င်လာတတ်ပါတယ်။ အဲဒါကို ထိန်းထားရပါမယ်။


 လောကမှာတချို့ စီးပွားဥစ္စာတွေတော့ တိုးတက်ပါတယ်၊ ဒါပေမဲ့ အကျင့်စာရိတ္တတွေ ကျတော့
ယိုယွင်းသွားပြီး ကြာလာတဲ့အခါမှာ စီးပွားဥစ္စာလည်း ပျက်စီးသွားတတ်ပါတယ်။ စီးပွားနဲ့ ကိုယ်
ကျင့်တရားကို ထိန်းမယ်၊ ကိုယ်ကျင့်တရားနဲ့ စီးပွားကို ပြန်ထိန်းမယ်ဆိုတဲ့ နှစ်ဘက်နှစ်တန်
ထိန်းညှိရှုမြင်တတ်တဲ့ ပညာမျက်စိ ရှိရမယ်လို့ မြတ်စွာဘုရားက ဒီသုတ္တန်မှာဟောထားပါတယ်။


ဒါကြောင့်မို့ မြတ်ဗုဒ္ဓ ဟောပြောပြသခဲ့တဲ့ ဓမ္မအသိနဲ့ နေခြင်းမျိုးကို တရားသဘော နားလည်သဘောပေါက်ကြပြီး တရားချစ်ခင် သူတော်စင်အပေါင်းတို့ နေနည်းမှန်စွာ ဘ၀မှာ နေ
ထိုင်နိုင်ကြပြီး အေးချမ်းတည်ငြိမ်တဲ့ နိဗ္ဗာန်ချမ်းသာကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။


{ ၁၃၇၀ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့
နယ်၊ ကျောင်းကြီးလမ်း၌ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

 ဟောကြားသော “ ဓမ္မအသိဖြင့်
အကျိုးရှိရှိနေမည် ” တရားတော်ကို ကိုးကားရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

http://www.facebook.com/damanadi.tk

http://www.damanady.tk/
(ဓမ္မနဒီ) ဆိုဒ်မှ ပြန်လည်မျှဝေသည်။

No comments:

Post a Comment