Pages

Wednesday, February 12, 2014

“ စည်းကမ်းရှိမှ ချမ်းသာမည်”

Photo: “ စည်းကမ်းရှိမှ ချမ်းသာမည်”
••••••••••••••••••••••••••
လူတွေဟာ နေ့စဉ်နဲ့အမျှ ဘ၀အခြေခံလိုအပ်ချက်ဖြစ်တဲ့ 
ပစ္စည်းဥစ္စာချမ်းသာဖို့၊ စိတ်ချမ်းသာဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ 
ရှာဖွေရုန်းကန်ကြတယ်။ ဥစ္စာရှာတဲ့နေရာမှာ ရိုးသား
ကြိုးစားမူအပြင် စည်းကမ်းရှိဖို့လည်း လိုပါတယ်။ 
ဘုရားရှင်က ချမ်းသာချင်သူတွေအတွက် 
နည်းလမ်းလေးမျိုးချမှတ်ခဲ့တယ်။
(၁။) ထထကြွကြွ ကြိုးစားရမယ်။
(၂။) ရလာတာကို သေချာသိမ်းဆည်းရမယ်။
(၃။) မျှမျှတတသုံးဆွဲရမယ်။
(၄။) မိတ်ကောင်းဆွေကောင်းပေါင်းရမယ်။

ဒီအတိုင်းစနစ်တကျ ကျင့်သုံးမယ်ဆိုရင်တော့ 
လူဘ၀ မပူမပင် မကြောင့်မကြနဲ့ နေနိုင်မှာပါ။ 
ဒီနေရာ မှာ “စည်းကမ်း” အကြောင်းပြောချင်တယ်။ 
အထက်ပါလေးမျိုးထဲက မျှမျှတတသုံးဆွဲတယ်ဆိုတာ 
စည်းကမ်း ရှိ ဖို့ပြောတာပါ။ စည်းမဲ့ကမ်းမဲ့သုံးစွဲရင် 
စည်းမဲ့ကမ်းမဲ့ ကုန်သွားမယ်။ စည်းကမ်းရှိတဲ့ သူ။ 
စည်းကမ်းရှိတဲ့ မိသားစု၊ 
စည်းကမ်းရှိတဲ့ တိုင်းပြည်ဟာ ကြီးပွားတယ်။

သာလွန်မင်းတရားကြီးဟာ တိုင်းသူပြည်သားတွေ 
စည်းကမ်းမဲ့သုံးဖြုန်းတာကို တားမြစ်ခဲ့တယ်။ 
အိမ်တိုင်းအိမ်တိုင်းမှာ ထမင်းချက်တိုင်း 
ဆန်လက်တစ်ဆုပ်စာ ဖယ်ပြီး စုဆောင်းခြင်းကို 
ကျင့်သုံးစေတယ်။ တစ်လပြည့်တဲ့အခါ 
အဲဒီလက်တစ်ဆုပ် ဆန်တွေအားလုံးကို 
စုပြီး မဏ္ဍပ်ထိုး အလှူကြီးပေးလေ့ရှိပါတယ်။
www.facebook.com/youngbuddhistassociation.mm
ထို့အပြင် တစ်နေ့တာ ရှာလို့ရလာတဲ့ဥစ္စာကို 
အစိုးရအတွက် တစ်ပုံ၊ 
သာသနာရေးအတွက်တစ်ပုံ၊ 
တိုင်းရေးပြည်မူအတွက် တစ်ပုံ၊ 
သာရေးနာရေးအတွက် တစ်ပုံ၊ 
မိသားစုအတွက်တစ်ပုံ အသီးသီးဝေဘန်ပြီးမှ 
ပိုတာကိုပဲ သုံးစွဲစေပါတယ်။
အဲဒီစနစ်ကြောင့်ပဲ သာလွန်မင်းတရားလက်ထက်မှာ တိုင်းပြည်ချမ်းသာဝပြောခဲ့ပါတယ်။ 

♦ သာလွန် မင်းတရားကြီးဟာ ထမင်းရည်ကို
မြေကြီးပေါ်သွန်ပစ်တဲ့ အမျိုးသမီးကို 
ကြိမ်ဒဏ် သုံးချက်ပေးခြင်း၊ 
♦ ထမင်းကြမ်းခဲကို အလဟဿတ်သွန်ပစ်သော 
အမတ်ကြီးကို ရာထူးမှ ချခြင်း၊ 
♦ အ၀တ်ကောင်းဝတ် နံရံကိုမှီပြီး ပစ္စလက္ခနေတဲ့ 
သမီးတော်ကို ရေဒဏ်သဲဒဏ်ပေးဆုံးမခြင်းစသည် 
စနစ်တကျ ဆုံးမခဲ့ပါတယ်။ဒါဟာ ချမ်းသာချင်သူများ
အတွက် အတုယူသင့်တဲ့ သာဓကတွေပါပဲ။ 

တိုင်းပြည်ကို စည်းကမ်း ရှိအောင် မျှတအောင် 
အုပ်ချုပ် သူတော်ကောင်းမင်းပါပဲ။
ဒါကြောင့် ချမ်းသာဝပြောဖို့ဆိုရင် လူတစ်ဦးချင်းစီမှနေ 
တိုင်းပြည်တစ်ခုလုံးထိ စည်းကမ်းရှိဖို့လိုပါတယ်။

- (ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ)

Dhamma Danã Source ► (အရှင်က၀ိဓဇသာရ) &
www.facebook.com/youngbuddhistassociation.mm



“ စည်းကမ်းရှိမှ ချမ်းသာမည်”
••••••••••••••••••••••••••

လူတွေဟာ နေ့စဉ်နဲ့အမျှ ဘ၀အခြေခံလိုအပ်ချက်ဖြစ်တဲ့
ပစ္စည်းဥစ္စာချမ်းသာဖို့၊ စိတ်ချမ်းသာဖို့ဆိုတဲ့ ဦးတည်ချက်နဲ့
ရှာဖွေရုန်းကန်ကြတယ်။

ဥစ္စာရှာတဲ့နေရာမှာ ရိုးသား
ကြိုးစားမူအပြင် စည်းကမ်းရှိဖို့လည်း လိုပါတယ်။
ဘုရားရှင်က ချမ်းသာချင်သူတွေအတွက်
နည်းလမ်းလေးမျိုးချမှတ်ခဲ့တယ်။
(၁။) ထထကြွကြွ ကြိုးစားရမယ်။
(၂။) ရလာတာကို သေချာသိမ်းဆည်းရမယ်။
(၃။) မျှမျှတတသုံးဆွဲရမယ်။
(၄။) မိတ်ကောင်းဆွေကောင်းပေါင်းရမယ်။

ဒီအတိုင်းစနစ်တကျ ကျင့်သုံးမယ်ဆိုရင်တော့
လူဘ၀ မပူမပင် မကြောင့်မကြနဲ့ နေနိုင်မှာပါ။
ဒီနေရာ မှာ “စည်းကမ်း” အကြောင်းပြောချင်တယ်။
အထက်ပါလေးမျိုးထဲက မျှမျှတတသုံးဆွဲတယ်ဆိုတာ
စည်းကမ်း ရှိ ဖို့ပြောတာပါ။ စည်းမဲ့ကမ်းမဲ့သုံးစွဲရင်
စည်းမဲ့ကမ်းမဲ့ ကုန်သွားမယ်။ စည်းကမ်းရှိတဲ့ သူ။
စည်းကမ်းရှိတဲ့ မိသားစု၊
စည်းကမ်းရှိတဲ့ တိုင်းပြည်ဟာ ကြီးပွားတယ်။

သာလွန်မင်းတရားကြီးဟာ တိုင်းသူပြည်သားတွေ
စည်းကမ်းမဲ့သုံးဖြုန်းတာကို တားမြစ်ခဲ့တယ်။
အိမ်တိုင်းအိမ်တိုင်းမှာ ထမင်းချက်တိုင်း
ဆန်လက်တစ်ဆုပ်စာ ဖယ်ပြီး စုဆောင်းခြင်းကို
ကျင့်သုံးစေတယ်။ တစ်လပြည့်တဲ့အခါ
အဲဒီလက်တစ်ဆုပ် ဆန်တွေအားလုံးကို
စုပြီး မဏ္ဍပ်ထိုး အလှူကြီးပေးလေ့ရှိပါတယ်။
www.facebook.com/youngbuddhistassociation.mm
ထို့အပြင် တစ်နေ့တာ ရှာလို့ရလာတဲ့ဥစ္စာကို
အစိုးရအတွက် တစ်ပုံ၊
သာသနာရေးအတွက်တစ်ပုံ၊
တိုင်းရေးပြည်မူအတွက် တစ်ပုံ၊
သာရေးနာရေးအတွက် တစ်ပုံ၊
မိသားစုအတွက်တစ်ပုံ အသီးသီးဝေဘန်ပြီးမှ
ပိုတာကိုပဲ သုံးစွဲစေပါတယ်။
အဲဒီစနစ်ကြောင့်ပဲ သာလွန်မင်းတရားလက်ထက်မှာ တိုင်းပြည်ချမ်းသာဝပြောခဲ့ပါတယ်။

♦ သာလွန် မင်းတရားကြီးဟာ ထမင်းရည်ကို
မြေကြီးပေါ်သွန်ပစ်တဲ့ အမျိုးသမီးကို
ကြိမ်ဒဏ် သုံးချက်ပေးခြင်း၊
♦ ထမင်းကြမ်းခဲကို အလဟဿတ်သွန်ပစ်သော
အမတ်ကြီးကို ရာထူးမှ ချခြင်း၊
♦ အ၀တ်ကောင်းဝတ် နံရံကိုမှီပြီး ပစ္စလက္ခနေတဲ့
သမီးတော်ကို ရေဒဏ်သဲဒဏ်ပေးဆုံးမခြင်းစသည်
စနစ်တကျ ဆုံးမခဲ့ပါတယ်။ဒါဟာ ချမ်းသာချင်သူများ
အတွက် အတုယူသင့်တဲ့ သာဓကတွေပါပဲ။

တိုင်းပြည်ကို စည်းကမ်း ရှိအောင် မျှတအောင်
အုပ်ချုပ် သူတော်ကောင်းမင်းပါပဲ။
ဒါကြောင့် ချမ်းသာဝပြောဖို့ဆိုရင် လူတစ်ဦးချင်းစီမှနေ
တိုင်းပြည်တစ်ခုလုံးထိ စည်းကမ်းရှိဖို့လိုပါတယ်။

- (ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ)

Dhamma Danã Source ► (အရှင်က၀ိဓဇသာရ) &
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment