Pages

Wednesday, February 12, 2014

**** တောင့်တခြင်း နှင့် ကြောင့်ကြခြင်း *****

 Photo: တောင့်တခြင်း နှင့် ကြောင့်ကြခြင်း

အပိုင်း ( ၂  )
********************************************

စတုတ္ထတောင့်တချက်မှာ ဓမ္မနှင့်အညီကျင့်ကြံနေထိုင်ရုံမျှနှင့်မကျေနပ်သေးဘဲ လူသည် လွတ်လပ်မှုကို တောင့်တပြန်၏ ။

ယင်းကို ပါဠိစာပေ၌  မောက္ခ - ဟုပါရှိ၏။

ထို့ သို့ တောင့်တခြင်းလေးမျိုးအနက် ပထမ နှင့် ဒုတိယ တောင့်တချက်မှာ အဓမ္မဖြစ်၏  ။

တတိယ နှင့် စတုတ္ထမှာ ဓမ္မဖြစ်၏ ။

တောင့်တခြင်းဖြစ်စဉ်အတိုင်းလေ့လာကြည့်ပါက အဓမ္မကဦးဆောင်၏ ။

အုပ်စိုးနေ၏ ။ 

အဓမ္မနေရာ၌ ဓမ္မကို အစားထိုးကြပါ၏ ။

အဓမ္မကို ဓမ္မကအပြီးအပြတ်အနိုင်ယူနိုင်ရန် ကြိုးစားကြရပါ၏ ။

ပိုင်မည်ထင်၍   တောင့်တကြ၏ ။

ဆိုင်သည်ထင်၍   ကြောင့်ကြရ၏ ။

တောင့်တခြင်း နှင့် ကြောင့်ကြခြင်းကင်းစေရန်-- ----------------------------

မြတ်ဗုဒ္ဓက=================

၁ ။ အချင်းချင်းရိုင်းပင်းကူညီတတ်ခြင်း
( ဒါန )

၂ ။ ကိုယ်ကျင့်သီလသိက္ခာကိုစောင့်ထိန်း
ခြင်း ( သီလ )

၃ ။ မိမိလုပ်ငန်း၌သာစိတ်ဝင်စားပြီး လာမည့်အကျိုးတရားကိုမမျှော်ကိုးခြင်း
( နိက္ခမ )

၎ ။ ဇွဲလုံ့လမလျှော့ခြင်း ( ဝီရိယ )

၅ ။ ပညာဥာဏ်ထက်မြက်အောင်အားထုတ်
ခြင်း ( ပညာ )

၆ ။ အရာရာ၌သည်းခံခွင့်လွှတ်နိုင်ခြင်း
( ခန္တီ )

၇ ။ သစ္စာရှိခြင်း  ( သစ္စာ )

၈ ။ မိမိ၏ဆုံးဖြတ်ချက်မှ သွေဖည်၍ မသွားခြင်း ( အဓိဋ္ဌာန် )

၉ ။ အားလုံးအပေါ်ချစ်တတ်ခြင်း
( မေတ္တာ )

၁၀ ။ ဘက်မလိုက်ခြင်း ( ဥပေက္ခာ )

ဟူသော ပါရမီ ( ၁၀ ) ပါးကိုဖြည့်ကျင့်ခြင်းသည်ပင်လျှင် မှန်ကန်ဖြောင့်မတ်သောအကျင့်မြတ်ဟု
ဟောကြားတော်မူခဲ့ပါ၏ ။

မင်း နှင့် ပြည်သူ တူညီသောပါရမီများ ဖြည့်ကျင့်နေထိုင်ကြပါလျှင် နိုင်ငံတစ်ဝန်း၌ တောင့်တခြင်း ကြောင့်ကြခြင်းများ တစ်စစီချုပ်ငြိမ်းသွားမည်ဖြစ်ပါကြောင်း ။

မင်း  နှင့် ပြည်သူ

တူညီတဲ့ပန်းတိုင်  တူညီတဲ့ရည်ရွယ်ချက်
သွေဖည်မသွားဖို့ လိုအပ်ပါကြောင်း တင်ပြပေးလိုက်ပါသည် ။

( 11 - 2 - 2014 )  အဂါင်္နေ့ ထုတ် စံတော်ချိန် နေ့ စဉ်သတင်း - အယ်ဒီတာအာဘော် -

ကို မှီငြမ်း၍ မျှဝေပေးပါသည် ။

ဓမ္မမိတ်ဆွေများအားလုံးကိုယ်၏ကျန်းမာ
ခြင်း စိတ်၏ချမ်းသာခြင်းများနှင့်ပြည့်စုံနိုင်ကြပါစေ ။

                    U Dhammar Nan Da

                           Mandalay.

                       12 - 2 - 2014
တောင့်တခြင်း နှင့် ကြောင့်ကြခြင်း လူသည်ဘဝကိုလောဘဖြင့်စတင်ခဲ့သည်။
ဘဝနိကန္တိကလောဘ - ဟုပါဠိတော်၌ပြဆို၏ ။
ဘဝကိုမြတ်နိုးတတ်သောတဏှာ ဟုအဓိပ္ပါယ်ရ၏ ။



ထို့ ကြောင့် လူသည် မိမိ၏ဘဝကိုပျက်သုဉ်းမသွားစေရန် ကိုယ်လိုချင်သော အရာရာတိုင်းကို ရရှိပိုင်ဆိုင်ရန် လောဘဖြင့်အားထုတ်၏ ။

အတ္တ ဓမ္မတာ - ဟုခေါ်၏ ။

၎င်းမှာ လူတော်လူကောင်းများလိုက်နာကျင့်သုံးရသော ဓမ္မတာမျိုးမဟုတ်ပါချေ ။

လောဘရှိနေသရွေ့ သောကရှိနေပေမည် ။

သောကကို ရင်ဝယ်ပိုက်ထားရလေသမျှ မိမိဘဝအတွက် တောင့်တခြင်း( ၄ ) မျိုးကိုတောင့်တမြဲဖြစ်ရတော့၏ ။

ပထမတောင့်တချက်မှာ အိမ်ရာတည်ထောင်လိုခြင်းဖြစ်ပါ၏ ။

ယင်းကို ကာမ - ဟုခေါ်၏ ။

လူသည် ကာမအရ အထီးကျန်မနေလိုဘဲ ကိုယ့်ကိုခင်တွယ်သည့် အသိုင်းအဝိုင်းနှင့်နေလိုကြ၏ ။

အတူတကွပေါင်းသင်းနေထိုင်နိုင်ရန်အားထုတ်ကြရပါ၏ ။

ထိုအခါ မလုပ်သင့်သည်ကိုလုပ်ဆောင်မိတတ်
ကြ၏ ။

ဒုတိယတောင့်တချက်မှာ စီးပွားဥစ္စာပြည့်စုံလိုခြင်းဖြစ်၏ ။

ယင်းကို အတ္တ - ဟုခေါ်၏ ။

လူသည် အတ္တအရ ချို့ချို့ငဲ့ငဲ့မနေလိုဘဲ မိမိရဲ့ဘဝအတွက် စီးပွားဥစ္စာဖြင့်ပြည့်စုံလိုကြ၏ ။

မည်မျှပင်ပြည့်စုံစေကာမူ ဘဝအတွက်ပြည့်စုံသွားပြီဟူ၍ ကျေနပ်ရောင့်ရဲခြင်းမရှိဘဲ ပို၍ပို၍ပြည့်စုံစေရန် ဆက်၍ဆက်ကာအားထုတ်ကြရပါ၏ ။

တတိယတောင့်တချက်မှာ

ဓမ္မနှင့်အညီနေထိုင်ကျင့်သုံးလိုခြင်းဖြစ်၏။

လူသည် ကာမအရ အိမ်ရာတည်ထောင်ရုံနှင့်မပြီး အတ္တအရ စီးပွားဥစ္စာ ရှာဖွေရုံနှင့် မတင်းတိမ် ။

ဓမ္မနှင့်အညီ နေနိုင်ရန်လည်းလိုအပ်သေး၏ ။

အိမ်ရာတည်ထောင်ရာ၌ဖြစ်စေ စီးပွားဥစ္စာရှာဖွေရာ၌ဖြစ်စေ အဓမ္မနည်းကို သုံးချင်သုံးမိမည်ဖြစ်သော်လည်း မူရင်းဗီဇစိတ်ဓာတ်အရ ဓမ္မနှင့်အညီ ကျင့်ကြံအားထုတ်လိုသည်ကမူ အမှန်ဖြစ်ပါ၏ ။


 စတုတ္ထတောင့်တချက်မှာ ဓမ္မနှင့်အညီကျင့်ကြံနေထိုင်ရုံမျှနှင့်မကျေနပ်သေးဘဲ လူသည် လွတ်လပ်မှုကို တောင့်တပြန်၏ ။

ယင်းကို ပါဠိစာပေ၌ မောက္ခ - ဟုပါရှိ၏။

ထို့ သို့ တောင့်တခြင်းလေးမျိုးအနက် ပထမ နှင့် ဒုတိယ တောင့်တချက်မှာ အဓမ္မဖြစ်၏ ။

တတိယ နှင့် စတုတ္ထမှာ ဓမ္မဖြစ်၏ ။

တောင့်တခြင်းဖြစ်စဉ်အတိုင်းလေ့လာကြည့်ပါက အဓမ္မကဦးဆောင်၏ ။

အုပ်စိုးနေ၏ ။

အဓမ္မနေရာ၌ ဓမ္မကို အစားထိုးကြပါ၏ ။

အဓမ္မကို ဓမ္မကအပြီးအပြတ်အနိုင်ယူနိုင်ရန် ကြိုးစားကြရပါ၏ ။

ပိုင်မည်ထင်၍ တောင့်တကြ၏ ။

ဆိုင်သည်ထင်၍ ကြောင့်ကြရ၏ ။

တောင့်တခြင်း နှင့် ကြောင့်ကြခြင်းကင်းစေရန်-- 


မြတ်ဗုဒ္ဓက
၁ ။ အချင်းချင်းရိုင်းပင်းကူညီတတ်ခြင်း( ဒါန )

၂ ။ ကိုယ်ကျင့်သီလသိက္ခာကိုစောင့်ထိန်းခြင်း ( သီလ )

၃။မိမိလုပ်ငန်း၌သာစိတ်ဝင်စားပြီးလာမည့်အကျိုးတရားကိုမမျှော်ကိုးခြင်း
( နိက္ခမ )

၎ ။ ဇွဲလုံ့လမလျှော့ခြင်း ( ဝီရိယ )

၅ ။ ပညာဥာဏ်ထက်မြက်အောင်အားထုတ်ခြင်း ( ပညာ )

၆ ။ အရာရာ၌သည်းခံခွင့်လွှတ်နိုင်ခြင်း( ခန္တီ )

၇ ။ သစ္စာရှိခြင်း ( သစ္စာ )

၈ ။ မိမိ၏ဆုံးဖြတ်ချက်မှ သွေဖည်၍ မသွားခြင်း ( အဓိဋ္ဌာန် )

၉ ။ အားလုံးအပေါ်ချစ်တတ်ခြင်း( မေတ္တာ )

၁၀ ။ ဘက်မလိုက်ခြင်း ( ဥပေက္ခာ )

ဟူသော ပါရမီ ( ၁၀ ) ပါးကိုဖြည့်ကျင့်ခြင်းသည်ပင်လျှင် မှန်ကန်ဖြောင့်မတ်သောအကျင့်မြတ်ဟု
ဟောကြားတော်မူခဲ့ပါ၏ ။

မင်း နှင့် ပြည်သူ တူညီသောပါရမီများ ဖြည့်ကျင့်နေထိုင်ကြပါလျှင် နိုင်ငံတစ်ဝန်း၌

 တောင့်တခြင်း ကြောင့်ကြခြင်းများ တစ်စစီချုပ်ငြိမ်းသွားမည်ဖြစ်ပါကြောင်း ။

မင်း နှင့် ပြည်သူ

တူညီတဲ့ပန်းတိုင် တူညီတဲ့ရည်ရွယ်ချက်
သွေဖည်မသွားဖို့ လိုအပ်ပါကြောင်း တင်ပြပေးလိုက်ပါသည် ။

( 11 - 2 - 2014 ) အဂါင်္နေ့ ထုတ် စံတော်ချိန် နေ့ စဉ်သတင်း - အယ်ဒီတာအာဘော် -

ကို မှီငြမ်း၍ မျှဝေပေးပါသည် ။

ဓမ္မမိတ်ဆွေများအားလုံးကိုယ်၏ကျန်းမာ
ခြင်း စိတ်၏ချမ်းသာခြင်းများနှင့်ပြည့်စုံနိုင်ကြပါစေ ။

U Dhammar Nan Da

No comments:

Post a Comment