/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, February 9, 2014

**** အနတ္တဝါဒ အပိုင်း(၉) ****

Photo: အနတ္တဝါဒ
-----------
အပိုင်း(၉)
သိပ္ပံပညာရှင်တို့၏ လေ့လာတွေ့ရှိချက်များ အသိပညာရှင်တို့၏ ထင်မြင်ချက်များနှင့် လူသတ္တဝါ၏ ဘဝအဖြစ်သနစ် ဒိဋ္ဌဓမ္မများသည် အနတ္တဝါဒကို အခိုင်အမာ ထောက်ခံသော်လည်း မြန်မာနိုင်ငံ၌ပင် ထိုဝါဒကို မနှစ်သက်သော ဗုဒ္ဓဝါဒီများရှိ၏။ များစွာသောဗုဒ္ဓဝါဒီတို့၏ အတ္တစွဲသည် သူတို့၏ ဘာသာရေးယုံကြည်ချက်များ၌ ပေါ်လွင်ထင်ရှား၏။ အချို့ကမူ အတ္တစွဲဖြင့်ရေးသားထားသော အင်္ဂလိပ် ဗုဒ္ဓဘာသာစာအုပ်များကို အထူးဂရုပြု၍ ဖတ်ရှုလေ့လာကြ၏။ အနတ္တဝါဒကို သူတို့လက်မခံမှု၌ အကြောင်းယုတ္တိရှိမှု မရှိမှုသည် ပဓာနမဟုတ်။ မကြိုက်မနှစ်သက်မှုသည်သာ ပဓာနဖြစ်၏။ သူတို့အမြင်အားဖြင့် အနတ္တတရားသည်  မစ္စက်ရိုင်းဒေးဗစ်နှင့် လန်ဒန် ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ မစ္စတာခရစ္စမတ်စ်ဟန်ဖရီ ရေးသားသကဲ့သို့ မျှော်လင့်ချက်ကင်း၍ စိတ်ပျက်ဖွယ်ကောင်းသော တရားဖြစ်နေပေလိမ့်မည်။ 
ဤသည်မှာအံ့သြဖွယ်ရာဖြစ်၏။ ကမ္ဘာ့ဘာသာဝါဒကြီးများတွင် ဗုဒ္ဓဝါဒသည် လူ၏ ဂုဏ်သတ္တိစွမ်းအားကို အများဆုံး မြှင့်တင်ဟောပြောသော ဝါဒဖြစ်၏။ လူ၏ အဖြစ်ကိုရခဲသည် ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် မိမိကိုယ်ကိုသာလျှင် အားကိုးရမည်။ မိမိပြုသောအမှု (ဝါ)ကမ္မသည် မိမိ၏ဥစ္စာဖြစ်သည်။ ဤသို့သောအားပေးစကားမျိုးကို ဗုဒ္ဓဝါဒမှတစ်ပါး အခြားဘာသာဝါဒများ၌ တွေ့ရမည် မဟုတ်ချေ။ သို့စဉ်လျက် အနတ္တဝါဒကို အချို့လူတို့ မနှစ်သက်ခြင်းမှာ ဗုဒ္ဓလမ်းစဉ်၌ ကယ်တင်ရှင် ထာဝရဘုရားမရှိ။ အနတ္တဝါဒကလည်း လူသတ္တဝါသည် မမြဲသော ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးမျှသာ ဖြစ်သည်ဟု ဟောထားခြင်းကြောင့် ဖြစ်ရပေမည်။ ဤနေရာ၌ မမြဲသော ခန္ဓာငါးပါးဟူသောစကားကို ရှေးဦးစွာ ယထာဘူတကျကျ ဆန်းစစ်လေ့လာရန်လိုအပ်၏။ ဗုဒ္ဓသည် ဒုက္ခတရားနှင့် အနတ္တတရားကို ဟောကြားရာ၌ အနိစ္စတရားကို ရှေ့တန်းတင်၍ ဟောကြားခြင်းမှာ အနိစ္စတရား၌ ထိုတရားနှစ်ပါး အကျူးဝင်နေသောကြောင့်ဖြစ်၏။ တစ်နည်းဆိုသော် မမြဲသော ကာမဂုဏ်ချမ်းသာကို မက်မော၍ ဆင်းရဲဒုက္ခဖြစ်ရခြင်း မမြဲသောအတ္တဇီဝကို ရှာကြံမှု၏ အချည်းအနှီးဖြစ်ခြင်းကို ထင်ရှားစေရန်ဖြစ်၏။ သို့ရာတွင် ဗုဒ္ဓ၏ ဝိဘဇ္ဇဝါဒကို အခြေပြု၍ သင်္ခါရဓမ္မများကို တစ်ခုစီ အကောင်းအဆိုး အယုတ်အမြတ် ဆုံးဖြတ်ရာ၌ တည်မြဲသော ကာလပရိစ္ဆေဒသည် ပဓာနမဟုတ်ချေ။ ပျင်းရိ၍ လုံ့လဝီရိယမရှိဘဲ နှစ်ပေါင်းတစ်ရာ အသက်ရှည်ရခြင်းထက် လုံ့လဝီရိယဖြင့် တက်တက်ကြွကြွနှင့် တစ်ရက်အသက်ရှည်ရခြင်းသည် မြတ်၏။ (ဓမ္မပဒ ဂါထာ ၁၁၂)ဤသို့ဖြင့် ကာလတာရှည် တည်မြဲမှုထက် ပိုမိုအရေးကြီးသောအချက်များ ရှိကြောင်း ဗုဒ္ဓဝါဒက အသိအမှတ်ပြုထား၏။ ဝတ္ထုပစ္စည်းများကို တန်ဖိုးဖြတ်ရာ၌ ကျွန်ုပ်တို့သည် အရေအတွက်ထက် အရည်အချင်းကို ပိုမိုဂရုပြုရ၏။ ထိုနည်းအတူ ခန္ဓာငါးပါးကို ဆင်ခြင်သုံးသပ်ရာ၌ အနိစ္စတရားကို ဥပါဒါန်အစွဲမထားဘဲ ယင်းတို့၏ အစုအပေါင်းဖြစ်သော လူသတ္တဝါ၏ သဘာဝဂုဏ်သတ္တိကို ဦးစားပေး၍ ရှာဖွေလေ့လာရပေမည်။ ဤသို့လေ့လာခြင်းသည် ဘဒ္ဒဝဂ္ဂီမင်းသားများအား မိမိကိုယ်ကို ရှာဖွေကြရန် ဗုဒ္ဓမိန့်ကြားသော သြဝါဒနှင့်အညီဖြစ်၏။

ဤနေရာ၌ ကျွန်ုပ်တို့ ရှေးဦးစွာ သတိပြုသင့်သောအချက်မှာ အရာဝတ္ထု(ဝါ) သင်္ခါရဓမ္မတစ်ခု၏ ဂုဏ်သတ္တိသည် ယင်းတို့၌ပါဝင်သော အင်္ဂါအစိတ်အပိုင်းကို ကျော်လွန်၍ တည်ရှိနေမှုဖြစ်၏။ ဥပမာ လူ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းအားလုံးကို ထုတ်ယူ၍ ပြန်လည်ဆက်စပ်ခြင်းဖြင့် ခန္ဓာကိုယ်ကို မရအပ်။ ကိုယ်အင်္ဂါများကို တစ်ခုစီလေ့လာခြင်းဖြင့်လည်း ပုဂ္ဂိုလ်တစ်ဦး၏ ကာယစွမ်းအားကို သိရှိနိုင်မည်မဟုတ်။ အကြောင်းမူကား ကိုယ်ခန္ဓာ၏ ဂုဏ်သတ္တိသည် ကိုယ်အင်္ဂါများ၏ အနေထား အချင်းချင်း ဆက်သွယ်မှု အကျိုးပြုမှုစသော များစွာသော အကြောင်းတရားများမှ ပေါက်ဖွားလာသော သတ္တိဖြစ်၏။ အမှန်ဆိုသော် သိပ္ပံပညာရှင်တို့သည် လူ၏အကြောင်းကို အတော်အတန် စုံလင်စွာ လေ့လာခဲ့ကြပြီးဖြစ်၏။ သတ္တဗေဒပညာသည် လူ၏ အသက်ဇီဝအကြောင်းကို လေ့လာ၏။ ဆေးသိပ္ပံပညာသည် လူ၏ အနာရောဂါများအကြောင်းကို သုတေသနပြု၏။ စိတ္တဗေဒပညာရှင်သည် လူ၏ စိတ်သဘာဝကို သိရှိနားလည်ရန် အားထုတ်၍ မနုဿဗေဒပညာရှင်သည် လူသတ္တဝါ၏ သဘာဝသမိုင်းကို ဖော်ပြ၏။ ထိုသို့ သိပ္ပံပညာရပ် အသီးသီး၏ လူ့အကြောင်းကို စူးစမ်းလေ့လာမှုသည် ကျယ်ပြန့်၍ သိရှိရသော အချက်များသည် အတော်အတန် တိကျမှန်ကန်သည်ဆိုစေ ထိုသိရှိရချက်များကို အားလုံးစုပေါင်းလိုက်ခြင်းဖြင့် လူသား၏ ပရမတ္ထဂုဏ်သည် ပေါ်လွင်ထင်ရှားလာမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုပရမတ္ထဂုဏ်သည် သိပ္ပံပညာတွေ့ရှိချက် အစုအပေါင်းကို လွန်၍တည်သော တရားဖြစ်၏။

ဤသို့ လူ၏ ပရမတ္ထဂုဏ်သတ္တိကို သိပ္ပံပညာဖြင့် ရှာဖွေဆုံးဖြတ်၍ မရအပ်ဟု ဆိုသောကြောင့် ယင်းဂုဏ်သတ္တိသည် အတ္တ၌ဖြစ်စေ  သို့မဟုတ် အတ္တ၌တည်သည်ဟူ၍ကား မထင်မှတ်သင့်။ ပန်းချီကားတစ်ချပ်၏ အနုပညာဂုဏ်မြောက်မှု သို့မဟုတ် တူရိယာတီးဝိုင်းတစ်ခုမှ ပေါ်ထွက်လာသော တေးဂီတ၏ သာယာငြိမ့်ညောင်းမှုသည် ဧကန်ထင်ရှားရှိသော်လည်း တစ်စုံတစ်ခုသော သီးခြားအမာခံဓာတ်အပေါ်၌ တည်သည်မဟုတ်။ ထို့အတူ လူသည် သိပ္ပံပညာဖြင့် ကြံဆ၍မရအပ်သော ဝိသေသဂုဏ်နှင့် ပြည့်စုံသော်လည်း ထိုဝိသေသဂုဏ်၏ တည်မှီရာ အတ္တကို စိတ်ကူးကြံစည်ရန် မလိုချေ။(---ဆက်ရန်)

(ဦးအေးမောင်)  

အနတ္တဝါဒ  အပိုင်း(၉)
******************
သိပ္ပံပညာရှင်တို့၏ လေ့လာတွေ့ရှိချက်များ အသိပညာရှင်တို့၏ ထင်မြင်ချက်များနှင့် လူသတ္တဝါ၏ ဘဝအဖြစ်သနစ် ဒိဋ္ဌဓမ္မများသည် အနတ္တဝါဒကို အခိုင်အမာ ထောက်ခံသော်လည်း မြန်မာနိုင်ငံ၌ပင် ထိုဝါဒကို မနှစ်သက်သော ဗုဒ္ဓဝါဒီများရှိ၏။ များစွာသောဗုဒ္ဓဝါဒီတို့၏ အတ္တစွဲသည် သူတို့၏ ဘာသာရေးယုံကြည်ချက်များ၌ ပေါ်လွင်ထင်ရှား၏။ အချို့ကမူ အတ္တစွဲဖြင့်ရေးသားထားသော အင်္ဂလိပ် ဗုဒ္ဓဘာသာစာအုပ်များကို အထူးဂရုပြု၍ ဖတ်ရှုလေ့လာကြ၏။ အနတ္တဝါဒကို သူတို့လက်မခံမှု၌ အကြောင်းယုတ္တိရှိမှု မရှိမှုသည် ပဓာနမဟုတ်။ မကြိုက်မနှစ်သက်မှုသည်သာ ပဓာနဖြစ်၏။ သူတို့အမြင်အားဖြင့် အနတ္တတရားသည် မစ္စက်ရိုင်းဒေးဗစ်နှင့် လန်ဒန် ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ မစ္စတာခရစ္စမတ်စ်ဟန်ဖရီ ရေးသားသကဲ့သို့ မျှော်လင့်ချက်ကင်း၍ စိတ်ပျက်ဖွယ်ကောင်းသော တရားဖြစ်နေပေလိမ့်မည်။
ဤသည်မှာအံ့သြဖွယ်ရာဖြစ်၏။ ကမ္ဘာ့ဘာသာဝါဒကြီးများတွင် ဗုဒ္ဓဝါဒသည် လူ၏ ဂုဏ်သတ္တိစွမ်းအားကို အများဆုံး မြှင့်တင်ဟောပြောသော ဝါဒဖြစ်၏။ လူ၏ အဖြစ်ကိုရခဲသည် ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် မိမိကိုယ်ကိုသာလျှင် အားကိုးရမည်။ မိမိပြုသောအမှု (ဝါ)ကမ္မသည် မိမိ၏ဥစ္စာဖြစ်သည်။ ဤသို့သောအားပေးစကားမျိုးကို ဗုဒ္ဓဝါဒမှတစ်ပါး အခြားဘာသာဝါဒများ၌ တွေ့ရမည် မဟုတ်ချေ။ သို့စဉ်လျက် အနတ္တဝါဒကို အချို့လူတို့ မနှစ်သက်ခြင်းမှာ ဗုဒ္ဓလမ်းစဉ်၌ ကယ်တင်ရှင် ထာဝရဘုရားမရှိ။ အနတ္တဝါဒကလည်း လူသတ္တဝါသည် မမြဲသော ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးမျှသာ ဖြစ်သည်ဟု ဟောထားခြင်းကြောင့် ဖြစ်ရပေမည်။ ဤနေရာ၌ မမြဲသော ခန္ဓာငါးပါးဟူသောစကားကို ရှေးဦးစွာ ယထာဘူတကျကျ ဆန်းစစ်လေ့လာရန်လိုအပ်၏။ ဗုဒ္ဓသည် ဒုက္ခတရားနှင့် အနတ္တတရားကို ဟောကြားရာ၌ အနိစ္စတရားကို ရှေ့တန်းတင်၍ ဟောကြားခြင်းမှာ အနိစ္စတရား၌ ထိုတရားနှစ်ပါး အကျူးဝင်နေသောကြောင့်ဖြစ်၏။ တစ်နည်းဆိုသော် မမြဲသော ကာမဂုဏ်ချမ်းသာကို မက်မော၍ ဆင်းရဲဒုက္ခဖြစ်ရခြင်း မမြဲသောအတ္တဇီဝကို ရှာကြံမှု၏ အချည်းအနှီးဖြစ်ခြင်းကို ထင်ရှားစေရန်ဖြစ်၏။ သို့ရာတွင် ဗုဒ္ဓ၏ ဝိဘဇ္ဇဝါဒကို အခြေပြု၍ သင်္ခါရဓမ္မများကို တစ်ခုစီ အကောင်းအဆိုး အယုတ်အမြတ် ဆုံးဖြတ်ရာ၌ တည်မြဲသော ကာလပရိစ္ဆေဒသည် ပဓာနမဟုတ်ချေ။ ပျင်းရိ၍ လုံ့လဝီရိယမရှိဘဲ နှစ်ပေါင်းတစ်ရာ အသက်ရှည်ရခြင်းထက် လုံ့လဝီရိယဖြင့် တက်တက်ကြွကြွနှင့် တစ်ရက်အသက်ရှည်ရခြင်းသည် မြတ်၏။ (ဓမ္မပဒ ဂါထာ ၁၁၂)ဤသို့ဖြင့် ကာလတာရှည် တည်မြဲမှုထက် ပိုမိုအရေးကြီးသောအချက်များ ရှိကြောင်း ဗုဒ္ဓဝါဒက အသိအမှတ်ပြုထား၏။ ဝတ္ထုပစ္စည်းများကို တန်ဖိုးဖြတ်ရာ၌ ကျွန်ုပ်တို့သည် အရေအတွက်ထက် အရည်အချင်းကို ပိုမိုဂရုပြုရ၏။ ထိုနည်းအတူ ခန္ဓာငါးပါးကို ဆင်ခြင်သုံးသပ်ရာ၌ အနိစ္စတရားကို ဥပါဒါန်အစွဲမထားဘဲ ယင်းတို့၏ အစုအပေါင်းဖြစ်သော လူသတ္တဝါ၏ သဘာဝဂုဏ်သတ္တိကို ဦးစားပေး၍ ရှာဖွေလေ့လာရပေမည်။ ဤသို့လေ့လာခြင်းသည် ဘဒ္ဒဝဂ္ဂီမင်းသားများအား မိမိကိုယ်ကို ရှာဖွေကြရန် ဗုဒ္ဓမိန့်ကြားသော သြဝါဒနှင့်အညီဖြစ်၏။

ဤနေရာ၌ ကျွန်ုပ်တို့ ရှေးဦးစွာ သတိပြုသင့်သောအချက်မှာ အရာဝတ္ထု(ဝါ) သင်္ခါရဓမ္မတစ်ခု၏ ဂုဏ်သတ္တိသည် ယင်းတို့၌ပါဝင်သော အင်္ဂါအစိတ်အပိုင်းကို ကျော်လွန်၍ တည်ရှိနေမှုဖြစ်၏။ ဥပမာ လူ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းအားလုံးကို ထုတ်ယူ၍ ပြန်လည်ဆက်စပ်ခြင်းဖြင့် ခန္ဓာကိုယ်ကို မရအပ်။ ကိုယ်အင်္ဂါများကို တစ်ခုစီလေ့လာခြင်းဖြင့်လည်း ပုဂ္ဂိုလ်တစ်ဦး၏ ကာယစွမ်းအားကို သိရှိနိုင်မည်မဟုတ်။ အကြောင်းမူကား ကိုယ်ခန္ဓာ၏ ဂုဏ်သတ္တိသည် ကိုယ်အင်္ဂါများ၏ အနေထား အချင်းချင်း ဆက်သွယ်မှု အကျိုးပြုမှုစသော များစွာသော အကြောင်းတရားများမှ ပေါက်ဖွားလာသော သတ္တိဖြစ်၏။ အမှန်ဆိုသော် သိပ္ပံပညာရှင်တို့သည် လူ၏အကြောင်းကို အတော်အတန် စုံလင်စွာ လေ့လာခဲ့ကြပြီးဖြစ်၏။ သတ္တဗေဒပညာသည် လူ၏ အသက်ဇီဝအကြောင်းကို လေ့လာ၏။ ဆေးသိပ္ပံပညာသည် လူ၏ အနာရောဂါများအကြောင်းကို သုတေသနပြု၏။ စိတ္တဗေဒပညာရှင်သည် လူ၏ စိတ်သဘာဝကို သိရှိနားလည်ရန် အားထုတ်၍ မနုဿဗေဒပညာရှင်သည် လူသတ္တဝါ၏ သဘာဝသမိုင်းကို ဖော်ပြ၏။ ထိုသို့ သိပ္ပံပညာရပ် အသီးသီး၏ လူ့အကြောင်းကို စူးစမ်းလေ့လာမှုသည် ကျယ်ပြန့်၍ သိရှိရသော အချက်များသည် အတော်အတန် တိကျမှန်ကန်သည်ဆိုစေ ထိုသိရှိရချက်များကို အားလုံးစုပေါင်းလိုက်ခြင်းဖြင့် လူသား၏ ပရမတ္ထဂုဏ်သည် ပေါ်လွင်ထင်ရှားလာမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုပရမတ္ထဂုဏ်သည် သိပ္ပံပညာတွေ့ရှိချက် အစုအပေါင်းကို လွန်၍တည်သော တရားဖြစ်၏။

ဤသို့ လူ၏ ပရမတ္ထဂုဏ်သတ္တိကို သိပ္ပံပညာဖြင့် ရှာဖွေဆုံးဖြတ်၍ မရအပ်ဟု ဆိုသောကြောင့် ယင်းဂုဏ်သတ္တိသည် အတ္တ၌ဖြစ်စေ သို့မဟုတ် အတ္တ၌တည်သည်ဟူ၍ကား မထင်မှတ်သင့်။ ပန်းချီကားတစ်ချပ်၏ အနုပညာဂုဏ်မြောက်မှု သို့မဟုတ် တူရိယာတီးဝိုင်းတစ်ခုမှ ပေါ်ထွက်လာသော တေးဂီတ၏ သာယာငြိမ့်ညောင်းမှုသည် ဧကန်ထင်ရှားရှိသော်လည်း တစ်စုံတစ်ခုသော သီးခြားအမာခံဓာတ်အပေါ်၌ တည်သည်မဟုတ်။ ထို့အတူ လူသည် သိပ္ပံပညာဖြင့် ကြံဆ၍မရအပ်သော ဝိသေသဂုဏ်နှင့် ပြည့်စုံသော်လည်း ထိုဝိသေသဂုဏ်၏ တည်မှီရာ အတ္တကို စိတ်ကူးကြံစည်ရန် မလိုချေ။
 
(---ဆက်ရန်)(ဦးအေးမောင်)
 

No comments:

Post a Comment