Pages

Wednesday, February 5, 2014

**** အရုဏ်ဆွမ်းနှင့် ကလေးငယ် ***


 
Photo: အရုဏ်ဆွမ်းနှင့် ကလေးငယ်
************************

     ညနေဝင်ရီတရောတွင်  အဘွားအိုသည်  ပန်း
ဆီမီး  လက်မှာစွဲလျက်  ဓမ္မာရုံသို့ သွား၏။   ဇရာ
နှင့်  အအေးဓာတ်တို့   မိတ်ပြုကာ   အဘွားအိုကို
နှိပ်စက်လေရာ   အဘွားအိုမှာ   တုန်ယင်လျက်ရှိ
လေ၏ ။

     ဗုဒ္ဓထံပါးတွင်    ဆီမီးတိုင်သည်      အားနည်း
ချည့်နဲ့စွာ  လင်းလျက်၊    မြောက်ပြန်လေ၏   အ
ကျီစယ်သန်မှုကြောင့်    မီးတိုင်က   မီးညွန့်တို့မှာ
ယိမ်းထိုးလျက်  ရှိလေ၏ ။ 

      အဘွားအိုသည်  ဓမ္မာရုံသို့ရောက်ခဲ့၏။  လှုပ်
ယိမ်းလျက်ရှိသော  မီးရောင်တွင်  ဗုဒ္ဓ၏ မျက်နှာ
တော်သည်   ဝိုးတဝါးပေါ်လျက် ရှိပေ၏ ။    

      တုန်ယင်သော  လက်ချောင်းများသည်   ညှိုး
နွမ်းသော  ကြာပန်းသဖွယ်      ဖူးပွင့်လာကြလေ
သည်။      ဗုဒ္ဓသည်    ငြိမ်သက်တည်ကြည်သော
ဣနြေ္ဒဖြင့်  အဘွားအို၏  လက်အုပ်ကြာမုံကို   ခံ
လင့်တော်မူ၏ ။

     " အရှင်ဘုရား - နံနက်အရုဏ်က  အရှင်အား
ဆွမ်းကပ်လှူရန်အလို့ငှာ  ဆွမ်းချက်ခဲ့သည်။  အ
စာမဝ၍   တစာစာငိုမြည်နေရှာသော   မြေးငယ်
ကလေး၏အသံကို  သည်းမခံနိုင်လောက်အောင်
နှလုံးကွဲခဲ့ရ၍    အရှင့်ဖို့ဆွမ်းကို    မြေးငယ်အား
ကျွေးခဲ့မိသည်။    ထို့ကြောင့်    နံနက်ကို  ရှက်၍
ညဥ့်မှသာ   အရှင့်ထံ   လာနိုင်ဝံ့ပါသည်" 

       ဗုဒ္ဓ၏ မျက်နှာတော်သည်    ဆီမီးရောင်တွင်
ပိုမို  ဝင်းထိန်ခဲ့လေသတည်း ။ 

                                                     ( တင်မိုး )
 
အရုဏ်ဆွမ်းနှင့် ကလေးငယ်
************************
ညနေဝင်ရီတရောတွင် အဘွားအိုသည် ပန်း
ဆီမီး လက်မှာစွဲလျက် ဓမ္မာရုံသို့ သွား၏။ ဇရာ
နှင့် အအေးဓာတ်တို့ မိတ်ပြုကာ အဘွားအိုကို
နှိပ်စက်လေရာ အဘွားအိုမှာ တုန်ယင်လျက်ရှိ
လေ၏ ။

ဗုဒ္ဓထံပါးတွင် ဆီမီးတိုင်သည် အားနည်း
ချည့်နဲ့စွာ လင်းလျက်၊ မြောက်ပြန်လေ၏ အ
ကျီစယ်သန်မှုကြောင့် မီးတိုင်က မီးညွန့်တို့မှာ
ယိမ်းထိုးလျက် ရှိလေ၏ ။

အဘွားအိုသည် ဓမ္မာရုံသို့ရောက်ခဲ့၏။ လှုပ်
ယိမ်းလျက်ရှိသော မီးရောင်တွင် ဗုဒ္ဓ၏ မျက်နှာ
တော်သည် ဝိုးတဝါးပေါ်လျက် ရှိပေ၏ ။

တုန်ယင်သော လက်ချောင်းများသည် ညှိုး
နွမ်းသော ကြာပန်းသဖွယ် ဖူးပွင့်လာကြလေ
သည်။ ဗုဒ္ဓသည် ငြိမ်သက်တည်ကြည်သော
ဣနြေ္ဒဖြင့် အဘွားအို၏ လက်အုပ်ကြာမုံကို ခံ
လင့်တော်မူ၏ ။

" အရှင်ဘုရား - နံနက်အရုဏ်က အရှင်အား
ဆွမ်းကပ်လှူရန်အလို့ငှာ ဆွမ်းချက်ခဲ့သည်။ အ
စာမဝ၍ တစာစာငိုမြည်နေရှာသော မြေးငယ်
ကလေး၏အသံကို သည်းမခံနိုင်လောက်အောင်
နှလုံးကွဲခဲ့ရ၍ အရှင့်ဖို့ဆွမ်းကို မြေးငယ်အား
ကျွေးခဲ့မိသည်။ ထို့ကြောင့် နံနက်ကို ရှက်၍
ညဥ့်မှသာ အရှင့်ထံ လာနိုင်ဝံ့ပါသည်"

ဗုဒ္ဓ၏ မျက်နှာတော်သည် ဆီမီးရောင်တွင်
ပိုမို ဝင်းထိန်ခဲ့လေသတည်း ။

  တင်မိုး ဖေ့ဘုတ်မှ ကူးယူမျှဝေသည်။

No comments:

Post a Comment