Pages

Saturday, March 1, 2014

“ကံမြင့်ချင်ရင်. . . ”

Photo: “ကံမြင့်ချင်ရင်. . . ”
••••••••••••••••••
ကံနိမ့်ကံမြင့်ဆိုတာ ဘ၀မှာ 
လူတိုင်းကြုံတွေ့ရမယ့် လောကဓံသဘော ဖြစ်တဲ့အတွက်
ကံနိမ့်နေတဲ့အခါ စိတ်ဓာတ်မကျဘဲ 
အကောင်းတွေပဲ ကြိုးစားလုပ်နိုင်တာဟာ 
ကံကောင်းချင်တဲ့သူတွေရဲ့ တစ်ခုတည်းသော 
နည်းလမ်းဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ 

ကံမြင့်နိုင်မယ့် လုပ်ရပ်တွေဖြစ်တဲ့ 
“မကောင်းတဲ့ ဒုစရိုက်အမှုတွေ”ကို ရှောင်ပြီး 
“ကောင်းတဲ့သုစရိုက်တွေ” နဲ့  နေထိုင်နိုင်အောင် 
ကြိုးစားခြင်းဟာ နိမ့်ကျတာတွေကို 
တစ်ခါပြန်ဆယ်နိုင်တဲ့ ဘယ်သူ့ကိုမှ 
မထိခိုက်တဲ့ ကျင့်စဉ်တစ်ခု ဖြစ်ပါတယ်။

အဆိုးတွေကြုံလေလေ 
သီလကို အထူးလုံအောင် ထိန်းလေလေ၊
မကောင်းတဲ့ တိုက်ခိုက်မှုတွေနဲ့ များများ 
တိုက်ခိုက်ခံရလေလေ ကိုယ့်စိတ်ကို မယိမ်းယိုင်အောင် 
သမထအလုပ် ၊၀ိပဿနာ အလုပ်တွေနဲ့ 
ကြိုးစားအားထုတ်လေလေ ဆိုရင်တော့ ...
ဘယ်လိုနိမ့်ကျမှုမျိုးမဆို ခံနိုင်ရည်ရှိပြီး အမြင့်ကို တစ်ခါပြန်တက်နိုင်မယ်ဆိုတာ သေချာလှပါတယ်။

-【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】 

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm  

No comments:

Post a Comment