Pages

Saturday, March 1, 2014

“စိတ်၏အညစ်အကြေးများကို ဖယ်ရှားခြင်း”

Photo: “စိတ်၏အညစ်အကြေးများကို ဖယ်ရှားခြင်း”
•••••••••••••••••••••••••••••••••••
စိတ်ကြည်လင်ဖို့ ကြိုးစားမယ်ဆိုရင်
 “ဟိရီ သြတပ္ပ” ဆိုတဲ့ တရားကိုရှေးဦးစွာ 
တည်ဆောက်ရမယ်။
ကိုယ်ရဲ့စိတ်နှလုံးထဲမှာ ဖြစ်စေရမယ်။

■ဟိရီ ဆိုတာ - မဟုတ်တာ လုပ်ရမှာရှက်တယ်။
အဲဒါ ကိုပြောတာနော်။
ရှက်တယ်ဆိုတာ လူတွေမှာ လူကြားထဲစကား
ပြောရမှာ ရှက်တာတို့၊ဟို သွားရမှာရှက်တာတို့၊
ဒါမျိုးတွေ ပြောတာမဟုတ်ဘူး။

♦မဟုတ်တာ လုပ်ရမှာ ရှက်တယ်၊
♦မဟုတ်တာ ပြောရမှာ ရှက်တယ်။
♦အကုသိုလ် ဒုစရိုက်တွေနှင့် ပတ်သက်ပြီးတော့
ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်လာရမှာကို 
ရှက်တယ်၊ရွံ့တယ်၊ 
အကုသိုလ်မှန်သမျှ မုန်းတီးတယ်၊
အဲဒါကို “ဟိရီ”လို့ခေါ်တယ်။

“အကုသိုလ်” ကို ရှက်ဖို့လိုတယ်။
မရှက်လို့ အကုသိုလ် လုပ်နေတဲ့ ပုဂ္ဂိုလ်။
“အကုသိုလ်” လုပ်ပြီဆိုရင် ဒါ မရှက်လို့ လုပ်တာ။

အရှက်မရှိဘူးဆိုတာ ကာယဒုစရိုက်၊ဝစီဒုစရိုက်၊
မနောဒုစရိုက် ကိုယ့်သန္တာန်မှာ ဖြစ်ခွင့်ပေးထားရင်
အရှက်မရှိဘူး လို့ပြောရမှာပါ။

အကုသိုလ်ကို ရှက်တာ၊စက်ဆုတ်တာကို 
“ဟိရီ” လို့ ခေါ်တယ်။

■“သြတပ္ပ” ဆိုတာကျတော့ အကုသိုလ်
နှင့်ပတ်သက်ပြီး လန့်တယ်၊ကြောက်တယ်။
လန့်တယ် ၊ကြောက်တယ် ဆိုတာ အကုသိုလ်ကို
မိမိသန္တာန်မှာ ဖြစ်လာမှာကိုကြောက်တာ။
အကုသိုလ် မိမိသန္တာန်မှာ ဖြစ်ပေါ်လာလို့ရှိရင်
ခံရမယ့်အကျိုးဆက်တွေကို ကြောက်တယ်။

■ဟိရီသြတပ္ပ ဖြစ်လာပြီဆိုရင်
သီလ လုံလာတယ်။သီလရှိလာတယ်။
ရှိလာတဲ့သီလ ဟာလည်း ခိုင်မြဲလာတယ်။
ဒါကြောင့်မို့ ရှေးဦးစွာ ကိုယ်သန္တာန်မှာ 
အခြေခံ အားဖြင့် စိတ်ကို ဖြူစင်ဖို့ရာအတွက် 
ဟိရီသြတပ္ပကိုအရင် တည်ဆောက်ပါ။

-【အဂ္ဂမဟာပဏ္ဍိတ 
အရှင်နန္ဒမာလာဘိဝံသ(Ph.D)】

(မူရင်းဓမ္မဒါနအလှူရှင် - Daw Khin Aye Win)

Dhamma Danã Source ► Daw Khin Aye Win &
www.facebook.com/youngbuddhistassociation.mm   


“စိတ်၏အညစ်အကြေးများကို ဖယ်ရှားခြင်း”
•••••••••••••••••••••••••••••••••••
စိတ်ကြည်လင်ဖို့ ကြိုးစားမယ်ဆိုရင်
“ဟိရီ သြတပ္ပ” ဆိုတဲ့ တရားကိုရှေးဦးစွာ
တည်ဆောက်ရမယ်။
ကိုယ်ရဲ့စိတ်နှလုံးထဲမှာ ဖြစ်စေရမယ်။

■ဟိရီ ဆိုတာ - မဟုတ်တာ လုပ်ရမှာရှက်တယ်။
အဲဒါ ကိုပြောတာနော်။
ရှက်တယ်ဆိုတာ လူတွေမှာ လူကြားထဲစကား
ပြောရမှာ ရှက်တာတို့၊ဟို သွားရမှာရှက်တာတို့၊
ဒါမျိုးတွေ ပြောတာမဟုတ်ဘူး။

♦မဟုတ်တာ လုပ်ရမှာ ရှက်တယ်၊
♦မဟုတ်တာ ပြောရမှာ ရှက်တယ်။
♦အကုသိုလ် ဒုစရိုက်တွေနှင့် ပတ်သက်ပြီးတော့
ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်လာရမှာကို
ရှက်တယ်၊ရွံ့တယ်၊
အကုသိုလ်မှန်သမျှ မုန်းတီးတယ်၊
အဲဒါကို “ဟိရီ”လို့ခေါ်တယ်။

“အကုသိုလ်” ကို ရှက်ဖို့လိုတယ်။
မရှက်လို့ အကုသိုလ် လုပ်နေတဲ့ ပုဂ္ဂိုလ်။
“အကုသိုလ်” လုပ်ပြီဆိုရင် ဒါ မရှက်လို့ လုပ်တာ။

အရှက်မရှိဘူးဆိုတာ ကာယဒုစရိုက်၊ဝစီဒုစရိုက်၊
မနောဒုစရိုက် ကိုယ့်သန္တာန်မှာ ဖြစ်ခွင့်ပေးထားရင်
အရှက်မရှိဘူး လို့ပြောရမှာပါ။

အကုသိုလ်ကို ရှက်တာ၊စက်ဆုတ်တာကို
“ဟိရီ” လို့ ခေါ်တယ်။

■“သြတပ္ပ” ဆိုတာကျတော့ အကုသိုလ်
နှင့်ပတ်သက်ပြီး လန့်တယ်၊ကြောက်တယ်။
လန့်တယ် ၊ကြောက်တယ် ဆိုတာ အကုသိုလ်ကို
မိမိသန္တာန်မှာ ဖြစ်လာမှာကိုကြောက်တာ။
အကုသိုလ် မိမိသန္တာန်မှာ ဖြစ်ပေါ်လာလို့ရှိရင်
ခံရမယ့်အကျိုးဆက်တွေကို ကြောက်တယ်။

■ဟိရီသြတပ္ပ ဖြစ်လာပြီဆိုရင်
သီလ လုံလာတယ်။သီလရှိလာတယ်။
ရှိလာတဲ့သီလ ဟာလည်း ခိုင်မြဲလာတယ်။
ဒါကြောင့်မို့ ရှေးဦးစွာ ကိုယ်သန္တာန်မှာ
အခြေခံ အားဖြင့် စိတ်ကို ဖြူစင်ဖို့ရာအတွက်
ဟိရီသြတပ္ပကိုအရင် တည်ဆောက်ပါ။

-【အဂ္ဂမဟာပဏ္ဍိတ
အရှင်နန္ဒမာလာဘိဝံသ(Ph.D)】

(မူရင်းဓမ္မဒါနအလှူရှင် - Daw Khin Aye Win)

Dhamma Danã Source ► Daw Khin Aye Win &
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment