'' စည်းကျိုးလို့ ခွေးတိုးရာ ခွေးအဆိုး မဆိုပါနှင့်''
★★★★★★★★★★★★★★★★★★★★★★
လူ့သိက္ခာများကို
အရှက်အကြောက်နှစ်ပါးက
ထောက်ခံထား၏။
လူ့ဂုဏ်ပုဒ်ကိုကား
ကိုယ်ချင်းစာထား
မေတ္တာတရားက
ထောက်ခံထား၏။
ထိုအားလုံးတို့ကိုကား
သီလတစ်မျိုး တည်းကပင်
တာဝန်ယူထိန်းသိမ်း
စောင့်ရှောက်ထားချေရာ
သီလ ခေါ် စောင့်စည်းခြင်းကျင့်ဝတ်သည်
လူတို့ အတွက်
အသက်ကဲ့သို့
အရေးကြီးပြီး တစ်ခုတည်းသော
အားအကိုးရဆုံး
စိတ်အချရဆုံး
တံခါးမှူးကြီးတည်း။
ထိုသီလ စည်းရိုး
ယနေ့လျှင် ကျိုးက
ယနေ့ပင် အာရုံစဉ်နှင့် ယှဉ်
လုဝင်လာသော ခွေးဆိုး တိုးဝင်လာမည်။
စည်းကျိုး၍ ခွေးတိုး
ထိုခွေးဘက်က
အဆိုးမဆိုသာချေ။
(ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်)
၂ဝဝ၂ ဧပြီလထုတ် ဓမ္မနီတိကထာ။
★★★★★★★★★★★★★★★★★★★★★★
လူ့သိက္ခာများကို
အရှက်အကြောက်နှစ်ပါးက
ထောက်ခံထား၏။
လူ့ဂုဏ်ပုဒ်ကိုကား
ကိုယ်ချင်းစာထား
မေတ္တာတရားက
ထောက်ခံထား၏။
ထိုအားလုံးတို့ကိုကား
သီလတစ်မျိုး တည်းကပင်
တာဝန်ယူထိန်းသိမ်း
စောင့်ရှောက်ထားချေရာ
သီလ ခေါ် စောင့်စည်းခြင်းကျင့်ဝတ်သည်
လူတို့ အတွက်
အသက်ကဲ့သို့
အရေးကြီးပြီး တစ်ခုတည်းသော
အားအကိုးရဆုံး
စိတ်အချရဆုံး
တံခါးမှူးကြီးတည်း။
ထိုသီလ စည်းရိုး
ယနေ့လျှင် ကျိုးက
ယနေ့ပင် အာရုံစဉ်နှင့် ယှဉ်
လုဝင်လာသော ခွေးဆိုး တိုးဝင်လာမည်။
စည်းကျိုး၍ ခွေးတိုး
ထိုခွေးဘက်က
အဆိုးမဆိုသာချေ။
(ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်)
၂ဝဝ၂ ဧပြီလထုတ် ဓမ္မနီတိကထာ။
No comments:
Post a Comment