/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Saturday, March 22, 2014

**** ဘ၀ နှင့် ဘ၀ချမ်းသာ *****

      ဘ၀ နှင့်  ဘ၀ချမ်းသာ 
ချမ်းသာအောင် နေကြတဲ့လူတွေဟာ   လောကမှာ တကယ့်ကို  ချမ်းသာနေကြပါတယ်..။
ချမ်းသာခြင်းဆိုတာ  အမှန်တကယ် တကယ်ရှိတဲ့ တရားပါပဲ...။
ဘ၀ချမ်းသာဆိုတာ  ရှိကို ရှိရတယ်....။


ချမ်းသာအောင် နေရင် ၊ ချမ်းသာအောင် လုပ်ရင် ချမ်းသာတာပါပဲ ...။
ချမ်းသားတဲ့ နည်းလမ်းတွေ ရှိပါတယ်...။
ဆင်းရဲခြင်းကိုတော့ လူတွေက သဘောပေါက်ပြီးကြတာများပါတယ်...။
ဆင်းရဲအောင် နေကြတဲ့လူတွေဟာ  ဆင်းရဲအောင်ကို နေကြလို့ပါ...။
ဘယ်သူမှတော့  ***  ဆင်းရဲချင်လိုက်တာဗျာ ၊ ဆင်းရဲပါစေ  *** လို့ ကိုယ့်ကိုယ်ကို ဆုမတောင်းကြပါဘူး...။
ဒါပေမယ့် ကိုယ့်လုပ်ရပ်တွေ ၊ ကိုယ့်အသိတွေမှာ ၊မပြည့်စုံတဲ့အခါ ဆင်းရဲချင်လိုက်တာလို့ ဆုမတောင်းပေမယ့် ဆုတောင်းသလိုလို ဖြစ်နေပြန်ပါရော..။
ကိုယ့်လုပ်ရပ်တွေ ၊ ကိုယ့်အသိတွေ လွဲနေတာနဲ့အမျှ ဆင်းရဲလမ်းကို ခရီးရှည် လျှောက်နေရသလို ဖြစ်နေကြရတာ လောကလူသားတွေထဲမှာ တစ်ပုံတစ်ပင်ကြီးပါပဲ...။

***  ဘ၀ ဆိုတာ ဘာလဲ....? ။

*** ဘ၀ချမ်းသာ ဆိုတာကော ရှိရဲ့လား...? ။

အဲသည် မေးခွန်းနှစ်ခုကို ဖြေကြည့်လိုက်တဲ့အခါ သည်လို အဖြေထွက်လာပါတယ်...။

*** ဘ၀ ဆိုတာ ***

မွေးဖွားခြင်း နဲ့ သေဆုံးခြင်း ကြားကို လူတစ်ယောက်ရဲ့ တစ်ဘ၉လို့ ခေါ်တယ်...။
အဲသည် တစ်ဘ၀မှာ သူဖြတ်သန်းခဲ့ရတဲ့ အခြေအနေအရ ဘ၀ခွဲပေါင်းများစွာ ရှိနေလိမ့်မယ်..။

** ဘ၀ ဆိုတာ **  ရှိနေခြင်း ၊ ဖြစ်နေခြင်း လို့သာ ဖြေဆိုရမှာပါပဲ...။

အဲသည်ထက် မပိုပါဘူး..။ ရှိနေခြင်း ၊ ဖြစ်နေခြင်း ရပ်တည်နေခြင်း သဘောကိုသာ ဆောင်ခဲ့တယ် မဟုတ်ပါလား...။

သည်လိုမှ မဟုတ်ဘဲ မရှိတော့ ၊ မဖြစ်တော့ ၊ မရပ်တည်နိုင်တော့ဘူးဆိုရင် ဘ၀ မရှိတော့ပါဘူး..။
မရှိတော့ရင် ဘ၀တစ်ခု ဇာတ်သိမ်းသွားရတာပါပဲလေ..။

ဘ၀ကို ပါဠိသက် ဝေါဟာရမှာလည်း ဖြစ်စဉ် ၊ ဖြစ်နေခြင်း ၊ ဖြစ်နေဆဲလို့ အနက်အဓိပ္ပါယ် ဖွင့်ဆိုတာ တွေ့ရပါတယ်...။ လူတွေဟာ သက်ရှိ သတ္တ၀ါတွေထဲမှာ ရှိနေတဲ့အတွက် ကိုယ့်ဘ၀ကိုယ် မှတ်တမ်းတင်နိုင်ပါတယ်..။ ကိုယ်က မှတ်တမ်းတင်ရုံမကပဲ ကိုယ့်ကိုမြင်တွေကလေ့လာခဲ့တဲ့ လူများကလည်း မျတ်တမ်းတင်နိုင်ကြပါတယ်..။ ဒါပေမယ့် ကိုယ့်ဘ၀သမိုင်းဆိုတာ ကိုယ့်လုပ်ရပ်က ရေးသွားတာပါ...။

ဘယ်သူမပြု မိမိမှုဟာ မိမိဘ၀သမိုင်းပါပဲ..။လူသားတွေဟာ သတ္တ၀ါထဲမှာ ဘ၀ကို နားအလည်ဆုံး သတ္တ၀ါ ဖြစ်ပါတယ်..။ ဒါကြောင့်လည်း ဘ၀ကို ပိုပြီး ရုန်းကန်နိုင်ကြတာပေါ့ ...။

လူ့ဘ၀ဆိုတာ လူသတ္တ၀ါတွေရဲ့ ရှည်လျားလှတဲ့ သင်ခန်းစာတွေပါ..။
ဘ၀မှာ ဖြစ်ပျက်နေပုံတွေဟာ ပင့်ကူမျှင်တွေလိုပဲ ရှုပ်ထွေးနေပလေ့စေ ၊ သင်ခန်းစာ ထုတ်ယူရမှာပဲ ...။

လူတွေရဲ့ ဘ၀မှာ ......
တစ်နေ့ ကောင်းလာနိုးနိုးနဲ့ နေသွားကြရတယ်..။
 မျှော်လင့်ချက်နဲ့သာ အသက်ရှင်တဲ့သဘော...။
ကောင်းလာလိမ့်မယ်လို့  မမျှော်လင့် မစဉ်းစားတဲ့လူ မရှိပါဘူး...။

သည်လို မျော်လင့်ချက်တွေ ဖြစ်လာမယ့်နေ့ကို စောင့်ပြီး ဘ၀ချုပ်သွားတဲ့ လူတွေလည်း ရှိပါတယ်...။
အကောင်းကို ပိုင်ဆိုင်ရရှိသွားတဲ့ လူတွေလည်း ရှိပါတယ်...။
ဒါပေမယ့် နည်းလှပါတယ်...။

စာရေးသူ မှတ်သားထားသော အရှင်ပါရဂူ ( ဓမ္မာစရိယပါဠိပါရဂူ - မြန်အောင် ) ၏ ဘ၀နဲ့ ပတ်သက်သော ဖွင့်ဆိုချက်ပေါင်း ၉ ၁၈ ) ချက်ရှိပါသည်...။ ထို အချက် ( ၁၈ ) ချက်မှာ....

၁။ ဘ၀ဟူသည် မွေးဖွားခြင်းမှတ်တိုင်နှင့် သေဆုံးခြင်းမှတ်တိုင်ကြားမှာ ခရီးသွားနေရခြင်း ...။

၂။ ဘ၀ဟူသည် ရခြင်းမဟုတ် ၊ ပေးဆပ်ခြင်း သဘောမျှ သာ...။

၃။ ဘ၀ဟူသည် အပြုံးနှင် မျက်ရည် ဟူသော ချည်မျှင်တို့ဖြင့် ရက်ခတ်ထားသော ကမ္ဗလာတစ်ချပ်..။

၎။ ဘ၀ဟူသည် ငိုသံရယ်သံများနှင့် စ၍ ငိုသံရယ်သံများ၌ပင် ဇာတ်သိမ်းရသော အခန်းများ ...။

၅။ ဘ၀ဟူသည် ကြောင်လိမ်လှေကား ...။

၆။ ဘ၀ဆိုသည်မှာ ၀င်္ကပါပမာ မျက်စိလည်စရာ လည်းဖြစ်သည်...။

၇။ ဘ၀ဟူသည် ကရွတ်ကင်းပမာလည်း ရှိ၏ ...။

၈။ ဘ၀ဟူသည် သမုဒ္ဒရာရေထက် ခဏတတ်သည့် ရေပွက်ပမာ တစ်သက်လျာပင် ....။

၉။ ဘ၀ဟူသည် ဒီရေပမာ အတက်အဆင်း ....။

၁၀။ ဘ၀က ပင်လယ်ရေလှိုင်းများ ပမာလည်းရှိတတ်သည်...။

၁၁။ ဘ၀ဟူသည် သမုဒ္ဒရာ ရေပြင်လိုလည်း ဖြစ်၏ ....။

၁၂။ ဘ၀က ငှက်ခါးပျံသကဲ့သို့ နိမ့်ချည် တစ်လှည့် မြင့်ချည် တစ်လှည့်တည်း...။

၁၃။ ဘ၀ဟူသည် သစ်ငုတ်မြင့်တုံ ၊ မြက်မြင့်တုံ ၊ ဗုံလုံ တစ်လှည့် ၊ ငါးပျံတစ်လှည့် ၊ မှန်ကင်းတစ်လှည့်   ၊ ထင်းတစ်လှည့် ။

၁၄။ ဘ၀ဆိုတာ လှေကားပမာ တက်ဆင်းရာဌာန ....။

၁၅။ ဘ၀က ပိုက်ကွန်နှောင်ကြိုးနှင့် တူနိုးလှချေ ၏....။

၁၆။ ဘ၀ဟူသည် ပင့်ကူအိမ်နှယ် ကွေ့လိမ်ရှုပ်ထွေးလှချေ၏....။

၁၇။ ဘ၀ဟူသည် အ၀ိဇ္ဇာတဏှာ ၊ ငွေမူလကြောင့် ၊ ရုပ်နာမ်ဓမ္မတို့၏ ဖြစ်ချုပ်ကြိမ်ဖန် ၊ အတန်တန်လည်ပတ်ခြင်း .....။

၁၈။ ဘ၀ဟူသည် အကြောင်းအကျိုးဟူသော ချိန်းကြိုး၏ အဟုန်ကြောင့် လည်ပတ်နေရသော စက်ဘီးပမာတည်း....။ ဟု ဖော်ပြထားပါသည်...။

**************************************************

သုတေသီ ဘုန်းမြင့်သွေး ရေးသားသော  *****   ဘ၀ချမ်းသာ ***** စာအုပ်မှ ကောက်နှုတ်ရေးသားပူဇော်လိုက်ပါသည်...။

***  ဘ၀ချမ်းသာဆိုတာ ရှိရဲ့လား  **** ....ဆက်ရန်

ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး တရားထူး တရားမြတ်များလည်းရကြပါစေလို့ ဆုမွန်ကောင်းပို့သလျှက် .....

မေတ္တာဖြင့် ...... လမင်းကြယ်စင်

No comments:

Post a Comment