နက် ဖြန် စောင့်  မနေ နဲ့ ၊ ဒီ နေ့  လုပ် ပါ။
မိုး ကုတ် ဆရာတော် ဘုရား ကြီး ကယောဂီ များ တရား အား ထုတ် ရေး ၌ဖင့် နှေး လေး တွဲ နေကြသည်ကို မြုကိုက်၊ အေး အေး ဆေးဆေးလုပ် နေ ကြ သည် ကို လဲ အား မရ ၊ အချိန် ဆွဲ နေ ကြ သည် ကို လဲ သဘောမကျ၊ နက် ဖြန် မှ သဘက် မှ၊ ဖိန်းနွဲ မှ၊ စသည် ဖြင့်  အချိန် ရွေ့  နေ ကြ သည် ကို လဲ မနှစ် သက် ၊
" ဘဒ္ဒေကရတ္တသုတ်မှာုရား ဟောသလို"" အဇ္ဇေ၀ါ သုဝေဒါ ပရသုဝေဒါ "" တဲ့ ယနေ့ လား၊ နက် ဖြန်လား၊ သဘက် လား၊ ဘယ်နေ့ သေ မယ် ဘယ်သူသိနှိုင် မလဲ ၊ အသေက မဦး ခင် ဉာဏ် က ဦး အောင် အလုပ် လုပ် ပါ။" ဤသို့  လျင် အရေး တကြီး တိုက် တွန်း တော် မူ လေ့  ရှိ၏။

" မစ္စုနာ သင်္ကာရောနတ္တိ" "သေ မင်း နှင် ချိန်းချက် ထား မှု ဆို တာ မရှိ ၊ " ဘယ် တော့ ကျ မှ ဘယ် အခါကျ မှ အသက် ဘယ် အရွယ် ရှိ မှ လာခေါ် ပါ - ဟူ ၍ သေမင်း နှင့် 
ညှိနှိုင်း ထား မှု မရှိ ၊ အချိန် မရွေး သေနှိုင် သည်၊
[" အသေကြီး ကိုဆိုလိုရင်းဖြစ် ဖြစ်၏၊ " " အသေကလေး " တို့  ကားစက္ကန့် မလပ်၊ မီနစ် မလပ်၊ တရစပ်သေ နေ ကြ သည်]
ရုပ် နာမ်ဓမ္မတွေ ၊စက္ကန့် မလပ်၊ မှီနစ် မလပ်၊ တရစပ် ဖြစ် ပျက် နေ ကြ သည် ကို အများ က မသိ ၍ ၊ မမြင် ၍ မကြောက် ကြ၊ မျက်စိကန်း တစ္ဆေမကြောက် သလို ဖြစ် ကြ သည်။
မိုး ကုတ် ဆရာတော် ဘုရား ကြီးကား သိ နေ ၍ မြင် နေ ၍ အရေး ကြီး နေ ခြင်း ဖြစ်၏။ " မြန်မြန် လုပ် ကြ၊ အသေကဦး သွားလိမ့် မယ် " ဟုနှိုးဆော် လေ့ ရှိတော် မူ၏။
ကံ ကောင်းတုံး၊ ဉာဏ် ကောင်းတုံး ၊ အား အင် ကလေး တွေ ရှိတုံး ၊
ကျ မ္မာနေ
တုံး ၊ တရား ရနှိုင် တဲ့  အခွင့်  အရေး ကလေး ပေါ် နေ တုံး၊ ကြိုးစား လိုက်
ကြ၊ အခွင့်
အလမ်းကောင်း တွေ လက် လွတ် မကုန် ကြ စေ နဲ့  ၊ ဟို အရေးဒီ အရေး တွေနဲ့  အချိန် ဆွဲ မနေ ကြ နဲ့ ၊ အခွင့် ကောင်း တွေ ဟာ၊ အခု ကိုယ့် ရှေ့  ရောက် နေကြ ပြီ၊
ဒါကြောင့် " နက် ဖြန် သဘက် ဆို တာ တွေ အသာထား၊ ယနေ့ အရေး ကြီး တဲ့  အခုပ် တွေ အလျှင် လုပ် ကြ"
ဤကာမိုး ကုတ် ဆရာတော် ဘုရား ကြီး ၏ တိုက် တွန်း ချက် ဖြစ် သည်။

မိုး ကုတ် ဆရာ တော် ဘုရားကြီး ၏တဘ၀ သာသနာ (အရှင် ဃောသိတ)
No comments:
Post a Comment