Pages

Saturday, March 22, 2014

***** မိတ်ဆွေ ******



မိတ်ဆွေ
******

လောကကြီးကို ကျောမခိုင်းခင်
သင်ဘာတွေများလုပ်မလဲ?
မြေကြီးကသင့်ကိုမခေါ်ဆောင်ခင်
သင်ဘာတွေ လုပ်ပြီးပြီလည်း?။


သင်သွားရမှာ သေချာတယ်
သင်ပြန်လာရမှာမသေချာဘူး
မိတ်ဆွေ သင့်ရဲ့ခြေလှမ်းတိုင်းမှာ
ငယ်;အို;နာ;သေ;ကာရမဏေလို့
ခေါ်တဲ့ သေမင်းရဲ့
တမန်တော်တွေ လိုက်နေတယ်
ဆိုတာသင်သတိထားကြည့်
လိုက်စမ်းပါ
ဖြစ်ပြက်မြင်အောင် ကြည့်ပါမိတ်ဆွေ။
အမှန်တရားဆိုတာ ကိုယ့်ဆီမှာ
မဟုတ်ပါဘူး။


လောကကြီးထဲမှာ မြင်အောင်
ကြည့်မှမြင်တယ်။
ကိုယ်တိုင်မမြင်ရ မြင်တဲ့သူဆီ
သွားမေးရတယ်။


မြတ်စွာဘုရားရှင်ကတော့
ဘယ်သူမေးမေးဖြေတယ်။
အရှိယာတွေလဲဖြေတတ်ပါတယ်။တစ်နည်းဘဲ လိုပါတယ်
တရားနာဖို့ဘဲလိုပါတယ်။


ဆရာတော်အရှင်သူမြတ်တို့၏
တရားတော်များမှကောက်နုတ်တင်ပြသည်။

*******-*-----************

မေတ္တာဖြင့် Zayar Kyaw

No comments:

Post a Comment