Pages

Monday, March 17, 2014

**** ပါရမီ ဖြည့်ဆည်းသူတိုင်း သိသင့် *****

Photo: ပါရမီ ဖြည့်ဆည်းသူတိုင်း သိသင့်
---------------------------------

လူမှန်သမျှ အလုပ်ကို
တစ်ခုမဟုတ်တစ်ခုကို
လုပ်နေကြရ၏။
ထိုသို့ လုပ်ကြရာ၌
ရည်ရွယ်ချက်သည် ရှိ၏။
ထိုရည်ရွယ်ချက်ကိုလိုက်၍
ပါရမီသဘောနှင့်
ပါရမီမဟုတ်သော သဘောသည်
ကွဲပြားသွား၏။

ငါ့အတွက်……
သက်သက်ဟုရည်ရွယ်လျှင်
ပါရမီမဟုတ်တော့
လောကအတွက် သူတစ်ပါးအတွက်ပါလျှင်
ပါရမီဖြစ်၏။

ပါရမီဟူသည်
တူရူသာကွဲ၏။
လုပ်ငန်းခြင်းကားမကွဲ။
လောကအတွက်
သူတစ်ပါးအတွက်ဟူ၍
ဆိုသည်နှင့်
တစ်ပြိုက်နက် မိမိအတွက်
တပ်မက်ခြင်းလောဘကို
အလိုလိုပယ်စွန့်ပြီးသားဖြစ်၏။

ယင်းကိုပင်……
နက္ခမပါရမီဟု ဆိုရ၏။

နက္ခမပါရမီသဘော
သက်ဝင်လာလျှင်
သာယာဖွယ်ဟူသမျှ
စွန့်နိုင်၏။
ကြံ့ကြံ့ခိုင်နိုင်၏။
ရဲရင့်လာ၏။

ထိုအခါ……
ခန္တီပါရမီသဘော ဝင်လာ၏။

ခန္တီပါရမီ
သဘောဝင်လာလျှင်
မည်သည့်ဘေးရန်ကိုမျှ
မကြောက်တော့။
မြောက်၍လည်းမမြောက်
ခြောက်၍လည်းမကြောက်
မိမိကျရာတာဝန်အတိုင်း
တရားသဖြင့်
ဆောင်ရွက်သွားမည်သာ ဖြစ်၏။

ရရှိနိုင်မည့်
အကျိုးကျေးဇူးကိုလည်း မကြည့်
ကျရောက်မည့်
ပြစ်ဒဏ်ကိုလည်း မကြည့်
တရားသဖြင့်
ဖြစ်ရေးကိုသာကြည့်၏။

ဤသည်မှာ
ဥပေက္ခာပါရမီ သဘောဖြစ်၏။

တပ်မက်စရာကောင်းသော
ရာထူးဂုဏ်သိန်
စည်းစိမ်ဥစ္စာများကို
စွန့်လွတ်နိုင်သော
နက္ခမပါရမီ
ကြောက်စရာကောင်းသော
ဘေးရန်အန္တရာယ်
အသွယ်သွယ်တို့ကို
မကြောက်မရွံ့ ရဲရဲဝံ့ဝံ့နှင့်
ကြံ့ကြံ့ခံနိုင်သော
ခန္တီပါရမီတို့ဖြစ်ထွန်း
ပေါ်ပေါက်လာသည်နှင့်
တစ်ပြိုက်နက်
အကောင်းအဆိုး နှစ်မျိုးလုံးကို
လျစ်လျူရှုနိုင်သော
ဥပေက္ခာပါရမီသည်
မလွဲမသွေ ပေါ်လာမည်ဖြစ်၏။

ထိုပါရမီသုံးမျိုး
ပေါ်ထွန်းလာသည်နှင့်
တပြိုက်နက်
ကျန်သော ပါရမီများသည်
လွယ်လင့်တကူ
ပြည့်စုံလာလေ၏။

ထိုကဲ့သို့ ပါရမီများ
ပြည့်စုံလာခြင်းကိုပင်
အရိယာမျိုးစေ့ကို
စိုက်ပျိုးသည်မည်၏။

ထိုအရိယာ မျိုးစေ့သည်
အောင်မြင်သည်နှင့်
တစ်ပြိုက်နက်
အချိန်ကျရောက်သောအခါ
အရိယာအဖြစ်သို့
ရောက်ပေလိမ့်မည်။

အရိယာအဖြစ်ဟူသည်
မိမိစိုက်ပျိုးခဲ့သော
အရိယာမျိုးစေ့၏
အသီးပင်တည်း။

မျိုးစေ့ကို ……
မစိုက်လျှင်တော့
အပင်လည်းပေါက်မည် မဟုတ်။
အပင်မပေါက်လျှင်
အသီးလည်း
သီး မည်မဟုတ်။
------------------------------------

(ဆရာကြီး/ဦးရွှေအောင်)

 ပါရမီ ဖြည့်ဆည်းသူတိုင်း သိသင့်

------------------------------------
လူမှန်သမျှ အလုပ်ကို
တစ်ခုမဟုတ်တစ်ခုကို
လုပ်နေကြရ၏။
 
ထိုသို့ လုပ်ကြရာ၌
ရည်ရွယ်ချက်သည် ရှိ၏။
ထိုရည်ရွယ်ချက်ကိုလိုက်၍
ပါရမီသဘောနှင့်
ပါရမီမဟုတ်သော သဘောသည်
ကွဲပြားသွား၏။

ငါ့အတွက်……
သက်သက်ဟုရည်ရွယ်လျှင်
ပါရမီမဟုတ်တော့
လောကအတွက် သူတစ်ပါးအတွက်ပါလျှင်
ပါရမီဖြစ်၏။

ပါရမီဟူသည်
တူရူသာကွဲ၏။
လုပ်ငန်းခြင်းကားမကွဲ။

လောကအတွက်
သူတစ်ပါးအတွက်ဟူ၍
ဆိုသည်နှင့်
တစ်ပြိုက်နက် မိမိအတွက်
တပ်မက်ခြင်းလောဘကို
အလိုလိုပယ်စွန့်ပြီးသားဖြစ်၏။

ယင်းကိုပင်……
နက္ခမပါရမီဟု ဆိုရ၏။

နက္ခမပါရမီသဘော
သက်ဝင်လာလျှင်
သာယာဖွယ်ဟူသမျှ
စွန့်နိုင်၏။

ကြံ့ကြံ့ခိုင်နိုင်၏။
ရဲရင့်လာ၏။

ထိုအခါ……
ခန္တီပါရမီသဘော ဝင်လာ၏။

ခန္တီပါရမီ
သဘောဝင်လာလျှင်
မည်သည့်ဘေးရန်ကိုမျှ
မကြောက်တော့။

မြောက်၍လည်းမမြောက်
ခြောက်၍လည်းမကြောက်
မိမိကျရာတာဝန်အတိုင်း
တရားသဖြင့်
ဆောင်ရွက်သွားမည်သာ ဖြစ်၏။

ရရှိနိုင်မည့်
အကျိုးကျေးဇူးကိုလည်း မကြည့်
ကျရောက်မည့်
ပြစ်ဒဏ်ကိုလည်း မကြည့်
တရားသဖြင့်
ဖြစ်ရေးကိုသာကြည့်၏။

ဤသည်မှာ
ဥပေက္ခာပါရမီ သဘောဖြစ်၏။

တပ်မက်စရာကောင်းသော
ရာထူးဂုဏ်သိန်
စည်းစိမ်ဥစ္စာများကို
စွန့်လွတ်နိုင်သော
နက္ခမပါရမီ
ကြောက်စရာကောင်းသော
ဘေးရန်အန္တရာယ်
အသွယ်သွယ်တို့ကို
မကြောက်မရွံ့ ရဲရဲဝံ့ဝံ့နှင့်
ကြံ့ကြံ့ခံနိုင်သော
ခန္တီပါရမီတို့ဖြစ်ထွန်း
ပေါ်ပေါက်လာသည်နှင့်
တစ်ပြိုက်နက်
အကောင်းအဆိုး နှစ်မျိုးလုံးကို
လျစ်လျူရှုနိုင်သော
ဥပေက္ခာပါရမီသည်
မလွဲမသွေ ပေါ်လာမည်ဖြစ်၏။

ထိုပါရမီသုံးမျိုး
ပေါ်ထွန်းလာသည်နှင့်
တပြိုက်နက်
ကျန်သော ပါရမီများသည်
လွယ်လင့်တကူ
ပြည့်စုံလာလေ၏။

ထိုကဲ့သို့ ပါရမီများ
ပြည့်စုံလာခြင်းကိုပင်
အရိယာမျိုးစေ့ကို
စိုက်ပျိုးသည်မည်၏။

ထိုအရိယာ မျိုးစေ့သည်
အောင်မြင်သည်နှင့်
တစ်ပြိုက်နက်
အချိန်ကျရောက်သောအခါ
အရိယာအဖြစ်သို့
ရောက်ပေလိမ့်မည်။

အရိယာအဖြစ်ဟူသည်
မိမိစိုက်ပျိုးခဲ့သော
အရိယာမျိုးစေ့၏
အသီးပင်တည်း။

မျိုးစေ့ကို ……
မစိုက်လျှင်တော့
အပင်လည်းပေါက်မည် မဟုတ်။
အပင်မပေါက်လျှင်
အသီးလည်း
သီး မည်မဟုတ်။

(ဆရာကြီး/ဦးရွှေအောင်)

No comments:

Post a Comment