
အလုပ်မြတ်ဖို့ အဓိက
******************
ယောက်ျားဖြစ်ရုံ သက်သက်နဲ့
မြင့်မြတ်သူတစ်ယောက်
ဖြစ်မလာနိုင်သလို
မိန်းမဖြစ်ရုံ သက်သက်နဲ့လည်း
ယုတ်နိမ့်သူတစ်ယောက်
ဖြစ်မသွားနိုင်ပါဘူး။
ယောက်ျားပဲဖြစ်ဖြစ်
မိန်းမပဲဖြစ်ဖြစ်
မြင့်မြတ်တဲ့
အလုပ်လုပ်ရင်
မြင့်မြတ်သူဖြစ်ပြီး
ယုတ်နိမ့်တဲ့
အလုပ်လုပ်ရင်
ယုတ်နိမ့်သူ ဖြစ်ပါတယ်။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
No comments:
Post a Comment