Pages

Wednesday, March 19, 2014

***** မိုးကုတ်ဆရာတော်ဘုရားကြီး၏ အစ်မတော် *****

>>>> သဗ္ဗဒါနံ  ဓမ္မဒါနံ  ဇိနာတိ <<<<
          *********************

မိုးကုတ်ဆရာတော်ဘုရားကြီး၏ အစ်မတော်
*************************************

       ၁၃၁၆-ခု   တပေါင်းလ (၁၉၅၅-ခု၊  မတ်လ)
ထဲတွင်   ညောင်လေးပင်တရားပွဲအပြီး    ပဲခူးသို့
ဆက်လက်ကြွတော်မူ၏ ၊     ကိစ္စမှာ     ပဲခူးမြို့-
လိပ်ပြာကန်ရပ်တွင်ရှိသော    အစ်မလေး   သီလ
ရှင်အား   ကျေးဇူးဆပ်လို၍ဟူ၏ ။

       ဟုတ်ပါသည် ၊   အစ်မလေးသီလရှင် ဒေါ်သု
စာရီ (ခေါ်) ဒေါ်ကိတ္တိသည်   ဆရာတော်အတွက်
ကျေးဇူးများခဲ့၏ ၊   ဆရာတော့်လောင်းလျာ    ကို
ရင်ဝိမလလေး    အမရပူရသို့   ရောက်လာရခြင်း
သည်     အစ်မလေးသီလရှင်   ရှိသောကြောင့်ဟု
ဆိုပါက  မှားမည်မဟုတ်ချေ ။

       ဤအခြေအနေသို့   ရောက်လာရခြင်း    အ
ကြောင်းတို့တွင်   သည်အစ်မလေးလဲ    တစ်စိတ်
တစ်ပိုင်း   ပါသည်ဟု   ဆရာတော်တွေးနေမိဟန်
တူ၏ ၊    ထို့ကြောင့်  ကျေးဇူးများလှသည်ဟု  ဆို
ခဲ့၏ ။ 

       ထိုမှတစ်ပါး   ပရိယတ်စာပေများတွင်   ကျင်
လည်နေသော   အစ်မလေးဖြစ်၍လည်း   စာပေ
တွေသင် ၊    စာပေတွေကို   ပြန်လည်ပို့ချနေခြင်း
ဖြင့်ချည်း   အချိန်ကို  အကုန်မခံစေလို ၊     ထိုစာ
ပေထဲမှ   ရရှိသော   အသိဉာဏ်ဖြင့်   လက်တွေ့
လည်း    ကျင့်ကြံစေလိုသေးသည် ၊    ထို့ကြောင့်
အစ်မလေးထံသို့   လာခဲ့ခြင်းဖြစ်၏ ။

       အစ်မလေးသီလရှင်ကလည်း     မောင်လေး
( ဆရာတော် ) ရောက်လာ၍     ဝမ်းသာအယ်လဲ
သဘောကျနေ၏ ၊       ရွှင်မြူးနေသည် ၊       စား
ကောင်းသောက်ဖွယ်တို့ကို    ဆက်ကပ်ရန်    စီမံ
နေ၏ ၊    နောက်တစ်နေ့တွင်  ဆရာတော်က -

      "အစ်မလေးတို့ -- တရားလေး  ဘာလေးများ
        ကော    အားမထုတ်ကြဘူးလား"
      "ထုတ်ပါတယ်    မောင်ပဉ္စင်းရဲ့"

        မောင်နှမ  ၂-ယောက်    စကားပြောနေကြ
သည်မှာ    ကြည်နူးစရာကောင်းလှ၏ ၊     မောင်
လေး   ၁၄-နှစ်ရွယ်တုန်းက    အမရပူရ ( တောင်
မြို့) ကို    တစ်ပါးတည်း    ထွက်လာစဉ်ကလည်း
မောင်နှမ  ၂-ယောက်     တွေ့ကြသဖြင့်     အား
တက်ရ   ကြည်နူးရ  ဝမ်းသာခဲ့ရဖူးသည် ၊    ယခု
လည်း      မောင်နှမ  ၂-ယောက်      ပြန်လည်ဆုံ
တွေ့ကြရပြန်သဖြင့်  ဝမ်းသာနေကြရပြန်သည် ။

       မောင်ဖြစ်သူက   အစ်မလေးအတွက်  စိုးရိမ်
တကြီးဖြင့်  "တရား  အားမထုတ်ကြဘူးလား" ဟု
မေးနေသည် ၊   အစ်မလေးကလည်း  သွက်သွက်
လက်လက်ပင်"ထုတ်ပါတယ် မောင်ပဉ္စင်းရဲ့"တဲ့ ။

      အညာဒေသတို့အသုံး  ထုံးစံအတိုင်း "မောင်"
ဖြစ်၍တစ်ကြောင်း ၊  "ပဉ္စင်း" ဖြစ်၍တစ်ကြောင်း
(၂) ခုပေါင်းပြီးတော့  "မောင်ပဉ္စင်း"လို့    ရင်းရင်း
နှီးနှီး   ပြောနေခြင်းဖြစ်သည် ။

      အပြင်လောကမှာမူကား     ဆရာတော်ဦးဝိမ
လသည်    ဂုဏ်သတင်းအရှိန်အဝါ    လွန်စွာကြီး
မားနေပြီ ၊   ထို့ကြောင့်ပင်   "ဆရာတော်ကြီး" ဟူ
၍ပင်   ခေါ်နေကြပြီ ။ 

      သို့သော်လည်း   အစ်မလေးစိတ်ထဲတွင်ကား
"မောင်ကလေး"  အဖြစ်ပင်     မြင်နေဟန်တူ၏ ၊
သို့ဖြစ်၍လည်း  "မောင်ပဉ္စင်း" ဟု  သုံးနှုန်းလိုက်
ခြင်း  ဖြစ်သည် ၊   မောင်ပဉ္စင်းဖြစ်သူက  ဆက်၍
မေး၏ -

      "ဘာနည်းနဲ့  အားထုတ်တာလဲ"
      "ကသစ်ဝိုင်နည်းပေါ့  မောင်ပဉ္စင်းရဲ့ ၊   ဒီပဲခူး
       နယ်မှာ    ကသစ်ဝိုင်နည်းဟာ   ကျယ်ကျယ်
       ပြန့်ပြန့်နဲ့   လက်ခံအားထုတ်နေကြတာပဲ"
      "ဘယ်လိုရှုရသလဲ   အစ်မလေးတို့ --"
      "ပေါ်-သိ-ပျက် ၊    ပေါ်-သိ-ပျက် လို့      ရှုရ
       တယ်"
      "ဘာတဲ့ -- "
      "ပေါ်-သိ-ပျက် ၊    ပေါ်-သိ-ပျက် လို့      ရှုရ
       တယ်   မောင်ပဉ္စင်းရဲ့"
      "ဪ --အဲ - အဲ -ကောင်းတယ်    ကောင်း
       တယ် ၊   ဆက်ရှု -- ဆက်ရှု"  ဟူ၍    တိုက်
တွန်းတော်မူပါသတတ် ။

       ဆရာတော်ကား "ပျက်"တာကလေး တစ်လုံး
ပါတာနဲ့ကို    သဘောကျနေပုံရသည် ၊      ထို့ပြင်
"သိ" ကလေး တစ်လုံးလည်း  ပါသေး၏ ၊   "ပေါ်"
ဆိုတာကလည်း  "ဖြစ်" တာပါပဲ ၊      ပေါင်းလိုက်
ရင်    "ဖြစ်-ပျက်" ပါပဲ ၊       ထို့ကြောင့်    လက်ခံ
တော်မူခြင်း    ဖြစ်ပေလိမ့်မည် ။     

မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ   ( စာ-၂၂၃)

( ဆရာတော်ကြီးသည်    အစ်မတော်သီလရှင်ထံ
တွင်     ၁၅-ရက်နေပြီး      တရားဓမ္မဖြင့်ကျေးဇူး
ဆပ်ခွင့်ရခဲ့ပါသည်။)

[ တင်ပြပါပုံမှာ  မိုးကုတ်ဆရာတော်ဘုရားကြီး၏
အစ်မတော်  သီလရှင်ဒေါ်သုစာရီ(ခေါ်)ဒေါ်ကိတ္တိ
ဖြစ်ပါသည်။] 

>>>> သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ <<<<
****************************

မိုးကုတ်ဆရာတော်ဘုရားကြီး၏ အစ်မတော်
********************************

၁၃၁၆-ခု တပေါင်းလ (၁၉၅၅-ခု၊ မတ်လ)
ထဲတွင် ညောင်လေးပင်တရားပွဲအပြီး ပဲခူးသို့
ဆက်လက်ကြွတော်မူ၏ ၊

ကိစ္စမှာ ပဲခူးမြို့-
လိပ်ပြာကန်ရပ်တွင်ရှိသော အစ်မလေး သီလ
ရှင်အား ကျေးဇူးဆပ်လို၍ဟူ၏ ။


ဟုတ်ပါသည် ၊ အစ်မလေးသီလရှင် ဒေါ်သု
စာရီ (ခေါ်) ဒေါ်ကိတ္တိသည် ဆရာတော်အတွက်
ကျေးဇူးများခဲ့၏ ၊ ဆရာတော့်လောင်းလျာ ကို
ရင်ဝိမလလေး အမရပူရသို့ ရောက်လာရခြင်း
သည် အစ်မလေးသီလရှင် ရှိသောကြောင့်ဟု
ဆိုပါက မှားမည်မဟုတ်ချေ ။


ဤအခြေအနေသို့ ရောက်လာရခြင်း အ
ကြောင်းတို့တွင် သည်အစ်မလေးလဲ တစ်စိတ်
တစ်ပိုင်း ပါသည်ဟု ဆရာတော်တွေးနေမိဟန်
တူ၏ ၊ ထို့ကြောင့် ကျေးဇူးများလှသည်ဟု ဆို
ခဲ့၏ ။ 


ထိုမှတစ်ပါး ပရိယတ်စာပေများတွင် ကျင်
လည်နေသော အစ်မလေးဖြစ်၍လည်း စာပေ
တွေသင် ၊ စာပေတွေကို ပြန်လည်ပို့ချနေခြင်း
ဖြင့်ချည်း အချိန်ကို အကုန်မခံစေလို ၊ ထိုစာ
ပေထဲမှ ရရှိသော အသိဉာဏ်ဖြင့် လက်တွေ့
လည်း ကျင့်ကြံစေလိုသေးသည် ၊ ထို့ကြောင့်
အစ်မလေးထံသို့ လာခဲ့ခြင်းဖြစ်၏ ။


အစ်မလေးသီလရှင်ကလည်း မောင်လေး
( ဆရာတော် ) ရောက်လာ၍ ဝမ်းသာအယ်လဲ
သဘောကျနေ၏ ၊ ရွှင်မြူးနေသည် ၊ စား
ကောင်းသောက်ဖွယ်တို့ကို ဆက်ကပ်ရန် စီမံ
နေ၏ ၊ နောက်တစ်နေ့တွင် ဆရာတော်က -

"အစ်မလေးတို့ -- တရားလေး ဘာလေးများ
ကော အားမထုတ်ကြဘူးလား"
"ထုတ်ပါတယ် မောင်ပဉ္စင်းရဲ့"

မောင်နှမ ၂-ယောက် စကားပြောနေကြ
သည်မှာ ကြည်နူးစရာကောင်းလှ၏ ၊ မောင်
လေး ၁၄-နှစ်ရွယ်တုန်းက အမရပူရ ( တောင်
မြို့) ကို တစ်ပါးတည်း ထွက်လာစဉ်ကလည်း
မောင်နှမ ၂-ယောက် တွေ့ကြသဖြင့် အား
တက်ရ ကြည်နူးရ ဝမ်းသာခဲ့ရဖူးသည် ၊ ယခု
လည်း မောင်နှမ ၂-ယောက် ပြန်လည်ဆုံ
တွေ့ကြရပြန်သဖြင့် ဝမ်းသာနေကြရပြန်သည် ။


မောင်ဖြစ်သူက အစ်မလေးအတွက် စိုးရိမ်
တကြီးဖြင့် "တရား အားမထုတ်ကြဘူးလား" ဟု
မေးနေသည် ၊ အစ်မလေးကလည်း သွက်သွက်
လက်လက်ပင်"ထုတ်ပါတယ် မောင်ပဉ္စင်းရဲ့"တဲ့ ။

အညာဒေသတို့အသုံး ထုံးစံအတိုင်း "မောင်"
ဖြစ်၍တစ်ကြောင်း ၊ "ပဉ္စင်း" ဖြစ်၍တစ်ကြောင်း
(၂) ခုပေါင်းပြီးတော့ "မောင်ပဉ္စင်း"လို့ ရင်းရင်း
နှီးနှီး ပြောနေခြင်းဖြစ်သည် ။

အပြင်လောကမှာမူကား ဆရာတော်ဦးဝိမ
လသည် ဂုဏ်သတင်းအရှိန်အဝါ လွန်စွာကြီး
မားနေပြီ ၊ ထို့ကြောင့်ပင် "ဆရာတော်ကြီး" ဟူ
၍ပင် ခေါ်နေကြပြီ ။ 


သို့သော်လည်း အစ်မလေးစိတ်ထဲတွင်ကား
"မောင်ကလေး" အဖြစ်ပင် မြင်နေဟန်တူ၏ ၊
သို့ဖြစ်၍လည်း "မောင်ပဉ္စင်း" ဟု သုံးနှုန်းလိုက်
ခြင်း ဖြစ်သည် ၊ မောင်ပဉ္စင်းဖြစ်သူက ဆက်၍
မေး၏ -

"ဘာနည်းနဲ့ အားထုတ်တာလဲ"
"ကသစ်ဝိုင်နည်းပေါ့ မောင်ပဉ္စင်းရဲ့ ၊ ဒီပဲခူး
နယ်မှာ ကသစ်ဝိုင်နည်းဟာ ကျယ်ကျယ်
ပြန့်ပြန့်နဲ့ လက်ခံအားထုတ်နေကြတာပဲ"
"ဘယ်လိုရှုရသလဲ အစ်မလေးတို့ --"
"ပေါ်-သိ-ပျက် ၊ ပေါ်-သိ-ပျက် လို့ ရှုရ
တယ်"
"ဘာတဲ့ -- "
"ပေါ်-သိ-ပျက် ၊ ပေါ်-သိ-ပျက် လို့ ရှုရ
တယ် မောင်ပဉ္စင်းရဲ့"
"ဪ --အဲ - အဲ -ကောင်းတယ် ကောင်း
တယ် ၊ ဆက်ရှု -- ဆက်ရှု" ဟူ၍ တိုက်
တွန်းတော်မူပါသတတ် ။


ဆရာတော်ကား "ပျက်"တာကလေး တစ်လုံး
ပါတာနဲ့ကို သဘောကျနေပုံရသည် ၊ ထို့ပြင်
"သိ" ကလေး တစ်လုံးလည်း ပါသေး၏ ၊ "ပေါ်"
ဆိုတာကလည်း "ဖြစ်" တာပါပဲ ၊ ပေါင်းလိုက်
ရင် "ဖြစ်-ပျက်" ပါပဲ ၊ ထို့ကြောင့် လက်ခံ
တော်မူခြင်း ဖြစ်ပေလိမ့်မည် ။ 


မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ ( စာ-၂၂၃)

( ဆရာတော်ကြီးသည် အစ်မတော်သီလရှင်ထံ
တွင် ၁၅-ရက်နေပြီး တရားဓမ္မဖြင့်ကျေးဇူး
ဆပ်ခွင့်ရခဲ့ပါသည်။)


[ တင်ပြပါပုံမှာ မိုးကုတ်ဆရာတော်ဘုရားကြီး၏
အစ်မတော် သီလရှင်ဒေါ်သုစာရီ(ခေါ်)ဒေါ်ကိတ္တိ
ဖြစ်ပါသည်။]

No comments:

Post a Comment