Pages

Thursday, March 20, 2014

**** စိတ်- ကမ်းပါး *****



စိတ်- ကမ်းပါး
***********


လူတွေရဲ့ စိတ်ဟာ
ကမ်းပါးတွေ လိုပဲ.....
လောကဓံလှိုင်းတွေ
ရိုက်ခတ်တိုင်း
ပြိုဆင်းနေတယ်။



အချစ်လှိုင်းတွေ
ရိုက်ခတ်ရင်လည်း
ပြိုတာပဲ၊
အမုန်းလှိုင်းတွေ
ရိုက်ခတ်ရင်လည်း
ပြိုတာပဲ၊

သတိဆိုတဲ့
အကာအရံလေးသာ
မထားနိုင်ဘူးဆိုရင်
မိမိတို့ရဲ့
စိတ်ကမ်းပါးတွေဟာ
ပြိုချင်တိုင်း
ပြိုနေတော့မှာပါ......


ဒီဘက် ကမ်းက
စိတ်- ကမ်းပါးတွေ
အတားအဆီးမဲ့
ပြိုကျနေသရွေ့တော့
ဟိုဘက်ကမ်းမှာ
ကိလေသာ သောင်တွေ
အတိုင်းအဆမဲ့
ထွန်းနေတော့မှာပါ......။


ရွှေဘုန်း (စေတနာပန်းခင်းဆရာတော်)

No comments:

Post a Comment