
“တပေါင်းလပြည့်နှင့် ပက်သက်၍ သိသင့်ဖွယ်များ”
••••••••••••••••••••••••••
၁။ တပေါင်းလပြည့်နေ့ကို ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့တွင် ကာဠုဒါယီမထေရ်က
ကပိလ၀တ်နေပြည်တော်သို့ကြွရောက်တော်မူရန် လျှောက်ထားသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်သည်။
၂။ ထိုအချိန်က မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေထိုင်ကာ အင်္ဂတိုင်းသားနှင့် မဂဓတိုင်းသားများကို တရားရေအေး တိုက်ကျွေးလျက်ရှိပြီး ၀ါတွင်းသုံးလအတွင်း ဥရုဝေလကဿပညီနောင် ၃- ယောက် နှင့် နောက်ပါအခြံအရံ ရသေ့ပုရဗိုဇ်ပေါင်း ( ၁၀၀၀ ) ကို ဧဟိဘိက္ခု ရဟန္တာများ ဖြစ်စေကာ သာသနာ့ဘောင်သို့ သွတ်သွင်းပြီးချိန်ဖြစ်သည်။
၃။ ထိုကြည်ညိုဖွယ် ၀မ်းသာဖွယ်သတင်းစကားများကို
၎။ ရဟန္တာဖြစ်ပြီးနောက် ကာဠုဒါယီမထေရ်က ကတိပေးခဲ့သော တာဝန်ကို ကျေပွန်စေရန် တပေါင်းလ၏ သာယာပုံကို ဂါထာပေါင်း ၆၄- ဂါထာသီကုံး၍ ခမည်းတော်၏ကျေးဇူးကို ဆပ်သောအားဖြင့် ဖွားရာဇာတိ ကပိလ၀တ်နေပြည်တော်သို့ ကြွချိန် တန်ြ ပြီ ဖ စ်ေ ကြာင်းလျှောက်ထားခဲ့သည်။
၅။ ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ မြတ်စွာဘုရားသည် ( ရသေ့ညီနောင်မှ ရဟန္တာ ၁ သောင်း၊ ကပိလ၀တ်မှ ဘုရားပင့်လာသော ရဟန္တာ ၁ သောင်း အားဖြင့် ) စုစုပေါင်း ရဟန္တာပေါင်း ၂ -သောင်း ) ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ကျော် ၁-ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှ ယူဇနာ ၆၀-ဝေးကွာသော ကပိလ၀တ်ပြည်တော်သို့ တနေ့လျှင် ၁-ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀- (၂-လကြာ) အတုရိတဒေသစာရီ- မနှေးမမြန်လွန်းသော ကြွချီနည်းဖြင့် ကြွချီတော်မူခဲ့သည်။
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Dhamma Danã Source ►
www.facebook.com/
No comments:
Post a Comment