Pages
▼
**** တပေါင်းလပြည့်နှင့် ပက်သက်၍ သိသင့်ဖွယ်များ ( ၁ ) ****
“တပေါင်းလပြည့်နှင့် ပက်သက်၍ သိသင့်ဖွယ်များ”
••••••••••••••••••••••••••••••••••••••••••
၁။ တပေါင်းလပြည့်နေ့ကို ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့အဖြစ် ကျင်းပရခြင်းမှာ
ထိုနေ့တွင် ကာဠုဒါယီမထေရ်က
ကပိလ၀တ်နေပြည်တော်သို့ကြွရောက်တော်မူရန်
လျှောက်ထားသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်သည်။
၂။ ထိုအချိန်က မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေထိုင်ကာ အင်္ဂတိုင်းသားနှင့် မဂဓတိုင်းသားများကို
တရားရေအေး တိုက်ကျွေးလျက်ရှိပြီး ၀ါတွင်းသုံးလအတွင်း ဥရုဝေလကဿပညီနောင် ၃-
ယောက် နှင့် နောက်ပါအခြံအရံ ရသေ့ပုရဗိုဇ်ပေါင်း ( ၁၀၀၀ ) ကို ဧဟိဘိက္ခု
ရဟန္တာများ ဖြစ်စေကာ သာသနာ့ဘောင်သို့ သွတ်သွင်းပြီးချိန်ဖြစ်သည်။
၃။ ထိုကြည်ညိုဖွယ် ၀မ်းသာဖွယ်သတင်းစကားများကို
ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိရာ ခေါင်းဆောင်အမတ် ၁၀-ဦးတို့ကို
နောက်ပါအခြံ အရံ တထောင်စီဖြင့် ၁၀-ကြိမ်ခွဲကာ မြတ်စွာဘုရားကိုပင့်ရန်
ရာဇဂြိုဟ်သို့ စေလွှတ်လိုက် သည်။ နောက်ဆုံးအသုတ်ကို
ဖွားဖက်တော်ကာဠုဒါယီအမတ်ကြီးကို
ခေါင်းဆောင်စေကာ လွှတ်လိုက်ပြီး မြတ်စွာဘုရား နှင့်တွေ့၍ တရားနာရသောအခါ
ကပိလ၀တ်သို့ မပြန်ကြတော့ဘဲ ဘုရားပင့်သွားသူအားလုံး တယောက်မကျန် သာသနာ့
ဘောင်သို့ ၀င်ရောက်ပြီးဧဟိဘိက္ခုရဟန္တာတွေချည်းဖြစ်ကုန်ကြသည်။
၎။ ရဟန္တာဖြစ်ပြီးနောက် ကာဠုဒါယီမထေရ်က ကတိပေးခဲ့သော တာဝန်ကို ကျေပွန်စေရန်
တပေါင်းလ၏ သာယာပုံကို ဂါထာပေါင်း ၆၄- ဂါထာသီကုံး၍ ခမည်းတော်၏ကျေးဇူးကို
ဆပ်သောအားဖြင့် ဖွားရာဇာတိ ကပိလ၀တ်နေပြည်တော်သို့ ကြွချိန် တန်ြ ပြီ ဖ စ်ေ
ကြာင်းလျှောက်ထားခဲ့သည်။
၅။ ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ
မြတ်စွာဘုရားသည် ( ရသေ့ညီနောင်မှ ရဟန္တာ ၁ သောင်း၊ ကပိလ၀တ်မှ ဘုရားပင့်လာသော
ရဟန္တာ ၁ သောင်း အားဖြင့် ) စုစုပေါင်း ရဟန္တာပေါင်း ၂ -သောင်း ) ခြံရံလျက်
မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ကျော် ၁-ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှ
ယူဇနာ ၆၀-ဝေးကွာသော ကပိလ၀တ်ပြည်တော်သို့ တနေ့လျှင် ၁-ယူဇနာခရီးဖြင့်
ရက်ပေါင်း ၆၀- (၂-လကြာ) အတုရိတဒေသစာရီ- မနှေးမမြန်လွန်းသော ကြွချီနည်းဖြင့်
ကြွချီတော်မူခဲ့သည်။
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
No comments:
Post a Comment