Pages

Wednesday, March 19, 2014

*** သတိပဋ္ဌာန်တရား၏အကျိုး (၇) ပါး ****



သတိပဋ္ဌာန်တရား၏အကျိုး (၇) ပါး
*************************
သတိပဋ္ဌာန် အားထုတ်တဲ့ ယောဂီတို့ဟာ ဘာရသလဲဆိုတော့ အကျိုးတရား (၇)ပါး ရပါတယ်။
အကျိုးတရား (၇) ပါးကို မဟာသတိပဋ္ဌာန်သုတ္တန်ရဲ့ အစမှာ မြတ်စွာဘုရား ဟောပါတယ်။

`` ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ သောကပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿနံ အတ္တင်္ဂမာယ ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ ´´ လို့ ဟောပါတယ်။

သတိပဋ္ဌာန်တရား လေးပါးကို ပွားများကြိုးကုတ် အားထုတ်တဲ့ ယောဂီပုဂ္ဂိုလ်သည်---

၁။ သောကဆိုတာ ငြိမ်းသွားတယ်။

၂။ ပရိဒေဝဆိုတာ ငြိမ်းသွားတယ်။

၃။ ကိုယ်ဆင်းရဲမှု (ကာယိကဒုက္ခ) တွေလည်း မရှိတော့ဘူး။

၎။ စိတ်ဆင်းရဲမှု (စေတသိကဒုက္ခ) တွေလည်း မရှိတော့ဘူး။

၅။ အသိဉာဏ်တွေလည်း တိုးပွားလာပါတယ်၊ နာမရူပ ပရိစ္ဆေဒဉာဏ်က စ, ပြီးတော့ မဂ်ဉာဏ်ဖိုလ်ဉာဏ်အထိ ဉာဏ်တရားတွေလည်း တိုးပွားလာတယ်၊ အဲဒီ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဝင်ပြီဆိုရင် ယောဂီရဲ့ သန္တာန်မှာ ကိလေသာတွေ သန့်ရှင်းသွားပြီတဲ့။

၆။ စိတ်အစဉ်မှာ ကိလေသာများ သန့်ရှင်းခြင်းဆိုတဲ့ အကျိုး ဖြစ်လာတယ်။

၇။ အဲဒီအချိန်မှာ ယောဂီသည် နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်တယ်လို့ ဆိုလိုပါတယ်။

အကျိုးတရား (၇) ပါးရပါတယ်။

ဒါကြောင့် ဒီအကျိုး (၇) ပါးကို ရရှိသွားခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဟာ အသင်္ချေ, အနန္တ မရေမတွက်နိုင်ကြတော့ပါဘူး။

သောကမီးတွေ အကြီးအကျယ်လောင်သွားတဲ့ ပဋာစာရီ ဒကာမကြီးကို ကြည့်ပါ၊ သားသေကိုပိုက်ပြီးတော့ အသက်ရှင်ဆေး လိုက်ရှာတဲ့ ကိသာဂေါတမီတို့ကို ကြည့်ပါ၊ သေပေါက်ဝ ရောက်နေတဲ့ သိကြားမင်းတို့၊ သုဗြဟ္မာနတ်မင်းတို့ကို ကြည့်ပါ၊ သူတို့တတွေ့ဟာ အကုန်လုံး `` သတိပဋ္ဌာန်တရား ´´ နှင့် သောက, ပရိဒေဝတွေ ချုပ်ငြိမ်းခဲ့ပါပြီ။

ဒါကြောင့် ဒီကနေ့ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ တရားတို့ ချုပ်ငြိမ်းမှုကို လိုလားကုန်သော အမျိုးကောင်းသား အမျိုးကောင်းသမီး အပေါင်း သူတော်ကောင်း တို့သည် တကယ့် ချမ်းသာစစ်ကို ပေးတတ်တဲ့, ဒုက္ခခပ်သိမ်းကို ချုပ်ငြိမ်းစေတတ်တဲ့ ``သတိပဋ္ဌာန်တရား ´´ ကို ကြိုးစားပွားများ အားထုတ်နိုင်ကြပါစေ။

သီတဂူ ဆရာတော်ဘုရားကြီး
ေေ  ဒေါက်တာ အရှင်ဉာဏိဿ      ရ

ကိုလှိုင်တိုးဖေ့ဘုတ်မှ

No comments:

Post a Comment