Pages

Wednesday, March 19, 2014

***** ဒါန ပါရမီ *****


ဒါန ပါရမီ
**********

ဘာပဲလှူ လှူ လှူ  နေဆဲ
အခိုက်အတန့်မှာ
ကိုယ်လှူ လိုက်တဲ့
ပစ္စည်းဝတ္တုကြောင့်


အလှူ ခံ ပုဂ္ဂိုလ်
စိတ်ချမ်းသာသွားဖို့၊
အလှူ ခံ ပုဂ္ဂိုလ်
ကောင်းကျိုးဖြစ်ထွန်းသွားဖို့ကိုပဲ
ရည်ရွယ်ရပါမယ်။


အလှူ ခံ ပုဂ္ဂိုလ်
ဆီကပဲ ဖြစ်ဖြစ်၊
တခြား တစ်ယောက်ယောက်၊
တခြား တစ်နေရာရာ
ကပဲ ဖြစ်ဖြစ်
ကိုယ့်အတွက်
ဘာအကျိုးစီးပွားကိုမှ
မမျှော်လင့်ရပါဘူး။


နောက်ဆုံး ကိုယ့်ရဲ့
အလှူဒါနတည်းဟူသော
ကုသိုလ်ကောင်းမှုကနေတောင်မှ
ကိုယ့်အတွက်
တန်ပြန်အကျိုးကို
မမျှော်လင့်ရပါဘူး။

ကိုယ့်အတွက်
ဘာအကျိုမှ မမျှော်လေ၊


အဲဒီ ဒါနက
အရည်အသွေး မြင့်မားပြီး
ပါရမီ မြောက်လေပါပဲ။


အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

No comments:

Post a Comment