Pages

Monday, March 24, 2014

**** ပိဋကတ်ကို လေ့လာသင်ယူခြင်း သုံးမျိုး ****


ပိဋကတ်ကို လေ့လာသင်ယူခြင်း သုံးမျိုး
-------------------------------------------
၁။ ဘဏ္ဍာစိုးအနေနဲ့ လေ့လာသင်ယူခြင်း။

၂။ သံသရာမှ ထွက်မြောက်ဖို့ လေ့လာသင်ယူခြင်း။

၃။ မြွေဖမ်းတဲ့ အလမ္ပယ်ဆရာအနေမျိုး လေ့လာသင်ယူခြင်း။


၁။ ဘဏ္ဍာစိုးဟာ ရွှေငွေရတနာတွေကို စောင့်ရှောက်ပေးနေတာဟာ သူ့အတွက်မဟုတ်ဘူး တိုင်းပြည်အတွက်သာ ဖြစ်တယ်။ ထို့အတူ နောင်ဘဝမရှိတော့တဲ့ ရဟန္တာအရှင်မြတ်များ ပိဋကတ်စာပေများကို လေ့လာသင်ယူပို့ချတာဟာ သူ့အတွက်မဟုတ်ဘူး နောင်လာနောင်သား များအတွက် ပိဋကတ်စာပေများ မပျောက်ပျက်အောင် စောင့်ရှောက်ပေးခြင်းသာ ဖြစ်တယ် ဒါကြောင့် ရဟန္တာအရှင်မြတ်များရဲ့ ပိဋကတ်စာပေ လေ့လာသင်ယူခြင်းမျိုးကို ဘဏ္ဍာစိုး အနေမျိုးနှင့် လေ့လာသင်ယူခြင်းလို့ ခေါ်တယ်။

၂။ ရုပ်နာမ်တစ်ခုခုရှိရင် အိုနာသေ ရှိမယ် အိုနာသေရှိရင် ဆင်းရဲတဲ့ ဒုက္ခသစ္စာပဲ ၃၁ ဘုံလုံးမှာ ရုပ်နာမ်နှစ်မျိုးလုံး သော်လည်းကောင်း တစ်မျိုးမျိုးသော်လည်းကောင်း ရှိတဲ့ဘုံချည်းပဲ ဒါကြောင့် အိုနာသေရှိတဲ့ နေရာချည်းဖြစ်လို့ ၃၁ ဘုံလုံးကို ဒုက္ခသစ္စာလို့ခေါ်တယ်။ ဒီ ၃၁ ဘုံဒုက္ခသစ္စာက လွတ်မြောက်ဖို့အတွက် ပိဋကတ်စာပေတွေကို လေ့လာခြင်းမျိုးကို ပါဠိလို့ နိဿရဏလေ့လာခြင်းလို့ ခေါ်တယ်။ ပုထုဇဉ်တိုင်း ပိဋကတ်စာပေကို လေ့လာသင်ယူရင် ဒီနည်းအတိုင်းပဲ လေ့လာသင်ယူသင့်တယ်။

၃။ မြွေတွေဖမ်းပြီးပြစားတဲ့ အလမ္ပာယ်ဆရာဟာ အခန့်မသင့်တဲ့ တစ်နေ့မှာ မြွေကိုက်ပြီး သေဆုံးရသလို ဂုဏ်ရှိဖို့ ဘုန်းကြီးဖို့ ထင်ရှားကျော်ကြားဖို့စိတ်နှင့် ပိဋကတ်စာပေကို လေ့လာသူများဟာလည်း ဒီပိဋကတ်စာပေကို အကြောင်းပြုပြီး လောဘ ဒေါသ မောဟ မာနတွေတက်ကြတယ်။ ဒီလောဘ ဒေါသ မောဟ မာနတွေကြောင့် သေတဲ့အခါ အပါယ်ကျကြရတယ်။ ဒီလိုယုတ်ညံ့တဲ့စိတ်နှင့် ပိဋကတ်စာပေကို လေ့လာသင်ယူခြင်းမျိုးကို အလဂဒ္ဒူပမာ လေ့လာသင်ယူနည်းလို့ ခေါ်တယ်။


(မေတ္တာရှင်-ရွှေပြည်သာ)

No comments:

Post a Comment