Pages

Monday, March 24, 2014

*** မော်စကိုမြို့မှာ ဘုန်းဘုန်း ဟောခဲ့တဲ့တရားတော် ****


ဘုန်းဘုန်း မော်စကိုမြို့မှာ ဟောခဲ့တဲ့တရားတော်ကို နာယူမှတ်သားမိသလောက် ဓမ္မဒါနပြုပါတယ်..
******************************
ဘုန်းဘုန်းတို့ တိုင်းပြည်မှာ လူဦးရေ သန်း၆၀ ရှိတယ်.. ၁၆ နှစ်ကနေ၂၅ အထိ လူငယ်တွေ သန်း၂၀ ရှိတယ်ထား..
လူငယ်သဘာဝ ပျင်းကြောဆွဲပြီး တစ်နာရီ နောက်ကျပြီး အိပ်ယာထ.. လူငယ်သဘာဝ Chatting ၀င်လို့ ညတစ်နာရီပိုအချိန်ဖြုန်းရင်.. 

တစ်ရက်ကို လူငယ်တစ်ယောက်က အချိန်နှစ်နာရီဖြုန်းသွားတယ်.. အဲ့ဒီလူငယ်တွေက အလုပ်လုပ်နေတယ်ထားဦး.. "သန်း၂၀" လောက်ရှိတဲ့လူငယ်တွေက အပိုအချိန် "နှစ်နာရီ" ဖြုန်းနေရင် "နာရီပေါင်း သန်း၄၀" ကုန်သွားပြီ.. သြစတေးလျမှာ လူငယ်တစ်ယောက်အလုပ်လုပ်ရင် တစ်နာရီ အနည်းဆုံး ၁၀ဒေါ်လာရတယ်.. 

ဒီတစ်နာရီလေး တို့နိုင်ငံမှာ ပျင်းတဲ့သူတွေများရှိခဲ့ရင်.. နာရီပေါင်း သန်း ၄၀ x ၁၀ ဒေါ်လာ= " ဒေါ်လာပေါင်း သန်း၄၀၀" .. ၀င်ငွေမဟုတ်သေးဘူး.. ထွက်ငွေလည်း မဟုတ်သေးဘူး.." ဖြုန်းပစ်တဲ့ငွေတွေ" .. ကိုယ့်ဟာကိုယ် တစ်နာရီ ပျင်းကြောဆွဲတာ ဘာဖြစ်တုန်းလို့ တွက်တဲ့သူတွေ.. ကိုယ့်ဟာကိုယ် တစ်နာရီ ပျင်းကြောဆွဲတာ ဘာမှ မဖြစ်ပါဘူးလို့ တွက်တဲ့သူတွေ.. ဘယ်လောက်နှမြောစရာကောင်းလဲ..

တက္ကသိုလ်တွေမှာ တရားဟောရင်း အမေးအဖြေလုပ်တော့.. အဲ့မှာ ဘာမေးသလဲဆိုတော့ အရှင်ဘုရား.. တပည့်တော်တို့ တိုင်းပြည်ကြီး ဒီလိုဖြစ်နေတာ ဘယ်သူ့ကြောင့်လဲဆိုတာ သိသလားတဲ့ .. ကိုင်း... ရဟန်းသံဃာဆိုတော့ ညာလို့လည်း မရဘူးလေ.. ဘယ်သူ့ကြောင့်လဲလို့ ပြောရမလား.. 

နာမည်ထုတ်ပြောရမလားဆိုတော..့ နာမည်ထုတ်ပြော.. မဟုတ်ရင် လက်ညှိုးထိုးပြောဆိုလို့.. ဘုန်းဘုန်းက လက်ညှိုးထိုးပြောလိုက်ပါတယ်.. 

တိုင်းပြည်ကြီးဒီလိုဖြစ်နေတာ ဦးဆေကိန္ဒကြောင့်လို့…ဘုန်းဘုန်းတို့ အစောကြီးကတည်းက ဟောရ ပြောရမှာ .. မပြောပေးနိုင်တဲ့ ဘုန်းဘုန်းတို့ ကိုယ့်အပြစ်ပဲ ကိုယ်မြင်ပါတယ်.. ကိုယ်သာ စောစောစီးစီးက ပြောပေးရင် ဒီကလေးတွေ ဒီလိုလုပ်မှာ မဟုတ်ဘူး.. 

ဘုန်းဘုန်းအဲ့လိုပြောပေးမှ ပျင်းချင်စိတ်ကို မရှိတော့ပါဘူးဆိုပြီး ဖုန်းဆက်တဲ့သူတွေ တစ်ပုံကြီး.. အရင်တုန်းက မသိခဲ့ဘူး.. တိုင်းပြည်ဒီလိုဖြစ်နေတာ သူများကြောင့်ဆိုပြီးလက်ညှိုးထိုးနေတာ.. အခုသိပြီ သားတို့ကြောင့်.. 

သမီးတို့ကြောင့်ဖြစ်နေတာကိုး.. တစ်နေ့ကို နှစ်နာရီမကပါဘူး.. တပည့်တော်တို့ သုံးလေးငါးနာရီ အချိန်ဖြုန်းနေတာတွေ အများကြီးပါတဲ့.. ကိုင်း.. တွက်ကြည့် ..တစ်ရက်ကို သန်း ၄၀၀နော်.. ဘယ်လောက်နှမြောဖို့ကောင်းလဲ.. တစ်ရက်ကို သန်း၄၀၀ ဖြုန်းနေတာ.. 

သူတို့ကို အပြစ်တင်နေတာလားဆိုတော့ မဟုတ်ပါဘူး.. ကိုယ်မတော်လို့ တိုင်းပြည်မတော်သေးတာလို့ ကိုယ့်ကိုယ်ပဲ လက်ညှိုးထိုးပါတယ်
ပျင်းတော့မယ်ဆိုရင် .. ငါ့အကြောင်းပြုပြီးတော့ ငါတို့နိုင်ငံက တစ်ရက်ကို သန်း၄၀၀ ပါလား.. ၁၀ ရက်ဆိုရင် သန်း ၄၀၀၀၊ တလဆိုရင် သန်း ၁၂၀၀၀ ဘယ်လောက် ကြောက်စရာကောင်းသလဲ..

 တစ်ယောက်တစ်ယောက် တစ်ရက် ကို နှစ်နာရီပျင်းတာ.. မနက်တစ်နာရီ၊ ညတစ်နာရီပျင်းတာ.. တစ်လကို သန်း ၁၂,၀၀၀ ရှုံးနေတယ်.. တစ်နှစ်ဆိုရင် သန်းပေါင်း ၁၄၄,၀၀၀ .. သားစဉ်မြေးဆက် သိဖို့ အရေးကြီးပါတယ်..

တစ်နာရီပျင်းတဲ့အတွက် ဘယ်လောက်အရသာရှိလို့လဲ.. ဟိုဘက်ဒီဘက် လှည့်တာနဲ့ တစ်နာရီကုန်ရော.. ဒါပေမယ့် တိုင်းပြည်အတွက် အများကြီး ရှုံးတယ်..

အောင်မြင်ကြောင်း .. ကြီးပွားကြောင်းခုနစ်ချက်က..
လုံ့လ၀ီရိယ ရှိရမယ်.
သတိ ရှိရမယ်..


စင်ကြယ်တဲ့အလုပ်၊ အပြော ရှိရမယ်..
ပညာဥာဏ်နဲ့ စဉ်းစားဆင်ခြင်ပြီး လုပ်တတ်ကိုင်တတ်ရမယ်
စောင့်စည်းမှုလည်း ရှိရမယ်..
တရားသဖြင့် အသက်မွေးဝမ်းကြောင်းပြုရမယ်..
မမေ့မလျော့လည်း ရှိရမယ်..



(မော်စကိုမြို့မှာ ဘုန်းဘုန်း ဟောခဲ့တဲ့တရားတော်ပါ..
အောက်က လင့်ခ်မှာ ဆက်လက်နာယူနိုင်ပါတယ် _/\_ _/\_ _/\_ )

http://yatv.ru/ru/tv,viewrecord,403850

 https://www.facebook.com/dmdtmgmal.mdy/posts/836299813054259

No comments:

Post a Comment