Pages
▼
ဝဋ် ဘ၀တိုတိုနဲ့မဂ်ဖိုလ်ရချင်ရင် ...
♦သာသနာ ကွယ်ခြင်းအကြောင်းရင်း♦
မြတ်ဗုဒ္ဓ ၏ အဆုံးအမ သာသနာတော်ကို မည့်သည့် ဘာသာ၊မည်သည့် လူမျိုးများမှ
ဖျက်ဆီး၍ မပျက်စီးနိုင်ပါ။
ဗုဒ္ဓ ဘာသာ ၀င်များ ကိုယ်တိုင် ဖျက်ဆီးမှသာ ပျက်စီးနိုင်ပါသည်။
မိမိ လုပ်ရမည့် အလုပ်ကိုစိတ်ဝင်တစား မလုပ်ခြင်းသည် သာသနာ ကွယ်ဖို့ ရာ အကြောင်းတည်း။
သို့ အတွက် "ကျယ်မဟောကြ၊ကျယ်မချနှင့်၊ကျယ်စွမအံ၊ မကြံမစည်၊ ပဋိပတ်ကွာ၊ဤငါးဖြာသည်၊
မှတ်ပါ သာသနာကွယ်ကြောင်းတည်း။"
♦၀ဋ် ဘ၀ တိုတို နဲ့  မဂ်ဖိုလ် ရချင်ရင်♦
ဝဋ် ဘ၀ တိုတို နဲ့ မဂ်ဖိုလ် ရချင်ရင် ဖြစ်ပျက် မြင်အောင်ရှု၊ပြီးတော့ မုန်းအောင်ရှု။
ပြီးတော့ ဆုံးအောင်ရှု၊ဒါဆို တိုတော့တာပဲ၊သည့်ထက်တိုအောင်တော့ ဘုန်းကြီးမဟောနိုင်ဘူး။မဂ်ဖိုလ် ကို ရက်တိုတို နဲ့ ရချင်တယ် ဆိုရင် ရနိုင်လောက်တဲ့ ဇွဲ လုံလ ၀ိရိယ၊
ရနိုင်လောက်တဲ့ သမာဓိ၊ရနိုင်လောက် တဲ့ အသိဥာဏ်၊ ရနိုင်လောက်တဲ့ အားထုတ်မှူရှိရမယ်။
ကြိုးစားရမယ်။
တန်ရာတန်ကြေး အလုပ်ပေးနဲ့ ပေးပြီး ၀ယ်ရမယ်။
ဒါဆိုရင် မရပါနဲ့လို့  တားလို့ တောင် မနေဘူး။ ရကို ရတယ်။
(မိုးကုတ်ဆရာတော်ဘုရားကြီး)
(မိုးကုတ်ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချ နှစ် ငါးဆယ်ပြည့် အထိမ်းအမှတ်ပြက္ခဒိန်မှ ကောက်နုတ်ဖေါ်ပြပါသည်)
*****တတိယမြောက်သမီးတော်*****
http://www.3rdthameetaw.com/2013/01/blog-post.html မှ
No comments:
Post a Comment