Pages

Thursday, March 13, 2014

မရှိတာကို သိအောင် လုပ်ပါ ....


♦ သာသနာ ဟူသည်♦

သာသနာ ဟူသည် မြတ်ဗုဒ္ဓ၏ အဆုံးအမ။

သာသနာ ဟူသည် အဆောက်အဦး မဟုတ်ပါ။ပရိယတ် ပဋိပတ် သာသနာပြု
ဆောင်ရွက်ရာအထောက်အပံ့ သာသနိကမျှသာ ဖြစ်၏။
တိုက်တာ အဆောက် အဦးများပြားခြင်းသည် သာသနာ တိုးတက်သည်ဟု
မဆိုအပ်။

   မြတ်ဗုဒ္ဓ၏ အဆုံးအမတော် အတိုင်း လိုက်နာကျင့်သုံးနိုင်မှ ကိုယ်စီ နှလုံးသားဝယ်
သာသနာတည်မည်။

♦မရှိတာကို သိအောင်လုပ်ပါ♦

အရှူခံတရားများက ပျက်သွားလို့  မရှိတဲ့ အချိန်ကျမှ
ဒီဥာဏ်က ပေါ်ရတာကိုး။ အရှူခံ ဝေဒနာလေးက ဖြစ်ပြီး
ပျက်သွားတော့မှ ရှုတဲ့ဥာဏ်က ပေါ်ခွင့်ရတာကိုး၊
ဒီတော့ မရှိတာကိုပဲတွေ့ ရတော့မှာပေါ့။

  ရှူဥာဏ်ပေါ်လာတဲ့အချိန်မှာ ဧည့်သည်ဖြစ်တဲ့ ဝေဒနာ ကမရှိဘူး။
 အဲ့ဒီ မရှိတာကိုပဲ သိအောင်လုပ်ရမှာ။

အဲ့ဒီ မရှိတာကိုပဲ သိရင်တော်ပြီ။မဂ် ဖိုလ် ရက်တိုတိုနဲ့ ရောက်ရပါလို၏ လို့ 
ဆုတောင်း မနေနဲ့ ။

မရှိတာကို သိအောင်လုပ်မှ  မဂ် ရမယ်။

(မိုးကုတ်ဆရာတော်ဘုရားကြီး)

(မိုးကုတ်ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချ နှစ် ငါးဆယ်ပြည့် အထိမ်းအမှတ်
ပြက္ခဒိန်မှ ကောက်နုတ်ဖေါ်ပြပါသည်)

No comments:

Post a Comment