Pages

Saturday, March 15, 2014

++++ ဝိပဿနာဆိုတာ ++++



 

ဝိပဿနာဆိုတာ
*************
ဝိပဿနာဆိုတာ ထူးခြားတဲ့ဉာဏ်အမြင်လို့ အဓိပ္ပါယ်ရတယ်။

ဝိ-အထူးထူးအပြားပြားသောအခြင်းအရာအားဖြင့်
ပဿနာ-ရှုမြင်တတ်သော ဉာဏ်ကိုဝိပဿနာဟု ခေါ်ဆိုခြင်းဖြစ်၏။

တစ်နည်းအားဖြင့် ဝိပဿနာ-ဆိုတာထူးခြားစွာ သိမြင်တတ်သော ဉာဏ်ကိုခေါ်တာဖြစ်တယ်။


ဘယ်လိုထူးခြားစွာ မြင်တတ်သလဲဆိုရင်သာမန်အားဖြင့် လူတွေက ဘဝကိုချမ်းသာတယ် ကိုယ်ပိုင်တယ်လို့မြင်ကြတယ်။
အဲဒီအမြင်တွေနဲ့ မတူဘဲဘဝဆိုတာ မမြဲဘူး ဆင်းရဲတယ်။
ကိုယ်မပိုင်ဘူးလို့ မြင်တယ်။အဲဒီလိုမြင်တဲ့ အသိဉာဏ်မျိုးကို
ဝိပဿနာလို့ ခေါ်တယ်။


စာပေကျမ်းဂန်မှာအနိစ္စာဒိဝသေန ဝိဝိဓေဟိ အကာရေဟိ
ဓမ္မေ ပဿတီတိ ဝိပဿနာ-လို့ဖွင့်ဆြိုကတယ်။

အနိစ္စ စသည်နှင့် ဆက်စပ်ပြီးအမျိုးမျိုးသော အခြင်းအရာတွေနဲ့
ဓမ္မတို့ကို ရှုမြင်တတ်သော ဉာဏ်သည်ဝိပဿနာမည်၏ဟု ဆိုလိုတယ်။


ဝိပဿနာကို အားထုတ်တဲ့အခါသမထကျင့်ပြီးဝိပဿနာကိုကူးတဲ့လမ်းနဲ့
သမထကိုမကျင့်ဘဲ ဝိပဿနာတိုက်ရိုက်သွားတဲ့ နည်းလမ်းလည်းရှိတယ်။
ယာန-နှစ်မျိုးဆိုပြီး ပြထားတယ်။မှန်ကန်တဲ့နည်းတွေမို့ ကြိုက်နှစ်သက်
သက်တဲ့လမ်းက သွားလို့ရတယ်။ဝိပဿနာကို အားထုတ်တဲ့အခါ
အဆင့် ၂-ဆင့်ရှိတယ်။


နံပါတ် ( ၁ )က သဘာဝ လက္ခဏာသူရဲ့ nature ကိုရှုရမယ်လို့ပြောတာ။
အဲဒါ ဘာလဲဆိုရင် [ ဝိတက် ]ရဲ့သဘာဝကို ကြည့်ရင်
ဝိတက် ဆိုတာစိတ်ကလေးကို အာရုံပေါ်သို့ ပို့ပေးနေပါလားဆိုတဲ့ သူ့ရဲ့
nature ကိုသိရတယ်။


ဝိစာရကို ကြည့်လိုက်ရင် အာရုံကလေးနှင့်စိတ်ကို ချည်နှောင်၊တွဲထားပါလားဆိုတဲ့ သူရဲ့သဘာဝကို တွေ့မယ်။ပီတိကို ကြည့်ရင် အာရုံပေါ်မှာ်
နှစ်ခြိုက်နေတဲ့ သဘောပါလားဆိုတဲ့ သူရဲ့ သဘာဝကိုတွေ့မယ်။

သုခကို ကြည့်မယ်ဆိုရင်ကိုယ်ချမ်းမြေ့မှု စိတ်ချမ်းမြေ့မှုကို
ဖြစ်ပေါ်စေတဲ့ သဘောပါလားဆိုတဲ့သူ့ရဲ့သဘာဝကိုတွေ့လိမ့်မယ်။


သမာဓိကို ကြည့်လိုက်ရင်အာရုံနှင့်စိတ်ပေါ်မှာ ငြိမ်နေအောင်
လုပ်တဲ့ သဘောပါလားဆိုတဲ့သူ့ရဲ့ သဘာဝကိုတွေ့ရမယ်။

ဒါလေးတွေကို သူတို့ရဲ့သဘာဝလက္ခဏာလို့ခေါ်တယ်။

နံပါတ်( ၂ )က သဘာဝလက္ခဏာကိုကြည့်ရင်းကနေ သာမညလက္ခဏာလို့
ခေါ်တဲ့ အများဆိုင်တဲ့ လက္ခဏာကိုတိုးပြီးတော့ မြင်လာတယ်။

မမြဲတဲ့သဘော။ဆင်းရဲတဲ့သဘော။စိုးမပိုင်တဲ့သဘော။

အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ သဘာဝတွေကို
သာမညလက္ခဏာလို့ခေါ်တယ်။
ဒီလိုမြင်ပြီဆိုရင်ဝိပဿနာ ဖြစ်ပြီ။

ဝိပဿနာ ဉာဏ်အဆင့်ဆင့်မှာ

နာမရူပ ပရိစ္ဆေဒဉာဏ်။
ပစ္စယပရိဂ္ဂဟဉာဏ်။
သမ္မ သန ဉာဏ်။
ဥဒယဗ္ဗယဉာဏ်။
ဘင်္ဂ ဉာဏ်။
ဘယ ဉာဏ်။
နိဗ္ဗိဒါ -ဉာဏ်။
မုဉ္စိတုကမျတာ ဉာဏ်။
ပဋိသင်္ခါ ဉာဏ်။
သင်္ခါရုပေက္ခာ ဉာဏ်။

အဲဒီ သင်္ခါရုပေက္ခာဉာဏ်
ရင့်သန်သွားပြီဆိုရင် မကြာမီ
သင်္ခါရအာရုံတွေ အားလုံး ချုပ်ငြိမ်း
သွားတဲ့ နိဗ္ဗာန်ကို တွေ့မှာပါ။


အေး ဒါကြောင့်မို့သမထကျင့်စဉ်သည်
နီဝရဏတရား ဆန့်ကျင်ဘက်တရားတွေကို ဖယ်ရှားပစ်တယ်။
ငြိမ်းအေးစေတယ်။ဝိပဿနာ ကျင့်စဉ်သည်
ထူးခြားတဲ့ အမြင်တွေနဲ့ သဘာဝတရားကို မြင်သိစေတယ်။


ဒါကြောင်မို့ ဗုဒ္ဓမြတ်စွာ ပွင့်ပေါ်လာတဲ့အခါ ဘုရားဟောထားတဲ့ ဒီအသိဉာဏ်နှစ်ခုစလုံး သာသနာနဲ့ကြုံခိုက် ။တို့တစ်တွေ ရအောင် ကျင့်ကြံ ကြိုးကုတ်အားထုတ်ရမယ်လို့ ကိုယ်စီ ကိုယ်စီယုံကြည်ပြီး ကျင့်ကြံ ကြိုးကုတ်အားထုတ်နိုင်ကြပါစေသတည်း။

သာဓု သာဓု သာဓု
ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ၏
သမထ နဲ့ ဝိပဿနာ တရားတော်မှမျှဝေပူဇော်ပါသည်။

 
ပြည့်စုံစွာ နာယူမှတ်သားလိုပါကဆရာတော်ဟောကြားသည့်
သမထ နဲ့ ဝိပဿနာ တရားတော်( သို့ )တရားစာအုပ် တွင်၎င်း

ဝိသုဒ္ဓိမဂ် ကျမ်းစာအုပ်တွင်ပြည့်စုံစွာ နာယူ မှတ်သားနိုင်ပါကြောင်း။

ဗုဒ္ဓမြတ်စွာ သာသနာကမ္ဘာ တည်သရွှေ့ထွန်းလင်းနိုင်ပါစေ။

No comments:

Post a Comment