Pages

Saturday, March 15, 2014

***** အထက်တန်းစားလူ ****



အထက်တန်းစားလူ
****************

 ပုထုဇဉ်ဆိုတာ
သားစိမ်းငါးစိမ်းလိုပဲ၊
သားစိမ်းငါးစိမ်းဆိုတာ
ချက်မှပြုတ်မှ၊


အချက်အပြုတ်
အပြုအပြင်ကောင်းမှ
ပွဲဝင်တယ်၊
ပွဲတိုးတယ်၊
စားလို့ကောင်းတဲ့
အစာအဟာရ
ဟင်းခွက်ရယ်လို့
ဖြစ်လာရသလိုပေါ့။

ပုထုဇဉ်ဆိုတာ
ကိလေသာအညှီအဟောက်
တွေကို ရှင်းပြီး၊
ပညာရှိ သူတော်ကောင်းတွေရဲ့
လမ်းညွှန်ပြုပြင်
သွန်သင်မှုတွေကို
ရမှသာလျှင်
အဖိုးတန်တဲ့လူ၊
ကုသိုလ်လည်းရ၊
ဝမ်းလည်းဝတဲ့
အထက်တန်းစားလူ
ဖြစ်နိုင်တယ်။

တိပိဋကဓရ- ဓမ္မဘဏ္ဍာဂါရိကယောဆရာတော်ကြီး

No comments:

Post a Comment