![Photo: >>>> သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ <<<<
*********************
အရေးကြီးတဲ့ ဒိဋ္ဌိသုံးမျိုး
********************
ဒိဋ္ဌိသည် သမ္မာဒိဋ္ဌိနှင့် မိစ္ဆာဒိဋ္ဌိဟူ၍ (၂)မျိုးရှိ
၏ ၊ [ သမ္မာ = မှန်ကန်သော + ဒိဋ္ဌိ = အမြင် ၊
မိစ္ဆာ = မှားယွင်းသော+ ဒိဋ္ဌိ = အမြင်] ထို ၂-မျိုး
တွင် ဤနေရာ၌ မိစ္ဆာဒိဋ္ဌိကိုဖော်ပြပါမည် ။
မိစ္ဆာဒိဋ္ဌိအမျိုးအစား (၆၂)ပါး ရှိ၏ ၊ ယင်း(၆၂)
ပါးတို့ကို ချုံးလိုက်လျှင် သဿတဒိဋ္ဌိ ၊ ဥစ္ဆေဒ
ဒိဋ္ဌိ ၊ သက္ကာယဒိဋ္ဌိ - ဤ(၃)မျိုးတွင် အကုန်အ
ကျုံးဝင်ကြသည် ။
၁။ သဿတဒိဋ္ဌိ = ခိုင်သည် မြဲသည်ဟု ယူဆ
သော ဒိဋ္ဌိ ၊
၂။ ဥစ္ဆေဒဒိဋ္ဌိ = ပျက်စီးပြီးလျှင် လုံးဝပြတ်သွား
သည်ဟု ယူဆသော ဒိဋ္ဌိ ၊
၃။ သက္ကာယဒိဋ္ဌိ = အစစ်အမှန်ရှိသော သက္ကာ
ယအပေါ်၌ အစစ်အမှန်မရှိ
သော ပညတ်များ တင်စား
၍ ထင်မှားနေသော ဒိဋ္ဌိ ၊
"ဘယ်လို အထင်မှား အမြင်မှားဖြစ်နေကြသလဲ"
ဆိုလျှင် ငါမဟုတ်ဘဲလျက် ငါထင် ၊ သူမဟုတ်
ဘဲလျက် သူထင် ၊ ယောက်ျားမဟုတ်ဘဲလျက်
ယောက်ျားထင် ၊ မိန်းမ မဟုတ်ဘဲလျက် မိန်းမ
ထင်ခြင်းများသည် အထင်မှား အမြင်မှားများ
ဖြစ်ကြ၏ ။
ပုဂ္ဂိုလ်-သတ္တဝါ-ငါ-သူတပါး-ယောက်ျား-မိန်း
မ-လူ-နတ်-ဗြဟ္မာ စတဲ့ နာမည်တွေ ၊ မောင်ဖြူ
-မောင်နီ-မောင်ညို-မပု-မအု-မနု စတဲ့ နာမည်
တွေဟာ ပညတ်တွေပဲ ၊ အဲဒီပညတ်တွေဆိုတာ
အပေါ်ကတင်ထားတဲ့ ဆိုင်းဘုတ်တွေမျှသာ ဖြစ်
တယ် ၊ တကယ်အစစ်အမှန် မရှိပါဘူး၊ တကယ်
အစစ်အမှန်ရှိတာက ရုပ်နာမ်နှစ်ပါး - ခန္ဓာငါးပါး
မျှသာဖြစ်တယ် ။
အဲဒီ တကယ်အစစ်အမှန်ရှိတဲ့ ရုပ်နာမ်ခန္ဓာ
သက္ကာယအပေါ်မှာ တကယ်အစစ်အမှန်မရှိတဲ့
နာမည်ပညတ်တွေတင်စားပြီးတော့ တင်စားတဲ့
အတိုင်း ထင်မှားနေကြတာက ဒိဋ္ဌိ ။
သက္ကာယနဲ့ ဒိဋ္ဌိနဲ့ပေါင်းတော့ သက္ကာယဒိဋ္ဌိ
ဖြစ်သွားတာပေါ့ ၊ သူဟာ နယ်အကျယ်ဆုံးပဲ ၊
အကုန်လုံးကို ချုံးလိုက်ရင် သက္ကာယဒိဋ္ဌိတစ်လုံး
ပဲ ဖြစ်သွားတော့တယ် ။
မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ (စာ ၊ ၁၈၀-၁၈၁)](https://fbcdn-photos-c-a.akamaihd.net/hphotos-ak-prn1/t1/1620958_432475080231406_628492767_a.jpg)
အရေးကြီးတဲ့ ဒိဋ္ဌိသုံးမျိုး
********************
ဒိဋ္ဌိသည် သမ္မာဒိဋ္ဌိနှင့် မိစ္ဆာဒိဋ္ဌိဟူ၍ (၂)မျိုးရှိ
၏ ၊ [ သမ္မာ = မှန်ကန်သော + ဒိဋ္ဌိ = အမြင် ၊
မိစ္ဆာ = မှားယွင်းသော+ ဒိဋ္ဌိ = အမြင်] ထို ၂-မျိုး
တွင် ဤနေရာ၌ မိစ္ဆာဒိဋ္ဌိကိုဖော်ပြပါမည် ။
မိစ္ဆာဒိဋ္ဌိအမျိုးအစား (၆၂)ပါး ရှိ၏ ၊ ယင်း(၆၂)
ပါးတို့ကို ချုံးလိုက်လျှင် သဿတဒိဋ္ဌိ ၊ ဥစ္ဆေဒ
ဒိဋ္ဌိ ၊ သက္ကာယဒိဋ္ဌိ - ဤ(၃)မျိုးတွင် အကုန်အကျုံးဝင်ကြသည် ။
၁။ သဿတဒိဋ္ဌိ = ခိုင်သည် မြဲသည်ဟု ယူဆ
သော ဒိဋ္ဌိ ၊
၂။ ဥစ္ဆေဒဒိဋ္ဌိ = ပျက်စီးပြီးလျှင် လုံးဝပြတ်သွား
သည်ဟု ယူဆသော ဒိဋ္ဌိ ၊
၃။ သက္ကာယဒိဋ္ဌိ = အစစ်အမှန်ရှိသော သက္ကာ
ယအပေါ်၌ အစစ်အမှန်မရှိ
သော ပညတ်များ တင်စား
၍ ထင်မှားနေသော ဒိဋ္ဌိ ၊
"ဘယ်လို အထင်မှား အမြင်မှားဖြစ်နေကြသလဲ"
ဆိုလျှင် ငါမဟုတ်ဘဲလျက် ငါထင် ၊ သူမဟုတ်
ဘဲလျက် သူထင် ၊ ယောက်ျားမဟုတ်ဘဲလျက်
ယောက်ျားထင် ၊ မိန်းမ မဟုတ်ဘဲလျက် မိန်းမ
ထင်ခြင်းများသည် အထင်မှား အမြင်မှားများ
ဖြစ်ကြ၏ ။
ပုဂ္ဂိုလ်-သတ္တဝါ-ငါ-သူတပါး-ယောက်ျား-မိန်း
မ-လူ-နတ်-ဗြဟ္မာ စတဲ့ နာမည်တွေ ၊ မောင်ဖြူ
-မောင်နီ-မောင်ညို-မပု-မအု-မနု စတဲ့ နာမည်
တွေဟာ ပညတ်တွေပဲ ၊ အဲဒီပညတ်တွေဆိုတာ
အပေါ်ကတင်ထားတဲ့ ဆိုင်းဘုတ်တွေမျှသာ ဖြစ်
တယ် ၊ တကယ်အစစ်အမှန် မရှိပါဘူး၊ တကယ်
အစစ်အမှန်ရှိတာက ရုပ်နာမ်နှစ်ပါး - ခန္ဓာငါးပါး
မျှသာဖြစ်တယ် ။
အဲဒီ တကယ်အစစ်အမှန်ရှိတဲ့ ရုပ်နာမ်ခန္ဓာ
သက္ကာယအပေါ်မှာ တကယ်အစစ်အမှန်မရှိတဲ့
နာမည်ပညတ်တွေတင်စားပြီးတော့ တင်စားတဲ့
အတိုင်း ထင်မှားနေကြတာက ဒိဋ္ဌိ ။
သက္ကာယနဲ့ ဒိဋ္ဌိနဲ့ပေါင်းတော့ သက္ကာယဒိဋ္ဌိ
ဖြစ်သွားတာပေါ့ ၊ သူဟာ နယ်အကျယ်ဆုံးပဲ ၊
အကုန်လုံးကို ချုံးလိုက်ရင် သက္ကာယဒိဋ္ဌိတစ်လုံး
ပဲ ဖြစ်သွားတော့တယ် ။
မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ (စာ ၊ ၁၈၀-၁၈၁)
No comments:
Post a Comment