Pages

Thursday, March 6, 2014

**** အရေးကြီးတဲ့ ဒိဋ္ဌိသုံးမျိုး ****

Photo: >>>> သဗ္ဗဒါနံ  ဓမ္မဒါနံ  ဇိနာတိ <<<<
          *********************

အရေးကြီးတဲ့ ဒိဋ္ဌိသုံးမျိုး
********************

     ဒိဋ္ဌိသည်  သမ္မာဒိဋ္ဌိနှင့် မိစ္ဆာဒိဋ္ဌိဟူ၍ (၂)မျိုးရှိ
၏ ၊   [ သမ္မာ = မှန်ကန်သော +   ဒိဋ္ဌိ =  အမြင် ၊
မိစ္ဆာ = မှားယွင်းသော+ ဒိဋ္ဌိ = အမြင်] ထို ၂-မျိုး
တွင်  ဤနေရာ၌  မိစ္ဆာဒိဋ္ဌိကိုဖော်ပြပါမည် ။

     မိစ္ဆာဒိဋ္ဌိအမျိုးအစား (၆၂)ပါး ရှိ၏ ၊ ယင်း(၆၂)
ပါးတို့ကို   ချုံးလိုက်လျှင်   သဿတဒိဋ္ဌိ ၊   ဥစ္ဆေဒ
ဒိဋ္ဌိ ၊   သက္ကာယဒိဋ္ဌိ -  ဤ(၃)မျိုးတွင်   အကုန်အ
ကျုံးဝင်ကြသည် ။

၁။   သဿတဒိဋ္ဌိ =  ခိုင်သည်  မြဲသည်ဟု  ယူဆ
                               သော  ဒိဋ္ဌိ ၊
၂။   ဥစ္ဆေဒဒိဋ္ဌိ = ပျက်စီးပြီးလျှင်  လုံးဝပြတ်သွား
                         သည်ဟု  ယူဆသော  ဒိဋ္ဌိ ၊
၃။   သက္ကာယဒိဋ္ဌိ = အစစ်အမှန်ရှိသော   သက္ကာ
                              ယအပေါ်၌  အစစ်အမှန်မရှိ
                              သော ပညတ်များ   တင်စား
                              ၍  ထင်မှားနေသော  ဒိဋ္ဌိ ၊

"ဘယ်လို  အထင်မှား အမြင်မှားဖြစ်နေကြသလဲ"
ဆိုလျှင်  ငါမဟုတ်ဘဲလျက်  ငါထင် ၊    သူမဟုတ်
ဘဲလျက်  သူထင် ၊     ယောက်ျားမဟုတ်ဘဲလျက်
ယောက်ျားထင် ၊   မိန်းမ မဟုတ်ဘဲလျက်   မိန်းမ
ထင်ခြင်းများသည်    အထင်မှား    အမြင်မှားများ
ဖြစ်ကြ၏ ။

     ပုဂ္ဂိုလ်-သတ္တဝါ-ငါ-သူတပါး-ယောက်ျား-မိန်း
မ-လူ-နတ်-ဗြဟ္မာ စတဲ့  နာမည်တွေ ၊  မောင်ဖြူ
-မောင်နီ-မောင်ညို-မပု-မအု-မနု စတဲ့   နာမည်
တွေဟာ  ပညတ်တွေပဲ ၊  အဲဒီပညတ်တွေဆိုတာ
အပေါ်ကတင်ထားတဲ့  ဆိုင်းဘုတ်တွေမျှသာ ဖြစ်
တယ် ၊  တကယ်အစစ်အမှန် မရှိပါဘူး၊   တကယ်
အစစ်အမှန်ရှိတာက  ရုပ်နာမ်နှစ်ပါး - ခန္ဓာငါးပါး
မျှသာဖြစ်တယ် ။

     အဲဒီ   တကယ်အစစ်အမှန်ရှိတဲ့   ရုပ်နာမ်ခန္ဓာ
သက္ကာယအပေါ်မှာ    တကယ်အစစ်အမှန်မရှိတဲ့
နာမည်ပညတ်တွေတင်စားပြီးတော့   တင်စားတဲ့
အတိုင်း  ထင်မှားနေကြတာက  ဒိဋ္ဌိ ။

     သက္ကာယနဲ့ ဒိဋ္ဌိနဲ့ပေါင်းတော့     သက္ကာယဒိဋ္ဌိ
ဖြစ်သွားတာပေါ့ ၊    သူဟာ   နယ်အကျယ်ဆုံးပဲ ၊
အကုန်လုံးကို ချုံးလိုက်ရင်   သက္ကာယဒိဋ္ဌိတစ်လုံး
ပဲ  ဖြစ်သွားတော့တယ် ။

မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ  (စာ ၊ ၁၈၀-၁၈၁)

 အရေးကြီးတဲ့ ဒိဋ္ဌိသုံးမျိုး
******************** 

ဒိဋ္ဌိသည် သမ္မာဒိဋ္ဌိနှင့် မိစ္ဆာဒိဋ္ဌိဟူ၍ (၂)မျိုးရှိ
၏ ၊ [ သမ္မာ = မှန်ကန်သော + ဒိဋ္ဌိ = အမြင် ၊
မိစ္ဆာ = မှားယွင်းသော+ ဒိဋ္ဌိ = အမြင်] ထို ၂-မျိုး
တွင် ဤနေရာ၌ မိစ္ဆာဒိဋ္ဌိကိုဖော်ပြပါမည် ။



မိစ္ဆာဒိဋ္ဌိအမျိုးအစား (၆၂)ပါး ရှိ၏ ၊ ယင်း(၆၂)
ပါးတို့ကို ချုံးလိုက်လျှင် သဿတဒိဋ္ဌိ ၊ ဥစ္ဆေဒ
ဒိဋ္ဌိ ၊ သက္ကာယဒိဋ္ဌိ - ဤ(၃)မျိုးတွင် အကုန်အကျုံးဝင်ကြသည် ။

၁။ သဿတဒိဋ္ဌိ = ခိုင်သည် မြဲသည်ဟု ယူဆ
သော ဒိဋ္ဌိ ၊
 

၂။ ဥစ္ဆေဒဒိဋ္ဌိ = ပျက်စီးပြီးလျှင် လုံးဝပြတ်သွား
သည်ဟု ယူဆသော ဒိဋ္ဌိ ၊
 

၃။ သက္ကာယဒိဋ္ဌိ = အစစ်အမှန်ရှိသော သက္ကာ
ယအပေါ်၌ အစစ်အမှန်မရှိ
သော ပညတ်များ တင်စား
၍ ထင်မှားနေသော ဒိဋ္ဌိ ၊

"ဘယ်လို အထင်မှား အမြင်မှားဖြစ်နေကြသလဲ"
ဆိုလျှင် ငါမဟုတ်ဘဲလျက် ငါထင် ၊ သူမဟုတ်
ဘဲလျက် သူထင် ၊ ယောက်ျားမဟုတ်ဘဲလျက်
ယောက်ျားထင် ၊ မိန်းမ မဟုတ်ဘဲလျက် မိန်းမ
ထင်ခြင်းများသည် အထင်မှား အမြင်မှားများ
ဖြစ်ကြ၏ ။

ပုဂ္ဂိုလ်-သတ္တဝါ-ငါ-သူတပါး-ယောက်ျား-မိန်း
မ-လူ-နတ်-ဗြဟ္မာ စတဲ့ နာမည်တွေ ၊ မောင်ဖြူ
-မောင်နီ-မောင်ညို-မပု-မအု-မနု စတဲ့ နာမည်
တွေဟာ ပညတ်တွေပဲ ၊ အဲဒီပညတ်တွေဆိုတာ
အပေါ်ကတင်ထားတဲ့ ဆိုင်းဘုတ်တွေမျှသာ ဖြစ်
တယ် ၊ တကယ်အစစ်အမှန် မရှိပါဘူး၊ တကယ်
အစစ်အမှန်ရှိတာက ရုပ်နာမ်နှစ်ပါး - ခန္ဓာငါးပါး
မျှသာဖြစ်တယ် ။

အဲဒီ တကယ်အစစ်အမှန်ရှိတဲ့ ရုပ်နာမ်ခန္ဓာ
သက္ကာယအပေါ်မှာ တကယ်အစစ်အမှန်မရှိတဲ့
နာမည်ပညတ်တွေတင်စားပြီးတော့ တင်စားတဲ့
အတိုင်း ထင်မှားနေကြတာက ဒိဋ္ဌိ ။

သက္ကာယနဲ့ ဒိဋ္ဌိနဲ့ပေါင်းတော့ သက္ကာယဒိဋ္ဌိ
ဖြစ်သွားတာပေါ့ ၊ သူဟာ နယ်အကျယ်ဆုံးပဲ ၊
အကုန်လုံးကို ချုံးလိုက်ရင် သက္ကာယဒိဋ္ဌိတစ်လုံး
ပဲ ဖြစ်သွားတော့တယ် ။

မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ (စာ ၊ ၁၈၀-၁၈၁)

No comments:

Post a Comment