Pages

Saturday, March 29, 2014

*** ပညာနှင့်ဗဟုသုတ ****



ပညာနှင့်ဗဟုသုတ
-------------------

တရားဂုဏ်တော်များတွင်
အကာလိကော အခါမလင့်
အကျိုးပေးတတ်၏ဟု ပါရှိရာ
အခါမလင့် အကျိုးပေးခြင်းဟူသည်။

အသိဥာဏ်တစ်ခုကို
ရလိုက်သည်နှင့် တစ်ပြိုက်နက်
မိမိ၏ သဏ္ဍာန်၌
ဆိုင်ရာကိလေသာ ဒုစရိုက်များကို
ပယ်ရှားခြင်းပင် ဖြစ်သည်ဟု
မိုးကုတ်ဆရာတော်ကြီးက မိန့်၏။

အကယ်၍ ထိုကဲ့သို့
ကိလေသာဒုစရိုက်များကို
ပယ်ရှားခြင်း မပြုပါက
ထိုအသိဥာဏ်သည်
စစ်မှန်သော ပညာမဟုတ်
ဗဟုသုတသာ ဖြစ်၏။

ပညာစစ်စစ်ဖြစ်ပါက
အကာလိကောဟူသော
တရားဂုဏ်တော်အရ
ကိလေသာဒုစရိုက်များကို
သိသည်နှင့် တစ်ပြိုက်နက်
ချက်ချင်းပယ်နိုင်၏။

ဗဟုသုတဖြစ်ပါက
ကိလေသာဒုစရိုက်များကို
သိသည်နှင့် တစ်ပြိုင်နက်
ချက်ချင်းတိုးပွားနိုင်၏။

ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်လာ သိက္ခာပုဒ်ပညတ်ရန် ရှင်သာရိပုတ္တရာက မြတ်စွာဘုရားအား တောင်းပန်ခန်း၌
 မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား " ဗဟုသုတများခြင်းသည် ကိလေသာ ဒုစရိုက်ပွားစီးခြင်း၏ အကြောင်းဖြစ်သည် "ဟု ဟောတော်မူခြင်းဖြစ်၏။
----------------------------------

(မေတ္တာရှင်-ရွှေပြည်သာ)

No comments:

Post a Comment