Pages

Saturday, March 22, 2014

*** ကံပေးတဲ့ဘဝ ချက်ချင်းရ ****



 ကံပေးတဲ့ဘဝ ချက်ချင်းရ 
********************

ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် လို့
နိမိတ်သုံးမျိုး ကွဲနေပေမယ့်
လိုရင်းကတော့ ကံပါပဲ။

ကုသိုလ်ကံ၊
ကောင်းကံနဲ့ သေရင်
သုဂတိဘဝ၊
ကောင်းတဲ့ဘဝကို
ချက်ခြင်းရောက်ပြီး
အကုသိုလ်ကံ၊
ဆိုးကံနဲ့ သေရင်
ဒုဂ္ဂတိဘဝ၊
ဆိုးတဲ့ဘဝကို
ချက်ချင်းရောက်ပါတယ်။

သေခံနီးထင်လာတဲ့ ကံနဲ့
သက်ဆိုင်တဲ့ဘဝကို
စက္ကန့်မခြား တန်းရောက်တာမို့
ဘယ်တန်ခိုးရှင်၊
ဘယ်ယမမင်းထံမှ
အစီရင်ခံစာသွားတင်ပြီး
အင်တာဗျူး လုပ်နေစရာ
မလိုပါဘူး။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

No comments:

Post a Comment