Pages
▼
***** မိုးရွာတုန်းရေခံ *****
ယခင်အပတ်
နှစ်ကူးတရားစခန်းဝင်စဉ်က မိုးအနည်းငယ်ရွာသွန်းခဲ့ ပါတယ်။ တရားဟောမယ့်
အချိန်ကလည်း နီးကပ်နေတော့ တရားနာသွားရောက်ခဲ့ပါတယ်။ မိုးက ရွာတုန်းမို့
ဆရာတော်က မိုးရွာတုန်းရေခံ ဆိုတဲ့ တရားကိုလိုက်ဖက်အောင် ဟောကြားခဲ့ ပါတယ်။
ယခု လူဖြစ်တုန်းမှာ ၊ ထောင်နိုင်သော နားလည်း ပါတုန်း၊ အယူဖြောင့်တုန်း၊
ဆရာသမားကောင်းနှင့် တွေ့တုန်း၊ကျန်းမာတုန်း၊ သာသနာနဲ့ တွေ့ တုန်းမှာ
ရွာနေသာ သာသနာမိုးကို ခံယူကြပါ။
မိုးတွေ ဘယ်လောက်ရွာရွာ ခံစရာခွက်၊စည်၊ ကန် မရှိရင်( မခံ ယူရင် ) ထိုမိုးရေ
များဟာ မြောင်းတွေ၊ချောင်းတွေ နဲ့ မြေကြီးထဲကို ကျရောက်ပြီး
မိုးတိတ်ချိန်မှာ ပျောက်ကွယ်သွားမှာပါ။
ထို့ အတူဘဲ သာသနာဟူသောမိုးနှင့်
ကြုံကြိုက်တုန်း ခံယူစရာဖြစ်တဲ့ ၀ိပသနာတရားနှင့် တကွ သာသနာတွင်း
ဒါန၊သီလ၊ဘာဝနာ များကို မိမိ၏ ဥာဏ်၊၀ီရိယ ကြိုးစား အားထုတ်မှု ဖြင့်
ဆရာသမားကောင်းထံတွင် ချဉ်းကပ်ပါက ၀ိပသနာဥာဏ်မိုးရေစက်များကို
အချိန်မီ စုဆောင်းနိုင်ပါတယ်။
မိုးရေစက်များကို တစ်စက်မက
တစ်စက်စုဆောင်းပါက မိုးရေများပြည့်လာသကဲ့သို့ အမှတ်သတိဖြင့် တစ်ချက်မှတ်
တစ်ချက် ၀ိပသနာဥာဏ်ကို အရောက် တက်လှမ်း နိုင်ပါတယ်။ ထို့ အတူ အိနြေ္ဒများ
ရင့်ကျက်လာပြီး ပါရမီများပြည့်သောအခါ မဂ်၊ဖိုလ် တည်းဟုသော
ရေပြည့်ရေလျှံများကို ရယူ သုံးစွဲ ခံစားနိုင်မည် ဖြစ်သောကြောင့်
မိုးရွာတုန်း ရေခံကြပါရန် တိုက်တွန်းလိုက်ရပါတယ်။
ဆရာတော်အား ဓမ္မစာစုကို ပြန်လည် ဝေမျှခြင်းဖြင့် ကျေးဇူးဆပ်ပါ၏။
မေတ္တာဖြင့်
မနန်းမွန်း( အနှိုင်းမဲ့စာတိုပေစများ) မှ ကူးယူမျှဝေသည်။
No comments:
Post a Comment