Pages

Wednesday, March 19, 2014

++++++ သူငယ်ချင်းကောင်းလက္ခဏာ (၅)ပါး +++++

 
သူငယ်ချင်းကောင်းလက္ခဏာ (၅)ပါး
=====================

( ၁ ) ကိုယ့်သူငယ်ချင်းတွေကို တတ်နိုင်တာ ပေးကမ်းဝေငှ သုံးစွဲစေခြင်း။
 

(၂ ) ဆင်းရဲလည်းအတူတူ ချမ်းသာလည်းအတူတူ တန်းတူဆက်ဆံစေခြင်း။

(၃ ) ကိုယ့်သူငယ်ချင်းရဲ့ အကျိုးကို လိုလိုလားလား ဆောင်ရွက်ပေးခြင်း။
 

(၄ ) စကားပြောတဲ့အခါ ချိုချိုသာသာ ပြောဆိုဆက်ဆံခြင်း။
 

(၅ ) ကိုယ့်သူငယ်ချင်း အပေါ်မှာ ဂတိသစ္စာရှိခြင်း။

သူငယ်ချင်း ကောင်းဆိုရင် ဒီ ကျင့်ဝတ်(၅)ပါး နဲ့ ပြည့်စုံရမယ်။

သူငယ်ချင်းယုတ်ရဲ့ လက္ခဏာ (၄) မျိုး

( ၁ ) ကိုယ့်သူငယ်ချင်းကို ဘာမှမပေးဘဲ ကိုယ်ကသာယူဖို့သိတဲ့သူငယ်ချင်း၊
 

( ၂ ) အပြောသာကောင်းပြီး လက်တွေ့ မပါတဲ့ သူငယ်ချင်း၊
 

( ၃ )တစ်ဘက်သား အကြိုက်ကို လိုက်ပြောပြီး ပေါင်းတတ်တဲ့ သူငယ်ချင်း၊
 

( ၄ ) ပျက်ဆီးရာပျက်ဆီးကြောင်းတွေပဲပြောပြီး ဆွဲဆောင်တတ်တဲ့သူငယ်ချင်း၊

ဒီ လေးမျိုးကတော့ တစ်သက်လုံး ရှောင်ကြဉ်ရမည့် သူငယ်ချင်းယုတ်တွေပဲ ဖြစ်ပါတယ်။

Credit to ပုဂံအွန်လိုင်းမီဒီယာ
Photo by ပျိုမေတို့သိစေဖို့

မိတ်ဆွေများကို ပြန်လည်မျှဝေပေးဖို့ မမေ့ကြနဲ့နော်။

No comments:

Post a Comment