Pages

Thursday, March 13, 2014

**** စေတနာထက်သန်ပုံ ကွာခြားပုံ။ ***

        လှူ ဖွယ်ပစ္စည်းနည်းနည်းကို လှူဖို့ရန်နှင့် လှူဖွယ်ပစ္စည်းများများ ကြီးကြီးကျယ်ကျယ်လှူ ဖို့ရန် အားထုတ်ရာ၌လည်း အားထုတ်မှု လုံ့လချင်း မတူညီကြချေ။
နည်းနည်းလှူ ဖို့ရန် အား
ထုတ်ရာ၌ တစ်ခဏနှင့်ကိစ္စပြီး၏။ ကြီးကြီးကျယ်ကျယ် များများလှူဖို့ အားထုတ်ရာ၌ကား အလှူ
ဝတ္ထု များပြားကြီးကျယ်သလောက် အချိန်ကြာ၏။ လှူဖို့ရန် ပစ္စည်းကို ရှာဖွေစုဆောင်းခိုက်မှာ
လည်း မလှူမီ ရှေးအဖို့၌ ပုဗ္ဗစေတနာတွေ တော်များစွာ ဖြစ်နေ၏။ ထို့ကြောင့် နည်းနည်းအလှူ
နှင့် များများအလှူ ၂ မျိုး၌ ပုဗ္ဗစေတနာချင်း ယှဉ်ပြိုင်ကြည့်လျှင် များများအလှူက သာလွန်
ကြောင်း သိသာပေ၏။ ပေးလှူနေတုန်း အခါမှာလည်း အများကြီး လှူနေရသူမှာ အာရုံက ကြီး
ကျယ်ခမ်းနားသလောက် စေတနာလည်း ခမ်းနားကြီးကျယ်နိုင်သည်။ ထို့ကြောင့် လှူနေတုန်း
“မုဉ္စစေတနာ” အခိုက်မှာလည်း အကြီးအကျယ် အများအပြား သားသားနားနား အလှူ၌သာ စေ
တနာ ထက်သန်ပုံ သာလွန်ဖွယ် ရှိပေသည်။


         လှူဒါန်းပြီးနောက် ၀မ်းမြောက်ဝမ်းသာ “အပရစေတနာ” ဖြစ်ဖို့ရန်လည်း ကြီးကျယ်ခမ်း
နားသော မိမိအလှူကြီးကို ပြန်၍မှန်းလိုက်လျှင် အင်မတန် ၀မ်းမြောက်ကြပေသည်။ ထို့ကြောင့်
“အပရစေတနာ” အခိုက်မှာလည်း ကြီးကျယ်သော အလှူကို အာရုံပြုရသော စိတ်စေတနာက
သာ၍ ထက်သန်တတ်လေသည်။ ဤကား အများဖြစ်ရိုးပင် ဖြစ်သည်။ ။


{အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်
 အဘိဓမ္မာမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ ။}


    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)


 “ဆုတောင်းပတ္တနာ”


ဓမ္မဒါန၊ ဤပုညကြောင့်၊


ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊


ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊


အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊


လျင်စွာရစေ၊ တောင်းဆုခြွေသည်၊


မသွေပြည့်ဝပါစေသော်။ ။


     ဦးသိန်းဝေ။

 ဓမ္မနဒီ ဆိုဒ်တွင်လည်း ၀င်ရောက် ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment